ရွေးကောက်ပွဲ ရလာဒ် အနိုင်၊ အရှုံးပေါ်မူတည်၍ ပြဿနာ မဖြစ်ရန် ပုဗ္ဗသီရိအမတ်လောင်း ဦးဝေလွင်ပြော

ရွေးကောက်ပွဲ ရလာဒ် အနိုင်၊ အရှုံးပေါ်မူတည်၍ ပြဿနာ မဖြစ်ရန် ပုဗ္ဗသီရိအမတ်လောင်း ဦးဝေလွင်ပြော
by -
မဇ္ဈိမ
ပြည်ခိုင်ဖြိုးပါတီအား ထောက်ခံသည့် ပါတီဝင်များကို ရွေးကောက်ပွဲရလာဒ် အနိုင်၊အရှုံးအပေါ် မူတည်၍ ပြဿနာမဖြစ်စေဖို့ ထိန်းသိမ်းကြရန် ပြည်ခိုင်ဖြိုးပါတီ၏ ဗဟိုကောမတီဝင် ဦးဝေလွင်က သတိပေးလိုက်သည်။

“ရွေးကောက်ပွဲ အနိုင်၊အရှုံးအပေါ်မူတည်ပြီး ပြဿနာဖြစ်တတ်ပါတယ်။ အဲ့တော့ ရှုံးတဲ့သူကလည်း ကိုယ်ရဲ့ အရှုံးကို ကြည်ကြည်ဖြူဖြူနဲ့ လက်ခံပြီးတော့ အကောင်းဆုံးအရှုံးသမားဖြစ်အောင် ကြိုးစားဖို့ လိုအပ်ပါတယ်။ နိုင်တဲ့သူကလည်း ရှုံးသူအပေါ်မှာ နားလည်စာနာပြီး အသိအမှတ်ပြုပေးဖို့ လိုအပ်တယ်။ ကျွန်တော်တင် ပြချင်ပါတယ်”ဟု ရွေးကောက်ပွဲအတွက် မဲဆွယ်ခွင့် နောက်ဆုံးနေ့ဖြစ် သည့် နိုဝင်ဘာ ၆ရက်နေ့က မဲဆန္ဒရှင်များနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ဖြစ်သည်။

ထို့အပြင် ဦးဝေလွင်က ရွေးကောက်ပွဲနေ့တွင် မဲရုံကို လူအင်အားပြ၍ ဖိအားပေး အနိုင်ယူခြင်းစသော နည်းလမ်းများကိုလည်း ပြိုင်ဘက်ပါတီများမှ မမှန်ကန်စွာ ဆောင်ရွက်ခြင်းမရှိစေရန် သတိပြုစောင့် ကြည့်ရန်လည်း လိုအပ်ကြောင်း ပြောကြားခဲ့သည်။

၎င်းအနေဖြင့်  ပုဗ္ဗသီရိမြို့နယ်၏ ရပ်ကွက်ကျေးရွာများ၏ လိုအပ်ချက်များ သိပြီးဖြစ်၍ ပုဗ္ဗသီရိ မြို့နယ်၏ ပြည်သူ့လွှတ်တောက် ကိုယ်စားလှယ် တာဝန်ထမ်းဆောင်ရန် အစဉ်သင့်ဖြစ်နေပြီဟု ဦးဝေလွင်က ပြောကြားခဲ့သည်။

“ကျွန်တော်ကသာ အသင့်ဖြစ်တာပါ၊ တာဝန်ပေးခြင်း၊ မပေးခြင်း၊ ထောက်ခံခြင်း၊ မထောက်ခံခြင်း၊ နှစ်သက်ခြင်း၊ မနှစ်သက်ခြင်း ဆိုတာကတော့ ပုဗ္ဗသီရိမြို့နယ်က ပြည်သူတွေရဲ့ သဘောအတိုင်းဖြစ် ပါတယ်”ဟု ဦးဝေလွင်က ဆိုသည်။

ဦးဝေလွင်သည် တပ်မတော်တွင် ဒုတိတိုင်းမှူး၊ ဗိုလ်မှူးချုပ် အဆင့်ဖြင့် ရန်ကုန်းတိုင်းဒေသကြီးစစ်ဌာန ချုပ်တွင် ဒုတိယစစ် တိုင်းမှူးတာဝန်၊ ဗိုလ်ချုပ်အဆင့်ဖြင့် နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင် စစ်တိုင်းမှူးတာဝန်၊ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်ဖြင့် စစ်ထောက်ချုပ်တာဝန်၊ ကာကွယ်ရေးဝန်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

မဲဆွယ်စည်းရုံးကာလ နှစ်လအတွင်း နိုင်ငံတော်သမ္မတ ဦးဆောင်သည့် ပြည်ခိုင်ဖြိုးပါတီ နှင့် အစိုးရ အဖွဲ့၏ လုပ်ဆောင်ချက် အကောင်းမှန်သမျှကို ပြိုင်ဘက်ပါတီက မျက်ကွယ်ပြုကာ အဆိုးမြင် တိုက်ခိုက်ဆန့်ကျင်နေသည်ကို တွေ့မြင်ရကြောင်း ဦးဝေလွင်က ဆက်လက် ပြောဆိုခဲ့သေးသည်။

ပုဗ္ဗသီရိမြို့နယ်တွင် ၎င်းကို မဲဆန္ဒရှင် ရ၀ ရာခိုင်နှုန်းက ထောက်ခံကြောင်း ပြောဆိုထားသည့် ဦးဝေလွင်သည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး နောက်ဆုံးနေ့ နိုဝင်ဘာ ၆ရက်နေ့အထိ ပုဗ္ဗသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် မဲဆန္ဒရှင်များနှင့် တွေ့ဆုံခဲ့ပြီး မဲဆွယ်စည်းရုံးနေသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...