ဒုတိယအကြိမ် လွှတ်တော်ခေါ်ယူကျင်းပ ဖွဲ့စည်းနိုင်သည်အထိ စီစဉ်ဆောင်ရွက်ပေးမည်ဟု သူရဦးရွှေမန်းပြော

ဒုတိယအကြိမ် လွှတ်တော်ခေါ်ယူကျင်းပ ဖွဲ့စည်းနိုင်သည်အထိ စီစဉ်ဆောင်ရွက်ပေးမည်ဟု သူရဦးရွှေမန်းပြော
by -
မဇ္ဈိမ
ဒုတိယအကြိမ်လွှတ်တော်သက်တမ်းအတွက် လွှတ်တော်များ ခေါ်ယူကျင်းပ ဖွဲ့စည်းနိုင်သည်အထိ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးမည်ဟု ပြည်ထောင်စု လွှတ်တာ် နာယက သူရဦးရွှေမန်းက လွှတ်တော်ပြန်လည်စတင် သည့် နိုဝင်ဘာ ၁၆ရက်နေ့က ပြည်ထောင်စု လွှတ်တော်တွင် နှုတ်ခွန်းဆက်စကား ပြောကြားရာ၌ ထည့်သွင်းပြောလိုက်သည်။

ဖွဲ့စည်းပုံ အခြေခံဥပေဒအရ ပထမအကြိမ် လွှတ်တော်သက်တမ်းသည် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။ လက်ရှိ ပထမအကြိမ် ကျင်းပနေသည့် လွှတ်တော် သက်တမ်းသည် (၂)လသာ ကျန်ရှိတော့သည်။

“ကျွန်တော့်အနေနဲ့ ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွက် လွှတ်တော်များ ခေါ်ယူဖွဲ့စည်း အချိန်အထိ ဆောင်ရွက်ပေးဖို့ရှိတဲ့ ကိစ္စရပ်များကို သက်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ စနစ်တကျ အစီအစဉ်ရှိရှိ ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါ တယ်"ဟု သူရ ဦးရွှေမန်းက ပြောသည်။

ယခုပြည်ထောင်စုလွှတ်တော်၌  ၎င်း အပါအဝင် လက်ရှိလွှတ်တော်ကိုယ်စားလှယ် အများအပြားသည် ဒုတိယအကြိမ် လွှတ်တော်သက်တမ်း၌ ပါလာရန် မရှိတော့သော်လည်း လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အစ၊အလယ်မှအဆုံအထိ စိတ်ကောင်း၊ စေတနာကောင်းနှင့် ကြိုးပမ်းအားထုတ်ပြီး စံနမှုနာ ကောင်းများကို ခိုင်ခိုင်မာမာထာရှိခဲ့ရန် လိုအပ်ကြောင်ပြောကြားခဲ့သည်။

ထို့အပြင် ရွေးကောက်ပွဲအပြီး ကာလများ၌ နိုင်ငံတော်အတွက် ကျန်ရှိနေသည့် လုပ်ငန်းတာဝန်များကို တည်ငြိမ်အေးချမ်းစွာ ဆောင် ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့၊ တပ်မတော်တို့နှင့် ပူးပေါင်းဆောင်ရွက် မည်ဖြစ်ကြောင်းလည်း သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

“ပြည်ထောင်စုလွှတ်တော်ဟာ ပြည်သူ့ကိုယ်စားလှယ်များနဲ့ ဖွဲ့စည်းထားတဲ့ ပြည်သူအားလုံးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းဖြစ်တာနဲ့ အညီ ပြည်သူများအပေါ် ထားရှိရမည့် ကတိသစ္စာတရားကို အမြဲတမ်း မဖောက်မပြန် အလေးထားဆောင်ရွက်ပေးနိုင်မယ့် အခွင့်အလမ်းကို ဆွေးနွေး အဖြေရှာ ဖော်ထုတ်ပေးနိုင်တဲ့ တစ်ခုတည်းသော နေရာဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် များ အားလုံးခံယူထားကြရမှာဖြစ်ပါတယ်"ဟု နာယက သူရဦးရွှေမန်းက ပြည်ထောင်စု လွှတ်တော်၌ ပြောကြားခဲ့သည်။

ပြည်ထောင်စုလွှတ်တော်အစည်း အဝေးခန်းမဆောင်၌ နိုဝင်ဘာလ(၁၆) ရက် နေ့လည်ပိုင်းက ကျင်းပခဲ့သည့် ပထမအကြိမ်၊ပြည်ထောင်စုလွှတ်တော်(၁၃)ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ ပထမနေ့၌ အစည်းအဝေးတက်ရောက် ခွင့်ရှိသည့် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးရေ (၆၃၂)ဦးအနက် ကိုယ်စားလှယ် (၅၈၀)ဦး တက်ရောက်ခဲ့သည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...