"ကချင်ပြည်နယ် မြစ်ကြီးနားမှာ ကြိုတင်မဲပေးသူများပြား"

"ကချင်ပြည်နယ် မြစ်ကြီးနားမှာ ကြိုတင်မဲပေးသူများပြား"
by -
မဇ္ဈိမ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မဲဆန္ဒရှင်များ နိုဝင်ဘာလ ရ ရက်တွင် ကြိုတင်မဲများ လာရောက် ထည့်သူများပြားနေသည်ဟု လွတ်တော်ကိုယ်စားလှယ်လောင်းများက ပြောသည်။

မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်မှားတွင် မဲရုံပေါင်း ၅၀ ကျော်ရှိ မဲရုံတိုင်းတွင် ကြိုတင်မဲထည့်သူ များပြားနေသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုန်ခါးနော်ဆမ်က မဇ္စျိမကို ပြောသည်။

“မဲရုံတွေ အကုန်လုံးခြံုကြည့်တော့ ကြိုတင်မဲတွေ များတယ်ဆိုတာ ရပ်ကွက်တိုင်းကနေ ကျွန်တော်တို့ ကွန်ဖန်းရတယ်။ ကော်မရှင်ရဲ့ စည်းမျဉ်းစည်းကမ်းအရက ခရီးထွက်မယ့် ပုဂ္ဂိုလ်တွေဘဲ ထည့်ရမယ်။ ဒါပေမဲ့ အခုက ကြိုတင် မဲထည့်ခွင့် အထက်ကနေ ဘာညွန်ကြားသလဲတော့ မသိဘူး။ ကြိုတင် မဲထည့်တဲ့ လူများနေတယ်။ ဥပမာ ရပ်ကွက်က ၅၀ ကျော်ရှိတယ်ဆိုတော့   ထောင်ဂဏန်းတော့ ရှိနိုင်တာပေါ့။ ကြိုတင်မဲပုံးတွေတောင် ပြည့်လျှံသွားတယ်” ဟု ၎င်းက ပြောသည်။

မဇ္စျိမက ဆက်သွယ်မေးမြန်းချိန်တွင် ဦးအင်ထုန်းခါးနော်ဆမ်က စီတာပူရပ်ကွက်ရှိ ကော်မရှင်ရုံးသို့ သွားရောက်မေးမြန်းခဲ့ရာ စီတာပူရပ်ကွက်တစ်ခုထဲတွင် ကြိုတင်မဲပေးသူများသည် ခရီးထွက်မည့်သူများ၊ နာမကျန်းသူများနှင့် မဲရုံစောင့်သူများ ဖြစ်သည်ဟု သူက ပြောသည်။

ထို့အပြင် မနက်ဖြန် နိုဝင်ဘာလ ၈ ရက်တွင် မဲထည့်မည့် မဲဆန္ဒရှင်ပေါင်း ၄၀၀၀ ကျော်ကျန်ရှိနေသေးသဖြင့် တစ်ရက်တည်းနှင့် မဲထည့်၍ မပြီးစီးမည်ကို စိုးရိမ်နေရသည်ဟုလည်း ဦးအင်ထုန်းခါးနော်ဆမ်က ပြောသည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...