စီးပွားကူးသန်မှ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (MYANMAR TRADE) ဖွဲ့မည်

စီးပွားကူးသန်မှ မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (MYANMAR TRADE) ဖွဲ့မည်
by -
မဇ္ဈိမ
မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (MYANMAR TRADE) အဖွဲ့ကို တောင်ကိုရီယား နိုင်ငံ၏ အကူအညီဖြင့် ဖွဲ့စည်းရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြင်ဆင်ဆောင်ရွက် နေကြောင်း ယင်းဝန်ကြီး ဌာန၏ အမြဲတမ်းတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောသည်။

“ကုန်သွယ်မှု မြင့်တင်ရေးနှင့် စားသုံးသူကာကွယ်ရေး ဦးစီးဌာနကနေပြီးတော့ ခွဲထွက်ပြီးဖွဲ့မှာပါ၊ ဖွဲ့ဖို့ အတွက်ကို ဖွဲ့စည်းပုံဆွဲနေပြီ” ဟု နို၀င်ဘာလ(၅)ရက်နေ့က နေပြည်တော်ရှိ စီးပွားကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာ့ ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ (MYANMAR TRADE)ဖွဲ့စည်းရန်အတွက် လုပ်ငန်းစဉ်များကို တောင် ကိုရီးယားနိုင်ငံ၏ အဖွဲ့စည်းဖြစ်သည်Kotra နှင့်တွဲ၍ဆောင်ရွက်မည်ဖြစ်ပြီး မြန်မာ-ကိုရီယား နှစ်နိုင်ငံသမ္မတများ ၏ သဘောတူညီချက်မှ စတင်၍ မြန်မာ့ကုန်သွယ်မှုမြှင်တင်ရေးအဖွဲ့(MYANMAR TRADE) ဖွဲ့စည်းရန် ဖြစ်လာ ခြင်းဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောသည်။

မြန်မာနိုင်ငံဘက်မှ မြန်မာ့ကုန်သွယ်မှုမြှင်တင်ရေးအဖွဲ့(MYANMAR TRADE)ဖွဲ့စည်းပြီးလျင်တောင်ကို ရီးယားနိုင်ငံမှ နည်းပညာများအကူအညီပေးပြီးဖြစ်ပြီး လက်ရှိတွင် ၀န်ထမ်း(၁၀၀)ဦးကို မြန်မာ့ ကုန်သွယ်မှုမြှင် တင ်ရေးအဖွဲ့(MYANMAR TRADE) အတွက်  တောင်ကိုရီးယားနိုင်ငံသို့ ပညာသင်ရန်စေလွှတ်မည်ဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောသည်။

“အခြေခံအရ ဒီလုပ်ငန်းစဉ်အပေါ်မှာ နိုင်ငံတကာနှင့်ချိန်ဆက်ပြီးတော့ ပရိုမိုးရှင်းလုပ်တဲ့အခါမှာ လက်နိုင်တဲ့ အဆင့်ရှိတဲ့ လူတွေကို ပြည်တွင်းမှာရွေးချယ်ပြီးတော့လွှတ်ပေးပါတယ်”ဟု ၎င်းက ပြောသည်။

ဖွဲ့စည်းရန်ပြင်ဆင်နေသည့် မြန်မာ့ကုန်သွယ်မှုမြှင်တင်ရေးအဖွဲ့(MYANMAR TRADE)ကို သီးခြား လွတ်လပ်သည့် အဖွဲ့အည်းအဖြစ် ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်းနှင့်ပထမအဆင့်အဖြစ် စီးပွားကူးသန်းဝန်ကြီးဌာန အောက် ၌ ညွှန်ကြားရေးမှူးချုပ်ဦးစီးသည့် ဌာနတစ်ခုဖြစ် စတင်ဖွဲ့စည်း ရန်အတွက် လက်ရှိဆောင်ရွက်နေကြောင်း ကုန်သွယ်မြှင့်တင်ရေးနှင့်စာသုံးကာကွယ်ရေးဦးစီးဌာနမှ တာဝန်ရှိတစ်ဦးက ပြောသည်။

May 7, 2026
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား “ခြွင်းချက်မရှိ လွှတ်ပေးရန်”...
May 6, 2026
Miss Grand Myanmar ၂၀၂၆ ၏ ပြိုင်ပွဲတခုအတွင်း မယ်သီလရှင်ဝတ်စုံ ဖြင့်...
May 5, 2026
အိန္ဒိယ-မြန်မာနယ်စပ်၊ နာဂဒေသအတွင်းရှိ နယ်စပ်ကုန်သွယ်ရေး ပန်ဆောင်ဂိတ်ကို စစ်အုပ်စုတပ်က မေလ ၁...
May 4, 2026
မောင်ခက်နွေ — နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား လျှို့ဝှက်နေရာမှ...