ကြိုတင်မဲရေတွက်ရာ USDP ၏ကိုယ်စားလှယ်မဲတစ်ခုသာဖြစ်နေ

ကြိုတင်မဲရေတွက်ရာ USDP ၏ကိုယ်စားလှယ်မဲတစ်ခုသာဖြစ်နေ
by -
မြဝန်းရံ
တောင်ကြီးမြို့ စဝ်စံထွန်းရပ်ကွက်အထက (၇) မဲရုံအမှတ် (၅)တွင် ပြင်ပမှရောက်ရှိလာသော မဲများအား မှားပို့လိုက်သည်ဟုဆိုကာ မြို့နယ်ကော်မရှင်သို့ရောက်ရှိလာခဲ့ သည်ဟုNLD ကိုယ်စားလှယ်လောင်းဦးတင်မောင်တိုးထံမှသိရ သည်။

 12232994 986367351386563 472221121 n“ မှားပြီးပို့လိုက်တာလို့မြို့နယ်ကော်မရှင်ဥက္ကဌကပြောတယ်။ မဲဆန္ဒနယ်ပြင်ပကကြိုတင်မဲက ရပ်/ကျေးရုံးကိုရောက်လာတာ လက်ခံပါသလားလို့ဥက္ကဌကိုဖုန်းဆက်မေးတော့လက်မခံပါဘူးလို့ဖြေ ပြီးတော့ အခုအဲဒီအထုပ်ဒီရောက်လာတာပဲ”ဟု ဦးတင်မောင်တိုးကပြောသည်။

မဲရေတွက်ရာတွင်ပါဝင်သူ ကိုခွန်မျိုးမြင့်ဦးက မဲအိတ်တွေက ကော်မခြောက်သေးဘူးစိုနေတုန်းပဲ ဟုပြောကာ မဲရေစတင်ရေတွက်သည့် အချိန်မှစကာ ယခုမဲအချိန်ထိ ပြည်သူလွှတ်တော်ကိုယ်စားလှယ် USDP မှဦးစိုင်းဇော်ဇော်၏မဲများ သာဖြစ်သည်ကို တွေ့ရှိနေရ သည်ဟု သတင်းရရှိသည်။

လက်ရှိရေတွက်နေသောမဲစာရင်းမှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ မဲဆန္ဒနယ်ပြင်ပကြိုတင်မဲအတွက် ယနေ့ နေ့လည်၂နာရီတွင် မြို့နယ်ကော်မရှင်သို့ လာရောက်ပေးပို့သွားခြင်းဟု မြို့နယ်ကော်မရှင်ခွဲ ဥက္ကဌက ဖြေသည်။

Most read this week