ကျောက်ဖြူတွင် အရာရှိ အမျိုးသမီးတစ်ဦး၏ နောက်ကြောကို နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူ တစ်ဦးက ကတ်ကြေးဖြင့်ထိုး

ကျောက်ဖြူတွင် အရာရှိ အမျိုးသမီးတစ်ဦး၏ နောက်ကြောကို နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူ တစ်ဦးက ကတ်ကြေးဖြင့်ထိုး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် စက်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ဒုတိယကြီးကြပ်ရေးမှူး အဆင့်ရှိသူ အမျိုးသမီးတစ်ဦးအား များမကြာမီက နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်လာသူ တစ်ဦးက ကတ်ကြေးဖြင့် ထိုးသဖြင့် ယင်းအမျိုးသမီးတွင် ဒဏ်ရာ နှစ်ချက်ရကာ ဆေးရုံတင်လိုက်ရသည်ဟု သတင်းရရှိသည်။

ကတ်ကြေးဖြင့် ထိုးသူမှာ ကျောက်ဖြူမြို့၊ စေတီတောင် ရပ်ကွက်တွင် နေထိုင်သူ မျိုးကျော်(ခ) နေမင်းရာဇာ(ခ) ရာဇာ(ခ) ဂျွန်နေလင်း အသက်(၃၄)နှစ် ဖြစ်ပြီး များမကြာမီက နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူဟု သိရသည်။

“နောက်ကြောကို ကတ်ကြေးနှင့် နှစ်ချက်ထိုးပြီး ထွက်ပြေးသွားတယ်။  သူ့ကို ဖမ်းဆီးလိုက်ပါပြီ။  အချိန်နှင့် တစ်ပြေးညီ တရားခံကို ပြည်သူတွေနဲ့ ပူးပေါင်းပြီး ဖမ်းဆီးနိုင်ခဲ့တယ်”ဟု နယ်ထိန်း အဖွဲ့ခေါင်းဆောင် ဒုရဲအုပ် ရဲထွန်းက ပြောသည်။

ကတ်ကြေးဖြင့် အထိုးခံရသူအမျိုးသမီးမှာ သန်ပန်ချောင်း ရပ်ကွက်၊ ငါးလုပ်ငန်းဦးစီးဌာန ခြံဝင်းတွင်နေသူ  စက်မှုကြီးကြပ်ရေး ဦးစီးဌာနမှ ဒုတိယကြီးကြပ်ရေးမှူး ဒေါ်နီလာစိုး အသက်(၃၃)နှစ် ဖြစ်သည်။

သူမသည်  စက်တင်ဘာလ ၈ ရက်နေ့၊ နံနက် ၁၀ နာရီက သူငယ်ချင်းအမျိုးသမီးနှင့်အတူ နေအိမ်မှ စီးပွားရေးဘဏ်သို့အသွား ပြည်သာ ယာ စျေးအဝင်လမ်းတွင် စားသောက်ဖွယ်ရာများ ဝယ်ယူပြီး အပြန်တွင် မျိုးကျော်က ကတ်ကြေးဖြင့် နောက်ကျောကို နှစ်ချက်တိတိ ထိုးသွားခဲ့သည်ဟု ဆိုသည်။

ဒေါ်နီလာစိုးအား ကျောက်ဖြူဆေးရုံတွင် တင်ထားရပြီး စကားပြောနိုင်ပြီဖြစ်သော်လည်း ဘယ်ဘက် ပေါင်တစ်ခြမ်းမှာ မလှုပ်နိုင်သေးကြောင်း ဒုရဲအုပ် ရဲထွန်းက ဆက်လက်ပြောကြားသည်။

ကတ်ကြေးဖြင့် ထိုးခဲ့သူတရာခံ မျိုးကျော်က ထောင်ကလွတ်လာရင်လည်း နောက်ထပ် အမျိုးသမီးတွေကို ဓားနဲ့ လူအများအပြားကို ဆက်ပြီး ထိုးသွားမည်ဟု ကြံုးဝါးသွားခဲ့ကြောင်း မျက်မြင်တစ်ဦးဖြစ်သူ သွေးလှူရှင်အသင်း အတွင်းရေးမှူး ဦးညွန့်သိန်းက ပြောသည်။

ယခုထိုးမှု မဖြစ်ပွားမှီ အမျိုးသမီး ၃ ဦးကို နာရီစင်ကွင်းအနီးတွင် ဓားဖြင့် ထိုးရန်လိုက်ခဲ့ပြီး ထွက်ပြေး လွတ်မြောက်ခဲ့ကြောင်း သိရသည်။ တရားခံကို ပုဒ်မ၃၂၆နှင့် အမှုဖွင့်ထားကြောင်း ကျောက်ဖြူ စခန်းမှူး ရဲအုပ်စိုးကျော်က အတည်ပြုပြောကြားသည်။

ကတ်ကြေးဖြင့်ထိုးခဲ့သူ တရားခံ မျိုးကျော် (ခ) ရာဇာသည် ထောင်လေးကြိမ်ကျဖူးကြောင်း သိရသည်။ ၂၀၀၀ ခုနှစ်တွင် ကိုယ့်လက်ကို ဓားဖြင့် ထိုး၍ ထောင် ၆ လ ကျခဲ့ရပြီး ၂၀၀၅ခုနှစ်တွင် ဓားထိုးမှုဖြင့် ထောင်ဒဏ် ၃နှစ် ချခံရကာ ထောင်ထဲတွင် ၁နှစ်နှင့် ၁၁လနေခဲ့ရပြီး လွတ်လာခဲ့သည်။

၂၀၀၈ ခုနှစ်မှာ ဓားထိုးမှုဖြစ်ပြီး ထောင်ဒဏ်၂နှစ်ချခံရကာ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ၃လဖြင့် လွတ်လာသည်။ ၎င်းသူသည် ၂၀၁၂ခုနှစ်မှာ သာသနာ့ဗိမာန်ကို ဖြိုသတ်မှုဖြင့် ထောင်ဒဏ် ၃နှစ်ချခံခဲ့ရပြီး ထောင်ထဲတွင် တနှစ်ကျော် နေထိုင်ကာ နိုင်ငံတော် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် များမကြာမီက လွတ်မြောက်လာသူဖြစ်ကြောင်း သိရသည်။

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...