ဒု-သမ္မတ နှစ်ဦးစလုံး ရွေးကောက်ပွဲနိုင်

ဒု-သမ္မတ နှစ်ဦးစလုံး ရွေးကောက်ပွဲနိုင်
by -
မဇ္ဈိမ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ရွေးကောက်ပွဲဝင်ပြိုင်ကြသည့် ဒုတိယသမ္မတနှစ်ဦးဖြစ်သော ဦးဉာဏ်ထွန်း၊ ဒေါက်တာစိုင်းမောက်ခမ်း တို့ ရွေးကောက်ပွဲတွင် အနိုင်ရရှိသွားသည်။

ပဲခူးတိုင်း၊ ဇီးကုန်းမြို့နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်သည့် ဒုသမ္မတ(၁) ဦးဉာဏ်ထွန်းက အနိုင်ရရှိသွားသည်ဟု နိုဝင်ဘာ ၉ ရက်နေ့က မဇ္ဈိမသတင်းထောက်က ပေးပို့ထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် ရွေးကောက်ပွဲဝင်ပြိုင်သည့် ဒေါက်တာ စိုင်းမောက်ခမ်းမှာလည်း အနိုင်ရရှိသွားကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ ၁၀ ရက်နေ့၊ ညနေတွင် ကြေညာ လိုက်ခြင်း ဖြစ်သည်။

ဒုတိယသမမ္မတ ဒေါက်တာစိုင်းမောက်ခမ်းရရှိသည့် မဲအရေအတွက်မှာ ၃၀၉၀၉မဲဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီမှ ဦးထွန်းရွှေရရှိသည့် မဲအရေအတွက်မှာ ၂၆၇၂၆ ဖြစ်သည်။ အမျိုးသားလွှတ်တော်အတွက်မူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)က အနိုင်ရခဲ့ပြီး၊ ပြည်နယ်လွှတ်တော် (၁)အတွက် NLD က ဒေါက်တာလင်းထွန်း၊ ပြည်နယ်လွှတ်တော် (၂)အတွက် ကြံ့ခိုင်ရေးမှ ဦးအောင်သူတို့ အသီးသီး အနိုင်ရခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...