Published
Saturday, November 07, 2015
ချီဖွေတွင် ပြည်သူ့စစ်နှင့် စစ်တပ် အပြင်စည်း လုုံခြံုရေးယူမည်
သုုတလင်း — ကချင်ပြည်နယ် ချီဖွေမြို့နယ်တွင် မဲရုုံ၄၅ရုုံထားရှိကြောင်းနှင့် အဆုုိပါမဲရုုံများအနက် မဲရုုံ ၂၂ရုုံ အား ပြည်သူ့စစ်နှင့်စစ်တပ်မှ အပြင်စည်း လုုံခြံုရေးယူမည်ဖြစ်ကြောင်း ကချင်ပြည်နယ် သတင်းထောက်မှ BNI ရွေးကောက်ပွဲသတင်းခန်းသုုိ့ သတင်းပေးပုုိ့သည်။
ချီဖွေမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဌက “ လုုံခြံုရေး အလှမ်းဝေးတဲ့ ဒေသတွေ ဖြစ်ပါတယ်။ လုုံခြံုရေးယူရာမှာ အထူးရဲ ၄၅ယောက်သုုံးပါမယ်။” ဟုုပြောသည်။
ချီဖွေဒေသတွင် မဲပေးခွင့်ရှိသူ လူဦးရေ ၁၂၀၀၀ ကျော်ရှိပြီး ချီဖွေဒေသ လူဦးရေမှာ ၂၀၀၀၀ ခန့်ရှိသည်ဟုု ကော်မရှင်ထံမှ သတင်းရရှိသည်။
မကြာသေးခင်က ချီဖွေမြို့နယ် ကန်းဖန့် ကျေးရွာတွင် မဲဆွယ်စည်းရုုံးရေး ဆင်းရင်း NLD ကုုိယ်စားလှယ်လောင်းများ ရုုိက်နှက်ခံရမှု ဖြစ်ခဲ့သည်။
ချီဖွေမြို့နယ်ရှိ စုုစုုပေါင်းလူဦးရေ၏ ၁၀၀၀၀ကျော်မှာ ပြည်သူ့ဝန်ထမ်းများဖြစ်ပြီး ရဲများလည်း ပါ၀င်ကြောင်းသိရသည်။
ပြည်သူ့ဝန်ထမ်းများက ကြိုတင်မဲများ ပေးထားကြပြီး ချီဖွေတွင် ပါတီ (၁၀)ခုုနှင့် တသီးပုုဂ္ဂလ (၂)ခုုရှိသည်။






