ရွေးကောက်ပွဲတွင် ထူးခြားဖြစ်စဉ် ၁၁၉မှုဖြစ်၊ သင်္ကန်းဝတ်၊ သီလရှင်ဝတ်ဖြင့် မဲပေးမှု ၂ ကြိမ်ရှိဟု ဆို

ရွေးကောက်ပွဲတွင် ထူးခြားဖြစ်စဉ် ၁၁၉မှုဖြစ်၊ သင်္ကန်းဝတ်၊ သီလရှင်ဝတ်ဖြင့် မဲပေးမှု ၂ ကြိမ်ရှိဟု ဆို
by -
မဇ္ဈိမ
ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကျင်းပခဲ့သည့် သမိုင်းဝင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မဲရုံပြင်ပနှင့် မဲရုံတွင်း ထူးခြားဖြစ်စဉ် ၁၁၉ မှုဖြစ်ပွားခဲ့သည်ဟု ရဲတပ်ဖွဲ့ လုံခြံုရေးဆပ်ကော်မတီ၏ အစီရင်ခံစာကို ကိုးကားပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုဝင်ဘာ ၁၀ ရက်နေ့၊ ညနေ ၆ နာရီတွင် ပြောသည်။

အစီရင်ခံစာပါ ထူးခြားဖြစ်စဉ်များအနက် မဲရုံတွင်ဖြစ်ပွားမှု(၈၈)ကြိမ်နှင့် မဲရုံပြင်ပဖြစ်ပွားမှု(၃၁)မှုတို့ ဖြစ်ပြီး မဲရုံတွင်း ဖြစ်စဉ်များအနေဖြင့် သံဃာ၊ သီလရှင်ဝတ်ဖြင့် မဲပေးမှု ၂ ကြိမ် အပါအဝင် မဲပေးစဉ် သေဆုံးမှု (၃)ကြိမ် ဖြစ်ပွားခဲ့သည်။

ထို့အပြင် မဲလက်မှတ်ဆုတ်ဖြဲမှု(၂)ကြိမ်၊ ကိုယ်စားမဲပေးမှု(၃)ကြိမ်၊ မဲလက်မှတ်ထပ်မံထုတ်ပေးမှုနှင့် မဲမှားမှု ၁၄ကြိမ်၊ မဲရုံပြောင်းရွှေ့မှု(၁)ကြိမ်၊ မဲရုံနှောက်ယှက်မှု(၆)ကြိမ်၊ မဲပေးစဉ် မူးလဲမှု(၂)ကြိမ်၊ မဲတံဆိပ်တုံး ပျောက်ဆုံးမှု(၁)ကြိမ်နှင့် မဲလက်မှတ် ပျောက်ဆုံးမှု(၁)ကြိမ်တို့ ဖြစ်ပွားခဲ့သည်။

အဆိုပါ ဖြစ်စဉ်များဖြစ်ပွားခဲ့သည့် နေရာဒေသကိုမူ အစီရင်ခံစာကို အကျဉ်းချုပ်ဖတ်ပြသွားသည့် ဦးတင်အေးက ပြောဆိုခဲ့ခြင်း မရှိပေ။ မဲရုံပြင်ပဖြစ်ပွားမှုများ အနေဖြင့် မဲပေးရန်ဆော်ဩမှု ၁၃ကြိမ်၊ မဲပေးရန် လာရောက်စဉ် သေဆုံးမှု(၁)ကြိမ်၊ အခြား ဖြစ်ပွားမှု ၁၇ကြိမ်တို့ ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်များအား အရေယူပေးရန် အမှုဖွင့်တိုင်ကြားမှု ၁၃မှုနှင့် ကော်မရှင်၏ ဖြေရှင်းပေးမှု ၃၁မှုရှိသည်ဟု ဦးတင်အေးက ပြော သည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...