မြန်မာနိုင်ငံရေး အပြောင်းအလဲတွင် တိုင်းရင်းသားပါတီများ၏ အခန်းကဏ္ဍ အရေးကြီးကြောင်း ရခိုင် အမျိုးသားပါတီခေါင်းဆောင် ဆို

မြန်မာနိုင်ငံရေး အပြောင်းအလဲတွင် တိုင်းရင်းသားပါတီများ၏ အခန်းကဏ္ဍ အရေးကြီးကြောင်း ရခိုင် အမျိုးသားပါတီခေါင်းဆောင် ဆို
by -
နိရဥ္စရာ
မြန်မာ့နိုင်ငံရေး အပြောင်းအလဲတွင် တိုင်းရင်းသားပါတီများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီး ကြောင်း ရခိုင်အမျိုးသားပါတိံ၏ ခေါင်းဆောင် တစ်ဦးဖြစ်သည့် ဦးဦးလှစောက ဆိုသည်။

ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ လမ်းမတော်ပလာဇာရှိ ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေး ရှင်း (NBF)ရုံးခန်း၌ စက်တင်ဘာ ၂ရက်၊ နေ့လည် ၁၂နာရီကပြုလုပ်သည့် ညီနောင်တိုင်းရင်းသားပါတီ များဖက်ဒရေးရှင်း(NBF)၏ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သတ်၍ မီဒီယာများအား ရှင်းလင်းပွဲအပြီးတွင် ဦးဦးလှစောက နိရဥ္စရာသတင်းဌာနကို ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြန်မာ့နိုင်ငံရေးအပြောင်းအ လဲမှာ တိုင်းရင်းသားပါတီတွေရဲ့ အခန်းကဏ္ဍဟာ အလွန်အရေးပါပါ တယ်။ ဒါကြောင့် NBFဟာ တိုင်းရင်းသားတွေအရေးကို လွှတ်တော်ထဲမှာ ရော့၊ လွှတ်တော်ပြင်ပမှာပါ ဆောင်ရွက်နေတာပါ။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာလည်း တွန်းအားပေးသလို NBF အနေနဲ့လည်း ပါဝင်ဆောင်ရွက်နေပါတယ်”ဟု ဆိုသည်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF)သည် ၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင်  ပြည်နယ်လွှတ်တော် ၉၄ ဦး၊ အမျိုးသားလွှတ်တော် ၂၄ဦး၊ ပြည်သူ့လွှတ်တော် ၄၂ ဦး၊ စုစုပေါင်း ၁၆၀ ဦး အနိုင်ရရှိခဲ့သည်။

၂၀၁၅ ရွေး ကောက်ပွဲတွင် ပြည်နယ်/တိုင်းဒေသကြိံးလွှတ်တော် ၃၈၁ ဦး၊ အမျိုးသား လွှတ်တော် ၁၁၆ဦး၊ ပြည်သူ့လွှတ်တော် ၁၈၄ဦးနှင့် တိုင်းရင်းသားရေးရာဝန်ကြိံး ၂၉ ဦး၊ စုစုပေါင်း ကိုယ်စားလှယ်လောင်း  ရ၁၀ ဦး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

“၂၀၁၀ ရွေးကောက်ပွဲထက် ၂ ဆ အနိုင်ရရှိရန် မျှော်လင့်ထားပါတယ်။ မျှော်လင့်ထားတဲ့အတိုင်း  အနိုင်ရမယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်မှာ သမ္မတ ရွေးချယ်ရာမှာ NBF ရဲ့ အခန်းကဏ္ဍဟာ ဒီထက်မက အရေးပါလာမှာ ဖြစ်ပါတယ်”ဟု သူက ဆိုသည်။

ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း(NBF)သည် ၂၀၁၀ခုနှစ် စက်တင်ဘာလ ၁၈ရက်နေ့ တွင် ရန်ကုန်မြို့၌ ချင်း၊ရှမ်း၊ရခိုင်၊မွန် စသည့် တိုင်းရင်းသားပါတီ ၅ ခုဖြင့် စတင် ဖွဲ့စည်းခဲ့သည်။ ယခုအခါ တိုင်းရင်းသားပါတီ ၂၃ ပါတီ အဖွဲ့ဝင်အဖြစ် ပါရှိကြောင်း သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...