Published
Sunday, November 08, 2015
ဟားခါးတွင် မဲလာရောက်မပေးသူ ရ၀၀ နီးပါရှိ
ဟားခါးမြို့နယ် ပြည်တော်သာရပ်ကွက် အထက(၂)တွင်ရှိသော မဲရုံအမှတ်(၁)၌ မဲပေးနိုင်ခွင့်ရှိသူ ၈၁၀ ဦးတွင် အယာက်(၃၀၀)ကျော်လာရောက်မဲမပေးသလို၊ အမှတ်(၂)မဲရုံတွင်မဲပေးခွင့်ရှိသူ ၉၁၀ ဦးတွင် ၄၀၀ မဲလာရောက်မပေးကြောင်းသတင်းရရှိသည်။
မတူပီမြို့နယ် စန်ဘောင်ရပ်ကွက်၌ ရှိသော အထက(၂)မဲရုံ မဲလက်မှတ်ရေတွက်ရာ၌ မဲဆန္ဒရှင်ထဲမှ ၁၀ဦး သက်သေအနေဖြင့်ကြည့်ရှုရန်ကော်မရှင်ညွန်ကြားချက်ထဲတွင်ပါရှိသော်လည်း ယခုအခါ လူကြီးအမိန့်ဟုဆိုကာ တံခါးကိုပိတ်ထား၍ ဝင်ခွင့်မပြုကြောင်း မတူပီမှ သတင်းပေးပို့ချက်အရသိရ သည်။






