မြဝတီမြို့ပေါ်ရပ်ကွက်တစ်ချို့၌ မဲထည့်ချိန်ကျော်လွန်၍ မဲပုံးများရောက်ရှိ

မြဝတီမြို့ပေါ်ရပ်ကွက်တစ်ချို့၌ မဲထည့်ချိန်ကျော်လွန်၍ မဲပုံးများရောက်ရှိ
by -
စအိုင်စူး
မဲထည့်ရန် မဲ့ပုံးမလာသေး၍စောင့်နေသော မဲဆန္ဒရှင်များ
မဲထည့်ရန် မဲ့ပုံးမလာသေး၍စောင့်နေသော မဲဆန္ဒရှင်များ
စအိုင်စူး — မြဝတီမြို့ပေါ်ရပ်ကွက်တစ်ချို့တွင် သက်မှတ်ချိန်ထိမဲပုံးရောက်ရှိခြင်းမရှိကြောင်း NLD မှစောင့်ကြည့်သူတစ်ဦးကပြောသည်။

“ ဒီမနက် ၆ နာရီခွဲတဲ့အထိ မဲပုံးမရောက်သေးဘူး။ ဘယ်လိုတွေဖြစ်တာလဲတော့မသိဘူး။ တာဝန်ရှိသူတွေ့ဖုန်းဆက်တာလဲအကုန်ပဲ။ ၆နာရီ မိနစ်၄၀ မှရောက်တယ်လို့ ၎င်းကပြောသည်။

မြဝတီအမှတ် (၄) ရပ်ကွက် အထက မြဝတီမဲရုံအမှတ် (၂)၊ မဲရုံအမှတ်(၂) ဗမာစုရပ်ကွက်ဘောလုံးကွင်းမဲရုံ၊ ကြံခင်းရပ်ကွက်မူလွန်အမှတ်(၅) မဲရုံ ၃ တို့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ထို့အပြင် မဲပေးရာတွင်လွဲချော်မှုများလည်းတွေ့ရှိရပြီး မဲသက်သေခံစာရွက်ရှိသော်လည်း မဲပေးခွင့်မရရှိသူတစ်ချို့လည်းရှိနေသည်ဟု သိရသည်။

Most read this week