“ဘယ်သူတွေ ဘာပြောပြော မားမားမတ်မတ်လုပ်မယ်ဆိုပြီးတော့ ကျွန်တော် ဒီလိုဆုံးဖြတ်ခဲ့တာပါ” ဟု ဦးတင်အေးက ပြောသည်။
၎င်းအပေါ်ဝေဖန်ခံခဲ့ရမှုများ ခံရချိန်၌ အရှင်ဇနကာဘိဝံသ၏ အများအကျိူး လင်္ကာကို လက်ကိုင်ထား၍ ပြည်သူလူထုအကျိုး ကိုဆောင်ရွက်နေသည်ဟု မှတ်ယူပြီး မိမိကိုယ်ကို တည့်မတ်နိုင်ခဲ့ကြောင်းနှင့် ဝေဖန်မှုများအပေါ် မည်သို့မျှမပြောလိုကြောင်း ဦးတင်အေးက သတင်းထောက်များကို ပြောသည်။
ဥက္ကဋ္ဌ ဦးတင်းအေးက အရှင်ဇနကာဘိ၀ံသ၏ လင်္ကာကိုလည်း ရှင်းလင်းပွဲ၌ သတင်းထောက်များ ကိုလည်း ရွတ်ဆိုပြသွားခဲ့ပြီး ၎င်း၏ ရွေးကောက်ပွဲအတွက် လုပ်ဆောင်မှုများ၌ ဝေဖန်ပြစ်တင်မှု များသည် နစ်နာနိုင်ပြီး ပူးပေါင်းဆောင်ရွက်မှုသည် အကောင်းဆုံးလို့ မြင်ကြောင်း ပြောကြားခဲ့သည်။
ထို့အပြင် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်းအေးက ယခုရွေးကောက်ပွဲအောင်မြင်မှုအတွက် ၎င်းကို ကျေးဇူး မတင်စေချင်ကြောင်းနှင့် ကော် မရှင်အဖွဲ့ဝင်များနှင့် အဖွဲ့ခွဲများ၊ မဲရုံအဖွဲ့ဝင်များ၏ ကြိုးစားအား ထုတ်မှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော်က ကိုယ့်ဂုဏ်ကို ကိုယ်ဖော်ရမှ အင်မတန်ရှက်တာ၊ ကျွန်တော်ကလည်း ကောင်းတယ်လို့ မပြောပါဘူး၊ သူများတွေကောင်းတယ်လို့ပြောတော့ ကျွန်တော်လည်း ကောင်းတယ်လို့ ယူဆပါတယ်။ ကောင်းတယ်ဆိုလို့ရှိလျင်လည်း ကျွန်တော်ကို ကျေးဇူးမတင်ပါနဲ့။ ကျွန်တော့် ကော်မရှင်အဖွဲ့ဝင်တွေနဲ့ အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲတွေနဲ့ ကြိုးစားမှုကြောင့်၊ ကျွန်တော်ရဲ့ မဲရုံဝန်ထမ်းတွေ ကြိုစားမှု ကြောင့် ဖြစ်ပါတယ်၊ ဒီလိုပဲပြောရမယ်” ဟု ဦးတင်အေးက ဆိုသည်။
ပြည်ထောင်စုရွေကောက်ပွဲကော်မရှင်မှ ရွေကောက်ပွဲအနိုင်ရလာဒ်များကို နိုဝင်ဘာ ၉ ရက် ညနေပိုင်းမှစ၍ နို၀င်ဘာ ၁၅ ရက်နေ့၊ ညနေပိုင်းအထိ မီဒီယာစင်တာမှ တရားဝင် ထုတ်ပြန်ကြေညာခဲ့ရာ (၉၉) ရာခိုနှုန်းကြောညာခဲ့ပြီးဖြစ်သည်။







