လှိုင်သာယာတွင် မဲရုံမှူးကို ဖိအားပေးပြီး မဲပေးမှုဖြစ်ပွားဟု ကော်မရှင်ပြော

လှိုင်သာယာတွင် မဲရုံမှူးကို ဖိအားပေးပြီး မဲပေးမှုဖြစ်ပွားဟု ကော်မရှင်ပြော
by -
မဇ္ဈိမ
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြုလုပ်သည့် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းတွင် အမည်မပါဘဲ မဲရုံမှူးကို ဖိအားပေးပြီး လူ ၅၂ဦး မဲထည့်ခဲ့သည့် ဖြစ်စဉ်တစ်ခု ရန်ကုန်တိုင်း၊ လှိုင်သာယာတွင် ဖြစ်ပွား ခဲ့သည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးမြင့်နိုင်က နိုဝင်ဘာ ၁၂ရက်၊ ညနေ ၄နာရီတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်သည်။

အဆိုပါ ၅၂ဦးမှာ မဲစာရင်းတွင် အမည်မပါဘဲ သန်းခေါင်းစာရင်းကိုင်ဆောင်ပြီး မဲရုံမှူးကို ဖိအားပေးကာ မဲထည့်ခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်အပေါ် အရေးယူရန် “မနေ့ကပဲ အခြေအနေကို စစ်ဆေးပြီး တင်ပြပါလို့ ပြောထားတယ်” ဟု ဦးမြင့်နိုင်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကျင်းပပြီး နောက်တစ်ရက်အကြာ နိုဝင်ဘာ ၉ရက်၊ ညနေ ၃နာရီကစပြီး ရွေးကောက်ပွဲအနိုင်ရလဒ်များကို ထုတ်ပြန်ကြေညာနေရာ နိုဝင်ဘာ ၁၂ရက်၊ ညနေ ၃နာရီ ထုတ်ပြန်ပြီးချိန်အထိ ပြည်သူ့လွှတ်တော်အတွက် အမတ် ၈၀ဦးနှင့် အမျိုးသားလွှတ်တော်အတွက် အမတ် ၅၄ဦးသာ ထုတ်ပြန်ရန် ကျန်တော့သည်ဟုလည်း ဦးမြင့်နိုင်က ဆိုသည်။

ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများကို ရွေးကောက်ပွဲကျင်းပပြီး ၄၅ရက်အကြာတွင် နောက်ဆုံးထားပြီး သမ္မတထံ အစီရင်ခံကာ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများကို အပြီးသတ် လုပ်ဆောင်ရမည် ဖြစ်သည်။

လက်ရှိအနေအထားအရ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများပြီးဆုံးမည့် အချိန်ကာလကို တိတိကျကျ ပြောဆိုနိုင်ခြင်း မရှိသေးသော်လည်း “ကျွန်တော်တို့ ကော်မရှင်အနေဖြင့် မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် လုပ်နေပါတယ်”ဟု ဦးမြင့်နိုင်က ဆိုသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...