NLD အစိုးရဖွဲ့ဖို့ အမတ် ၂ဦးသာ အနိုင်ရဖို့ လိုအပ်တော့

NLD အစိုးရဖွဲ့ဖို့ အမတ် ၂ဦးသာ အနိုင်ရဖို့ လိုအပ်တော့
by -
မဇ္ဈိမ
အနိုင်ရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့်တိုင်းလွှတ်တော်အသီးသီးတို့တွင် အနိုင်ရအမတ်လောင်းများ ကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ကြေငြာခဲ့ရာမှ နိုဝင်ဘာ ၁၂ရက်၊ ည ၉နာရီအချိန်ထိ ထုတ်ပြန်ကြေငြာချက် များအရ အပြတ်အသတ် အနိုင်ရရှိနေ သည့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD)က အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ရန် အမတ်လောင်း ၂ဦး အနိုင်ရရှိရန်သာ လိုအပ်တော့သည်။

အစိုးရတစ်ရပ်ဖွဲ့နိုင်ရန်မှာ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ်နေရာတွင် အမတ် ၆၅၇ ဦး ၏ ထက်ဝက်ကျော်ဖြစ်သော ၃၂၉ဦး လိုအပ်မည်ဖြစ်ပြီး လက်ရှိထုတ်ပြန်ပြီးသည့် အချိန်တွင် NLDပါတီက ၃၂၇ဦး အနိုင်ရရှိထားခြင်း ဖြစ်သည်။

အနိုင်ရအမတ်များ ထပ်မံထုတ်ပြန်ရန် ပြည်သူ့လွှတ်တော်တွင် အမတ် ၄၇ဦး၊ အမျိုးသား လွှတ်တော်တွင် ၃၅ဦး စုစုပေါင်း ၈၂ဦး ထုတ်ပြန်ကြေငြာရန် ကျန်နေသေးသည်။

result copy

“ကျွန်တော်တို့ကော်မရှင်အနေနဲ့ ရလဒ်တွေကို မြန်မြန်ဆန်ဆန်နဲ့ မှန်မှန်ကန်ကန်ဖြစ်အောင် ဆောင်ရွက်နေပါ တယ်”ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဖွဲ့ဝင်ဖြစ်သူ ဦးမြင့်နိုင်က နိုဝင်ဘာ ၁၂ရက်၊ ညနေ ၄နာရီတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

အခြားတစ်ဖက်တွင်မူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လက်ရှိကြေညာထားသော အနိုုင်ရ အမတ်လောင်းများအား ရှုံုးနိမ့်သွားသည့် ပြိုင်ဘက်ပါတီအမတ်များက ကြေညာပြီး ၄၅ ရက်အတွင်း တရားမျှတမှုမရှိဘဲ အနိုင်ရရှိသည်ဟုဆိုကာ တိုင်ကြားခွင့်ရှိသည်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ အတည်ပြုထုတ်ချက်များအရ နိုဝင်ဘာ ၁၂ ရက်နေ့၊ ည ၉နာရီထိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် ပြည်နယ်နှင့် တိုင်း လွှတ်တော်များ၌ အနိုင်ရ လွှတ်တော်အမတ် အရေအတွက်နှင့် ပါတီများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)
ပြည်သူ့လွှတ်တော် - ၂၁၇
အမျိုးသားလွှတ်တော် - ၁၁၀
တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော် - ၃၈၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)
ပြည်သူ့လွှတ်တော် - ၂၈
အမျိုးသား လွှတ်တော် - ၁၂
တိုင်းဒေသကြီး/ ပြည်နယ် - ၅၄

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD)
ပြည်သူ့လွှတ်တော် - ၁၂
အမျိုးသားလွှတ်တော် - ၃
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် - ၂၆

ရခိုင်အမျိုးသားပါတီ
ပြည်သူ့လွှတ်တော် - ၄
အမျိုးသားလွှတ်တော် - ၂                                                      
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၃

ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်
ပြည်သူ့လွှတ်တော် - ၂
အမျိုးသားလွှတ်တော် - ၂
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် - ၂

ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်
ပြည်သူ့လွှတ်တော် - ၃
အမျိုးသားလွှတ်တော် - ၁
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် - ၆

'ဝ' ဒီမိုကရက်တစ်ပါတီ
ပြည်သူ့လွှတ်တော် - ၁
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် - ၂

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ
ပြည်သူ့လွှတ်တော် - ၁
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် - ၃

တအာင်း(ပလောင်) အမျိုးသားပါတီ
ပြည်သူ့လွှတ်တော် - ၃
အမျိုးသားလွှတ်တော် - ၁
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် - ၆

ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ
ပြည်သူ့လွှတ်တော် - ၁
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် - ၁

မွန်အမျိုးသားပါတီ
အမျိုးသားလွှတ်တော် - ၁
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် - ၁ + ၁

ကရင်ပြည်သူ့ပါတီ
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် - ၁

တစ်သီးပုဂ္ဂလ
ပြည်သူ့လွှတ်တော် - ၁
အမျိုးသားလွှတ်တော် - ၁                                                  

တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် ၁

စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် - ၁

ဒီမိုကရက်တစ်ပါတီ (မြန်မာ)
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် - ၁
   
မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော် - ၁

လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ
တိုုင်းဒေသကြီး/ပြည်နယ်လွှတ်တော်   -  ၁

‘၀’အမျိုးသားစည်းလုံးညီညွှတ်ရေးပါတီ
တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်   -  ၁

လီဆူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဒူးလေးပါတီ)
ပြည်သူ့လွှတ်တော် - ၁

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...