ကျောက်ဖြူတွင် ဦးဥတ္တမပန်းခြံ ပြန်လည်ဖွင့်လှစ်

ကျောက်ဖြူတွင် ဦးဥတ္တမပန်းခြံ ပြန်လည်ဖွင့်လှစ်
by -
နိရဥ္စရာ
ကျောက်ဖြူတွင် (၇၆)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် နဒီသောင်ယံ ပန်းခြံကို မူရင်းအမည်ဖြစ်သည့် ဦးဥတ္တမပန်းခြံအဖြစ်သို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည့်  အခမ်းအနားကို ဆရာတော် ဦးဥတ္တမနေ့၌ ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို စက်တင်ဘာလ ၉ ရက်နေ့တွင် ကျရောက်သည့် (၇၆) နှစ်မြောက် ဆရာတော် ဦးဥတ္တမနေ့တွင်  ကျင်းပပြုလုပ်ခဲ့ပြီး လူပေါင်း ၃၀၀ ခန့်တက်ရောက် ဂါရဝပြုခဲ့ကြသည်။

အခမ်းအနားတွင် ကျောက်ဖြူမြို့၊ ယှပ်လှဲကျောင်း ပရိယတ္တိစာသင်တိုက် ဆရာတော်ကြီး ဦးစက္ကိန္ဒက ရခိုင်အမျိုးသားများအနေဖြင့် တိုင်းပြည်အတွက် ပိုမို အလုပ်လုပ်ကြရန်နှင့် ဆရာတော်ဦးဥတ္တမကို လေးစားလျှင် တိုင်းပြည်အတွက် အလုပ်လုပ်ပြီး ဂုဏ်ပြုကြရန် တိုက်တွန်းမိန့်ကြားခဲ့သည်။

“ဆရာတော်ဦးဥတ္တမဟာ နိုင်ငံရေး၊ ဘာသာရေး၊ လူမှုရေးတို့မှာ ထူးချွန်ခဲ့တဲ့ ဆရာတော်တစ်ပါး ဖြစ်ပါတယ်။ ဆရာတော်ကို လေးစားကြည်ညိုတယ်ဆိုရင် ရခိုင်တွေ တိုင်းပြည်အတွက် အလုပ်လုပ်ပြီး ဂုဏ်ပြုကြပါ”ဟု ဦးစက္ကိန္ဒက မိန့်ကြားသည်။

နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်းများကလည်း တက်ရောက်ပြီး လွမ်းသူ့ပန်းခွေချပြီး ဂုဏ်ပြခဲ့ကြသည်။

လွမ်းသူပန်းခွေချခဲ့သော အဖွဲ့အစည်းများမှာ ရခိုင်အမျိုးသားပါတီ၊ ပြည်ေထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရခိုင်အမျိုးသားအင်အား စုပါတီ၊ ရမ္မာဝတီသိုင်းအဖွဲ့၊ ဓူဝံကြယ်နာရေးကူညီမှုအသင်း၊ သာသနာ၂၅၀၀ ရောင်တော်ခြည်လူငယ်များ၊ AGTI ကျောင်းသားများ၊ ပါရမီရှင်ပရဟိတအသင်း၊ မာရမာကြီးတိုင်းရင်းသား မဟာဗောဓိလူမှုရေးအသင်း၊ လင်းလဲ့ကြယ်စင်လူငယ်များအဖွဲ့၊ မူလာရာမ ကျောင်းပညာဒါနကျောင်းသူ၊ ကျောင်းသားများ၊ IELC အင်္ဂလိပ်စာသင်အဖွဲ့၊ ဒေါ်အေးခင် တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း၊ စားကုန်တန်းအဖွဲ့၊ ကုန်စိမ်းတန်း အဖွဲ့၊ မယုယုတို့ဖြစ်သည်။

ဦးဥတ္တမပန်းခြံကို ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် အာဏာပိုင်များက နဒီသောင်ယံပန်းခြံအဖြစ် သတ်မှတ်အမည်ပေးခဲ့ခြင်းကို မြို့ခံများက ပယ်ဖျက်ပြီး ဦးဥတ္တမပန်းခြံအဖြစ် အမည်ပြန်လည် တပ်ကာ ဦးဥတ္တမနေ့က ဆိုင်းဘုတ် စိုက်ထူခဲ့ကြသည်ဟု သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...