ကျောက်ဖြူတွင် ကလေးငယ် ၄ ဦးအပါအဝင် လူ ၁၁ ဦး ခွေးရူးကိုက်ခံရ

ကျောက်ဖြူတွင် ကလေးငယ် ၄ ဦးအပါအဝင် လူ ၁၁ ဦး ခွေးရူးကိုက်ခံရ
by -
နိရဥ္စရာ
ကျောက်ဖြူတွင် ခွေးရူ ပေါများနေပြီး သြဂုတ်လ၂၈ရက်နေ့ တစ်နေ့တည်းအတွင်း ကျောင်းသား ကလေးငယ်၄ဦး အပါအဝင် လူ စုစုပေါင်း ၁၁ ဦး ခွေရူး ကိုက်ခံခဲ့ရသည်ဟု သတင်းရရှိသည်။

ခွေးရူးကိုက်ခံသူများ အထဲတွင် ကျား၃ဦး၊ မ ၄ဦးနှင့် ကျောင်းသားကလေးငယ် ၄ဦး ဖြစ်ပြီး ယခုအခါ ၎င်းတို့အားလုံးကို ခွေးရူးကာ ကွယ်ဆေး ထိုးထားပြီဖြစ်ကြောင်း ကျောက်ဖြူမြို့ စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးသန်းလွင်က နိရဥ္စရာသို့ ပြောသည်။

“ခွေးရူးတွေက တခြားခွေးအကောင်း အများအပြားကိုလည်း ကိုက်သွားခဲ့တယ်။ ဒီအတွက် ကျောက်ဖြူမြို့ပေါ်ရှိ ခွေးတွေ ခွေးရူးရောဂါ ကူးစက်ပြီး ပိုပြီး ခွေးရူးများလာရင် ဒီထက် အန္တရာယ် ပိုရှိနိုင်တယ်။ ခွေးရူးတွေ ပပျောက်သွားအောင် အဆိပ်ချပြီး ရှင်းလင်းအောင်လုပ်သွားဖို့ စီစဉ်နေပါတယ်”ဟု ဦးသန်းလွင်က ပြောသည်။

ခွေးရူးများ ပေါလာသည့်အတွက် သြဂုတ်လ၂၉ရက် ညနေ၃နာရီခန့်မှ စတင်၍ ခွေးရူးရှင်းလင်းရေး လုပ်ဆောင်များ ပြုလုပ်သွားမည်ဟု သိရသည်။

“ခွေးရူးတွေ ရှင်းလင်းသွားအောင် မြို့ခံတွေအနေနဲ့လည်း ပူးပေါင်းလုပ်ဆောင်သွားဖို့ ရှိတယ်။ တခြား ခွေးတွေကိုလည်း ထပ်မံပြီး ကိုက်သွားတယ်ဆိုတော့ အန္တရာယ်ရှိတယ်။ ခွေးရူးတွေ အများအပြား ပြန့်နေတာဆိုတော့ ကျောင်းသားတွေ၊ ကလေးငယ်တွေကို ထပ်ပြီး အကိုက်ခံရမှာကို စိုးရိမ်ရတယ်” ဟု ကျောက်ဖြူမြို့ခံ ကိုထွန်းထွန်းနိုင်က ပြောသည်။

လွန်ခဲ့သောလကလည်း ခွေးရူးကိုက်ခံရမှုကြောင့် စေတီတောင်ရပ်ကွက်မှ လူတစ်ဦးနှင့် အုန်းတောကျေးရွာမှ လူတစ်ဦး သေဆုံး ခဲ့ကြောင်း သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...