ရှမ်းပြည်နယ်တွင် SNLD ပါတီမှ ပြည်နယ်လွှတ်တော် အမတ် ၂၅ နေရာ အနိုင်ရရှိ

ရှမ်းပြည်နယ်တွင် SNLD ပါတီမှ ပြည်နယ်လွှတ်တော် အမတ် ၂၅ နေရာ အနိုင်ရရှိ
by -
မဇ္ဈိမ
ရှမ်းပြည်နယ်တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SLND ပါတီသည် ပြည်နယ် လွှတ်တော်အမတ် ၂၅ နေရာ အနိုင်ရရှိခဲ့သည်ဟု ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောသည်။

ယနေ့ မဲရေတွက်ပြီး နောက်ဆုံးစာရင်းအရ ပြည်နယ်လွှတ်တော် ၂၅ နေရာ၊ ပြည်သူ့လွှတ်တော် ၁၂ နေရာ၊ အမျိုးသားလွှတ်တော် ၃ နေရာ အနိုင်ရရှိခဲ့ပြီး ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းမှ တိုင်းရင်းသားရေးရာ မဲစာရင်းမှာ သတင်းမရောက်သေးပါဟု SNLD ပါတီ တောင်ကြီးရုံးမှ သိရသည်။

အနိုင်ရရှိသော ပြည်နယ်လွှတ်တော်ေ နရာများမှာ ကျောက်မဲ မဲဆန္ဒနယ် ၁-၂၊ သီပေါ ၁-၂၊ နမ္မတူ ၂၊ သိန္နီ ၁-၂၊ တန့်ယန်း ၂၊ မိုင်းရယ် ၁-၂၊ မူဆယ် ၁၊ လွိုင်လင် ၂၊ လဲချား ၁-၂၊ မိုင်းကိုင် ၁-၂၊ ကွန်ဟိန်း ၁-၂၊ လင်းခေး ၁-၂၊ မိုးနဲ ၁-၂၊ မောက်မယ် ၁၊ နမ့်စန် ၂၊ မန်စီ ၂ တို့ဖြစ်ကြသည်။

ပြည်သူ့ လွှတ်တော်နေရာများမှာ ကျောက်မဲ၊ သီပေါ၊ နမ္မတူ၊ သိန္နီ၊ တန့်ယန်း၊ မိုင်းရယ်၊ မူဆယ်၊ လဲချား၊ မိုင်းကိုင်၊ ကွန်ဟိန်း၊ လင်းခေး၊ မိုးနဲမြို့နယ်တို့ဖြစ်ပြီး အမျိုးသားလွှတ်တော်နေရာများမှာ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ် (၂)၊ (၃) နှင့် (၄) တို့ဖြစ်သည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...