ဦးစံရွှေအောင်မိသားစုမှ မောင်တောမြို့နယ် လေဘေးသင့်ကျေးရွာများသို့ ဆန်အိတ် ၉၅၅ အိတ်လှူဒါန်း

ဦးစံရွှေအောင်မိသားစုမှ မောင်တောမြို့နယ် လေဘေးသင့်ကျေးရွာများသို့ ဆန်အိတ် ၉၅၅ အိတ်လှူဒါန်း
by -
နိရဥ္စရာ
နယ်စပ်ရေးရာ ၀န်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန အမြဲတမ်းအတွင်းဝန် တာဝန်ခံ ညွှန်ကြားရေးမှူးချုပ် ဦးစံရွှေအောင်နှင့် ဇနီးဒေါ်အေးအေးသန်း မိသားစုတို့မှ ရခိုင်ပြည်နယ်တွင် လေဘေးသင့်မြို့နယ်တစ်ခုဖြစ်သော မောင်တောမြို့၊ တောင်ပြိုလက်ဝဲရှိ တိုင်းရင်းသားကျေးရွာ များဖြစ်သည့် သာယာကုန်း၊ သင်္ဘောလှ၊ မီးတိုက်၊ တောင်ပြို၊ နံသာတောင်ကျေးရွာများအတွက် ဆန်အိတ် ၉၅၅ အိတ် လှူဒါန်းခဲ့သည်ဟု သိရသည်။

၎င်းဆန်အိတ်များကို စက်တင်ဘာလ ၃ ရက်နေ့က စစ်တွေမြို့တွင် ရောက်ရှိနေသော နံ့သာတောင် ပရဟိတ ကျောင်းဆရာတော် ဦးစာရဏမှတဆင့် လှူဒါန်းခဲ့ခြင်းဖြစ်သည်ဟု နံသာတောင်ဆရာတော် ဦးစာရဏက နိရဥ္စရာသတင်းဌာနသို့ မိန့်ကြားသည်။

သာယာကုန်း၊ သင်္ဘောလှ၊ မီးတိုက်၊ တောင်ပြို၊ နံသာတောင်ကျေးရွာများ အတွက် ဆန်အိတ် ၂၄၀ ဖိုး ကျပ်ငွေ ၅၃ သိန်း၊ ဘင်္ဂလားဒေ့ချ် စစ်တကောင်း တောင်တန်းဒေသမှ ရခိုင်ပြည်နယ်တွင် လာရောက် အခြေချနေထိုင်သော တိုင်းရင်းသား မျိုးနွယ်စု အိမ်ထောင်စု ရ၁၅ စုအတွက် တစ်အိမ်ထောင်ကို ဆန်တစ်အိတ်ကျစီဖြင့် ဆန်အိတ် ရ၁၅ အိတ်ဖိုးအတွက် သိန်း ၁၀၀ ကျော်ကိုလည်း ပေးအပ်လှူဒါန်းခဲ့ သည်ဟု နံသာတောင်ဆရာတော် ဦးစာရဏက မိန့်ကြားသည်။

နံသာတောင် ပရဟိတကျောင်းပတ်သက်ပြီး နယ်စပ်ရေးရာ ၀န်ကြီးဌာန ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန အမြဲတမ်းအတွင်းဝန် တာဝန်ခံညွှန်ကြားရေးမှူးချုပ် ဦးစံရွှေအောင်ထံမှ ဆရာတော်ထံသို့ လည်း အမျိုးဘာသာ သာသနာအတွက် နယ်စပ်ဒေသတိုင်းရင်းလူမျိုးများ စာတတ်မြောက်ရေးကို ရည်မျှော်ပြီး အမြဲတမ်း ဂရုတစိုက် ကူညီလျှက်ရှိသည်ဟု ဆရာတော်က မိန့်ကြားသည်။

“ဒေါက်တာစံရွှေအောင်ဆိုရင် အမျိုးဘာသာ သာသနာအတွက် အားကိုးအားထားရတဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်း ဖြစ်ပါတယ်။ ရခိုင်သူ ရခိုင်သားတို့ရဲ့ အမှန်တကယ် အားကိုးထိုက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်လည်းဖြစ်တယ်လို့ မြင်မိပါတယ်”ဟု ဆရာတော်က မိန့်ကြားသည်။

လူပုဂ္ဂိုလ် တစ်ဦးအနေဖြင့် မည်သည့်နေရာ၊ မည်သည့် ဌာနသို့ ရောက်နေစာကာမူ မိမိလူမျိုး၊ မိမိ ဘာသာအတွက် ကြည့်ရှုစောင့်ရှောက်မည်ဆိုပါက မည်သည့်နေရာ၊ မည်သည့်ဌာနတွင် တာဝန်ကျ ပါစေ အဆိုပါ ပုဂ္ဂိုလ်သည် မည်သည့်အခါမှ သူများထက် နိမ့်ကျလိမ်မည်မဟုတ်ပဲ ထက်မြတ်သော နှလုံးသား၊ ထက်မြက်သော ဉာဏ်ပညာရှိသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ဖြစ်နေမည်ဟုလည်း ဆရာတော်က သူ့၏အမြင်ကို ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်တွင် ရေဘေးသင့်ပြီး မြို့နယ်အများအပြားရှိ ကျေးရွာများသို့ ကယ်ဆယ်ရေးပစ္စည်းများ ပေးပို့ရန် အခက်အခဲရှိနေစဉ်ကာလတွင်း၌လည်း ဦးစံရွှေအောင်သည် ရဟတ်ယာဉ်ဖြင့် ကိုယ်တိုင် သွားရောက်ပြီး ဆန်နှင့်လိုအပ်သော အခြားထောက်ပံ့ရေး ပစ္စည်းများကို ကူညီထောက်ပံ့ ချပေးခဲ့သည်ဟု ဦးဇင်းက မိန့်ကြားခဲ့သည်။

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...