စစ်တွေမြို့ N X H Mobile ဖုန်းဆိုင် ဖောက်ထွင်းခံရ၍ ကျပ်သိန်း ၁၆၇ ကျော်ဖိုးဆုံးရှုံး

စစ်တွေမြို့ N X H Mobile ဖုန်းဆိုင် ဖောက်ထွင်းခံရ၍ ကျပ်သိန်း ၁၆၇ ကျော်ဖိုးဆုံးရှုံး
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် ဖုန်းအရောင်းဆိုင် တစ်ဆိုင် ဖောက်ထွင်း ခိုးယူခံရရာမှ ဖုန်းအလုံး ၅၀  အပါအဝင် ငွေသား သိန်းပေါင်း ၁၆၇ ဖိုး ဆုံးရှံးသွားခဲ့သည်ဟု  သတင်း ရရှိသည်။

၎င်းဖုန်းဆိုင်မှာ စစ်တွေမြို့ လမ်းမကြီး၊ ရုပ်ရှင်ရုံနားတွင်တည်ရှိသော ဦးစောအောင်နိုင် ပိုင်ဆိုင်သည့်  N X H Mobile ဖြစ်ပြီး ဖောက်ထွင်းခိုးယူခံရသဖြင့် လက်ကိုင်ဖုန်း အလုံး ၅၀ နှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် ငွေသား စုစုပေါင်း ကျပ် ၁၆၇ သိန်း အခိုးခံရကြောင်း စစ်တွေမြို့မ စခန်းမှူး ရန်နိုင်မှ နိရဥ္စရာသတင်းဌာနသို့ အတည်ပြု ပြောကြားသည်။

“ဟုတ်ကဲ့၊ ဖောက်ထွင်းခံရတယ်ဗျ။ ကျွန်တော်တို့ လာတိုင်သူကတော့ ဒီကနေ့ မနက် အစောကြီး ညဉ့် ၁ နာရီနဲ့ ၄နာရီ ကြားလောက်မှာ လာတိုင်တယ် ထင်တယ်။  ခိုးသွားတဲ့ အချိန်တော့ မသိဘူး။ ကျွန်တော်တို့ စစ်ဆေးချက်ကတော့  နှစ်ချက်တွေ့တယ်ဗျ၊ တစ်ချက်က  နောက်တံခါးကို မေ့ပြီးတော့ သေချာ မပိတ်မိတာလဲ ဖြစ်နိုင်တယ်။ နံပတ် နှစ် အချက်ကတော့ ရ နှစ် ၈နှစ်သားအရွယ် ကလေးငယ် တစ်ဦးဦးကို အပေါ်သော့နဲ့ အုပ်တန်းကြားက ဝင်ခိုင်းပြီး ဖောက်ထွင်း ခိုးယူတာလည်း ဖြစ်နိုင်တယ်။ ကျွန်တော် စစ်ဆေးချက်အရကတော့  အဲဒီနှစ်ခုထဲက တစ်ခုကတော့ သေချာပေါက် ကျိန်းသေ ဖြစ်နိုင်ပါတယ်”ဟု စခန်းမှူး ကိုရန်နိုင်မှ ပြောသည်။

N X H  Mobile ဖောက်ထွင်း ခံရပြီးနောက် စစ်ဆေးကြည့်ရာ တန်ဖိုးရှိ ဖုန်းအလုံးပေါင်း ၅၀ ကျော်နှင့် ဆက်စပ်ပစ္စည်းများ အပါအဝင် ငွေသား ကျပ်သိန်း ၁၆၇ ဖိုး ရှိကြောင်း ဆိုင်ပိုင်ရှင်၏ တိုင်ကြားချက်ကို ကိုးကားပြီး စခန်းမှူးက ပြောဆိုသည်။

“ဒီအမှုနဲ့ပတ်သက်လို့ တရာလို ဆိုင်ပိုင်ရှင်က ဒီကနေ့ ရဲစခန်းကို ရောက်လာတယ်။ တရားလိုက လည်း ဒီကိစ္စကို ရှေ့နေနဲ့လည်း တိုင်ပင်နေတယ်။ ကျွန်တော်တပ်ဖွဲ့ဝင်တွေလည်း တစ်မြို့လုံးမှာရှိတဲ့ မိုဘိုင်းဖုန်းဆိုင်တွေ၊ Service Center တွေကို လိုက်လံရှာဖွေနေတယ်။ ပျောက်သွားတဲ့ စက်ပစ္စည်း တွေ အမှတ်နဲ့၊ ပုံစံတွေ ယူထားတယ်။ စာရင်းဇယားတွေ ယူပြီးတော့ လိုက်လံ ရှာဖွေနေတယ်။ ဒီခိုးမှုနဲ့ ပတ်သက်ပြီးတာ့ ရောက်နိုင်တဲ့ တခြားမြို့တွေကိုလည်း အခု စတင် စေလွှတ်ပြီး စုံစမ်း စစ်ဆေးနေပါတယ်”ဟု ပြောသည်။

ဖုန်းဆိုင်ဖောက်ထွင်းခံရမှုနဲ့ပတ်သက်ပြီး တရားခံများကို ဖော်ထုတ်အရေးယူ ဖမ်းဆီးနိုင်ရန်  စုံစမ်းမူများ ပြုလုပ်နေပြီး ၎င်းအမှုကို ပုဒ်မ ၃၈၀/၂၀၁၅  နှင့် အမှုဖွင့်ထားကြောင်း သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...