မြစ်ကြီးနားအမတ် ဒေါ်ဘောက်ဂျာ နိုင်ဖို့မသေချာတော့၍ နိုင်သည့်အမတ်များ ပြည်သူအပေါ် ကတိတည်ရန်ပြော

မြစ်ကြီးနားအမတ် ဒေါ်ဘောက်ဂျာ နိုင်ဖို့မသေချာတော့၍ နိုင်သည့်အမတ်များ ပြည်သူအပေါ် ကတိတည်ရန်ပြော
by -
မဇ္ဈိမ
 မြစ်ကြီးနားမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ဘောက်ဂျာသည် နိုင်ရန် မသေချာတော့ကြောင်းနှင့် အနိုင်ရရှိသည့် အမတ်လောင်းများကို ကတိပေးထားသည့်အတိုင်း ပြည်သူ့လူထုအတွက် လုပ်ဆောင်ရန် ၎င်းက တိုက်တွန်းလိုက်သည်။

ကချင်ပြည်နယ် မြစ်ကြီးနား ပြည်သူ့လွတ်တော်နေရာတွင် ကိုယ်စားလှယ်လောင်း ၁၃ ဦး ဝင်ပြိုင်ခဲ့ရာမှ လက်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အနိုင်ရရန် ရှိနေသည်ဟု အမျိုးသားဒီမိုကရေစီ အင်အားစု(NDF) ပါတီမှ အမတ်လောင်းအဖြစ် ဝင်ပြိုင်ခဲ့သည့် ဒေါ်ဘောက်ဂျာက ပြောသည်။

“သူကတိပေးထားတဲ့အတိုင်း ပြည်သူအတွက် များများအလုပ်လုပ်ပေးဖို့ လိုအပ်တယ်လို့ ပြောချင်တယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

မြစ်ကြီးနားမြို့နယ်အတွင်းရှိ ကျေးရွာ၊ ရပ်ကွက်များတွင် မဲဆန္ဒရှင် အများအပြား မဲထည့်ခွင့်မရခြင်း၊ အစိုးရ စစ်တပ်နှင့် ဝန်ထမ်းများ၏ ကြိုတင်မဲများ ခွဲလွဲနေခြင်းများ ရှိနေမှုများ ရှိနေမှုအပေါ်   သေချာစုံစမ်း၍ တိုင်းကြားမှုများ ပြုလုပ်ရန် ပြင်ဆင်နေ သည်ဟု ဒေါ်ဘောက်ဂျာက ပြောသည်။

“မဲမသမာမှုတွေတော့ တွေ့နေရတာပေါ့လေ။ နှစ်ပေါင်းများစွာနေထိုင်တဲ့ ဒေသခံတွေက မဲထည့်ခွင့်မရကြဘူး။ အများပိုင်းက တအိမ်မှာ တယောက် နှစ်ယောက်လောက်ပဲ မဲထည့်ခွင့်ရတယ်။ သုံးယောက်လောက်က မဲထည့်လို့ မရဘူး။ နောက်မှ ရောက်လာတဲ့ တခြားတိုင်းရင်းသားတွေကိုကြတော့ မဲတွေ အကုန်ထည့်ခွင့်ရတယ်။ တယောက်ကို နှစ်စောင် သုံးစောင်၊ လေးစောင်တာင် ကိုင်ခွင့်နေတာတွေ ရှိတယ်။ ကျမတို့လည်း သက်သေယူထားတာတွေရှိတယ်။ ဒေသခံ ကချင်တိုင်းရင်းသားတွေက မဲမထည့်နိုင်တ်ာ အများကြီးဘဲ၊ မဲမထည့်နိုင်တာ အများပိုင်းက ကချင်တွေ များတယ်။ တခြားတိုင်းရင်းသားတွေက အဲဒီလောက်မဟုတ်ဘူး”ဟု သူက ပြောသည်။

တစ်ချို့ မဲဆန္ဒရှင်များသည် ရေးရာလွှတ်တော်တွင် မဲထည့်ခွင့်ရသော်လည်း ပြည်သူ့လွှတ်တော်နေရာနှင့် အမျိုးသားလွှတ်တော် နေရာများတွင် မဲထည့်ခွင့် မရသည့် မဲဆန္ဒရှင်များလည်း ရှိနေခြင်း၊ မဲပုံးများ ကြပ်နေသဖြင့် တုတ်သည့် ထိုးထည့်နေရခြင်းများ ရှိသဖြင့် မဲလက်မှတ်များ ပေါက်ပြဲမှုများလည်း အများအပြားတွေ့မြင်နေရသည်ဟု သူက ပြောသည်။

“ပြီးတော့ မဲပုံးတွေကလည်း မဲဆန္ဒရှင်တွေများတဲ့နေရာမှာ ကြပ်တိတ်ပြီးတော့ တုတ်နဲ့ ထိုးထည့်နေရတယ်။ တုတ်နဲ့ထိုးတော့ စက္ကူတွေ ပေါက်ပြဲမှာပဲ အဲဒီလို ပြဿနာတွေလည်း ရှိတယ်”

ထို့ပြင် ပြည်သူ့လွတ်တော်နေရာနှင့် အမျိုးသားလွတ်တော် မဲရုံများ နှစ်ခု တွဲထားသဖြင့် မဲဆန္ဒရှင်များ မဲထည့် မှားခြင်းများလည်း ရှိနေခြင်းနှင့် ကြိုတင်မဲများ စာရင်းကွဲလွဲများများ ရှိနေမှုများကို သေချာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ်သည်ဟု ဒေါဘောက်ဂျာ က ပြောသည်။

“ပြီးတော့ ကြိုတင်မဲနဲ့ပတ်သက်လို့ မနက် ၆ နာရီမတိုင်ခင်ကပ်ထားတဲ ့မဲစာရင်းနဲ့ ညနေ ပြန်ရေနဲ့ မဲစာရင်းက ကွာဟနေတာတွေ တွေ့ရတယ်။ အဲဒါက အေးမြသာယာမှာရှိတဲ့ စံပြကျေးရွာမှာ။ တချို့မဲရုံတွေက ကြိုတင်မဲကို မကပ်ထားဘူး။ ပေးရင်လည်း မဲပိုင်ခွင့်မရှိဘူး။ ကြိုတင်မဲဆိုတော့ သိတဲ့အတိုင်းဘဲ။ စစ်တပ်က ကြိုတင်မဲတွေရှိတယ်။ အစိုးရဌာနက လာတဲ့ ကြိုတင်မဲတွေရှိတယ်။ အများပိုင်းက ဒါပေါ့လေ။ မဲစာရင်းကွာနေတာတွေ တွေ့ရတယ်”ဟု ဒေါ်ဘောက်ဂျာက ပြောသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...