ကျောက်တန်းမြို့နယ်မှာ မဲနှစ်ခါပေးသူများကို နေရာသုံးနေရာတွင်တွေရှိ့၊ အမှုဖွင့်မည်ဟုဆို

ကျောက်တန်းမြို့နယ်မှာ မဲနှစ်ခါပေးသူများကို နေရာသုံးနေရာတွင်တွေရှိ့၊ အမှုဖွင့်မည်ဟုဆို
by -
မဇ္ဈိမ
ကျောက်တန်းမြို့နယ်အတွင်း မဲနှစ်ခါပေးသူများကို နေရာသုံးနေရာတွင် တွေ့ရှိရမိသဖြင့် အမှုဖွင့်တိုင်ကြားရန် ပြင်ဆင်နေပြီဟု၊ ယင်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲချုပ်၊ ပြည်သူ့လွှတ်တော်အမတ်လောင်း ဒေါ်အေးမြမြမျိုးက နိုဝင်ဘာ ၈ရက်နေ့လည်ပိုင်းတွင် မဇ္စျိမကိုပြောသည်။

"ကျွန်မအခု အမှုဖွင့်ဖို့သွားတယ်၊ ကဒ္ဒပနရယ်၊ ကမာကလုတ်ရယ်၊ တံတားမြို့ရယ်အဲဒီမှာ မဲပေးပြီးသားလက်မှာ မှင်အမှတ်အသားရှိပြီးသူတွေကမဲလာထပ်ပေးတယ်။ နောက်တစ်ခုက ဆန္ဒမဲလက်မှတ်နှစ်ခုမှာ နာမည်တစ်မျိုး တည်းနဲ့လာပေးတယ်။ မဲရုံက ကျွန်မကိုယ်စားလှယ်လောင်းတွေကတွေ့ခဲ့တာပါ" ဟု သူမကပြောသည်။

ကျောက်တန်းမြို့နယ်အတွင်း၊ ကျေးရွာပေါင်း ၈၀ခန့်တွင် မဲစာရင်းမပါသဖြင့် မဲမပေးရသူများစွာရှိနေသည့်အပြင် ယခုကဲ့သို့ မဲနှစ်ခါပေးသည့် ဖြစ်စဉ်လည်း ယခုဖြစ်ပေါ်ခဲ့ခြင်းဖြစ် သည်ဟု ဒေါ်အေးမြမြမျိုးကဆိုသည်။

ကျောက်တန်းမြို့နယ်တွင် မွေးရေ/ကျေးလက် ၀န်ကြီးဦးအုန်းမြင့်သည် ပြည်ခိုင်ဖြိုးပါတီ၏ ပြည်သူ့လွှတ်တော် အမတ်လောင်း အဖြစ်ဝင်ရောက်ယှဉ်ပြိုင်ပြီး မဲပေးခွင့်ရှိသူ ၁၂၇၄၇၃ဦး၊ မဲရုံပေါင်း ၁၉၁ရုံထိရှိသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...