အမျိုးသမီးပါတီ (မွန်) အချိန်မလောက်၍ ရွေးကောက်ပွဲတွင် လေးဦးသာ ပါ၀င်ယှဉ်ပြိုင်နိုင်

အမျိုးသမီးပါတီ (မွန်) အချိန်မလောက်၍ ရွေးကောက်ပွဲတွင် လေးဦးသာ ပါ၀င်ယှဉ်ပြိုင်နိုင်
by -
မဇ္ဈိမ
နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် အမျိုးသမီးပါတီ (မွန်) ကို မဲဆွယ်ရက် မတိုင်မီ ၁၀ ရက်အလိုမှ ကိုယ်စားလှယ်လောင်းစာရင်း ချပေးသည့်အတွက် ပြင်ဆင်ရန် အချိန်လောက်ငှမှု မရှိ၍ ကိုယ်စားလှယ်လောင်း လေးဦးသာ ပါ၀င်ယှဉ်ပြိုင်ဖြစ်ခဲ့သည်ဟု ယင်းပါတီ ဥက္ကဋ္ဌ မိသန်းရှင်က မဇ္ဈိမသို့ ပြောသည်။

"ပါတီတွေကို စတင်မဲဆွယ်ခွင့်ပေးတဲ့ စက်တင်ဘာ ၈ ရက်နေ့မတိုင်မီ ၁၀ ရက်အလိုမှ ကျွန်မတို့ ပါတီ ကိုယ်စားလှယ်လောင်းစာရင်း ချပေးတယ်။ အချိန်ဘယ်လိုမှ မလောက်တော့လို့ ကျွန်မတို့ ပါတီက အမျိုးသမီး ၄ ဦးပဲ ယှဉ်ပြိုင်နိုင်ပါတယ်။ ပါတီဗဟိုကော်မတီဝင်တွေ ထဲက လူတွေသာပါဝင်တယ်။ အမျိုးသမီးတွေ မို့လားမသိဘူး မဲဆွယ်တဲ့နေရာမှာ ဘာအခက်အခဲမှ မရှိဘူး။ အခြားပါတီတွေ ကလည်း ကူညီကြပါတယ်"ဟု အမျိုးသမီးပါတီ (မွန်) ဥက္ကဋ္ဌ မိသန်းရှင်က ပြောသည်။

အမျိုးသမီးပါတီ (မွန်) ကိုယ်စားပြု၍ မွန်ပြည်နယ်၊ သံဖြူဇရပ် မဲဆန္ဒနယ်အမှတ် ၅ အမျိုးသား လွှတ်တော်တွင် မိသန်းရှင်၊ ကျိုက်မရော မဲဆန္ဒနယ်အမှတ် ၃ အမျိုးသားလွှတ်တော်တွင် မိနီနီလွင်၊ မုဒုံမြို့နယ် ပြည်သူ့လွှတ်တော်တွင် မိမိုးမိုးခိုင်နှင့် တနင်္သာရီတိုင်း၊ ရေဖြူမဲဆန္ဒနယ်အမှတ် ၄ အမျိုးသားလွှတ်တော်တွင် မိမြင့်သန်းတို့က ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ယင်းပါတီသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် -NLD၊ အမျိုးသားဒီမိုကရေစီအင်အားစု-NDF၊ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ -NDP၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ-USDP၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ -တ.စ.ည၊ ဖလုံ-စဝေါ်ပါတီ၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံး ဆိုင်ရာဒီမိုကရေစီ၊ ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ(ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီ တို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပါတီအား ၂၀၁၄ အောက်တိုဘာ ၈ ရက်တွင် စတင်တည်ထောင်ပြီး ၂၄ ရက်တွင် ကော်မရှင်သို့ မှတ်ပုံတင်ခဲ့သော်လည်း ရွေးကောက်ပွဲ ၂၀၁၅ခုနှစ် ဇူလိုင်လ ၁၅ရက်မှသာ မှတ်ပုံတင် ချပေးခဲ့သည်။

April 11, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ဧပြီလ ၁၀ ရက်တွင် ဖွဲ့စည်းလိုက်သည့်...
April 10, 2026
အာဏာသိမ်း စစ်ကော်မရှင်တပ်မှ အရာရှိ၊ စစ်သည်များ၏ သား၊ သမီးများ စစ်တပ်အတွက် အရင်းအမြစ်များ...
April 9, 2026
အရပ်သားတပိုင်း စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် ပြည်ထောင်စုဝန်ကြီးအမည်များကို ၂၀၂၆ သမ္မတ ကာချုပ်ဟောင်း...
April 8, 2026
မင်းထက် — ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ မဟာဗန္ဓုလလမ်းပေါ်ရှိ တိုင်းရုံးအတွင်း ဧပြီလ ၃ ရက် ညပိုင်းက...