ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲအရှုံးကို ၀န်ခံ

ပြည်ခိုင်ဖြိုးပါတီ ရွေးကောက်ပွဲအရှုံးကို ၀န်ခံ
by -
မဇ္ဈိမ
နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံးလွတ်လပ်သည့် ရွေးကောက်ပွဲအဖြစ် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် အာဏာရပြည်ခိုင်ဖြိုးပါတီက ဒေါ်အောင်ဆန်းစုကြည်၏ အတိုက်အခံပါတီကို ရှုံးပြီး ရလဒ်ကို လက်ခံသွားမည်ဖြစ်ကြောင်း ပါတီပူးတွဲဥက္ကဌဖြစ်သူ ဦးဌေးဦးက ၀န်ခံလိုက်သည်။

"ကျွန်တော်တို့ ရှုံးပါတယ်။"ဟု ပြည်ခိုင်ဖြိုးခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးဌေးဦးက ရိုက်တာသို့ အင်တာဗျူးတစ်ရပ်တွင် ပြောခဲ့သည်။

မဲရလဒ်က ရေတွက်နေဆဲဖြစ်ပြီး တရားဝင်ရလဒ် ထုတ်ပြန်ခြင်းမရှိသေးသော်လည်း နိုင်ငံတစ်ဝန်း ကောက်ယူမှုများအရ ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီက အပြတ်အသတ်အနိုင်ရနေသည်။

"ဘာကြောင့် ရှုံးရသလဲဆိုတဲ့ ရလဒ်အပေါ် ကျွန်တော်တို့ ပြန်သုံးသပ်သွားမှာဖြစ်ပါတယ်။ ဒါပေမယ့် ရလဒ်ကို ကျွန်တော်တို့ ခြွင်းချက်မရှိ လက်ခံသွားမှာဖြစ်ပါတယ်။"ဟု ဦးဌေးဦးက ပြောခဲ့သည်။

"နောက်ဆုံးမဲရလဒ်က သေချာသလားဆိုတာ ကျွန်တော်တို့ မသိရှိသေးပါဘူး။"ဟုလည်း ဦးဌေးဦးက ပြောပြီး ပြည်ခိုင်ဖြိုးပါတီကို အမာခံထောက်ခံမှုရှိသည်ဆိုသည့် ၎င်း၏ မဲဆန္ဒနယ် ဟင်္သာတတွင် ကိုယ်တိုင် ရှုံးနိမ့်သွားရခြင်းအပေါ် အံ့သြရကြောင်းလည်း ၎င်းက ပြောခဲ့သည်။

"ဒီဒေသက ပြည်သူတွေအတွက် ကျွန်တော်တို့ အများကြီး လုပ်ပေးထားတော့ ဒီလိုရလဒ် ရလာမယ်လို့ မျှော်လင့်မထားဘူး။ ဘာပဲပြောပြောပါ ဒါက ပြည်သူတွေရဲ့ ဆုံးဖြတ်ချက်ပါပဲ။"ဟု ဦးဌေးဦးက ပြောသွားခဲ့သည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...