မောင်းတော-ဘူးသီးတောင်လမ်းပျက်၍ ခရီးသွားများ အထူးအခက်အခဲဖြစ်

မောင်းတော-ဘူးသီးတောင်လမ်းပျက်၍ ခရီးသွားများ အထူးအခက်အခဲဖြစ်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် အနောက်ဘက်နယ်စပ်တွင် တည်ရှိသော တစ်ခုတည်းသော ကုန်သွယ်ရေး လမ်းမ ဖြစ်သည့် ဘူးသီးတောင်- မောင်တော ကားလမ်းမှာ ကိုမန်မုန်တိုင်းတိုခတ်ပြီး ရေကြီးစဉ်ကတည်းက  ပြိုပျက်နေသဖြင့် ခရီးသွားလာရာတွင် ပြည်သူများအနေဖြင့် အထူး အခက်အခဲများနှင့် ရင်ဆိုင်နေကြသည်ဟု ဒေသခံများက သတင်းပေးပို့သည်။

“အခု ကားလမ်းပျက်နေတာက မုန်တိုင်းတိုက်ခတ်ပြီး ရေကြီးတဲ့ အချိန်ကတည်းကပါ။ အင်ဂျင်နီယာ တွေက လုပ်တယ်။ နေပူတော့ ကားငယ်တွေနဲ့ နည်းနည်း သွားလို့ရတယ်။ မိုးရွာတော့ တောင်ပေါ်က ရွံ့နွံတွေ ပြန်စီးကျလာပြီး ကားလမ်းကို ဖုံးသွားတယ်။ ပြန်ပြီး လုပ်တယ်။ ပြန်ပျက်တယ်။ အဲသလို ဖြစ်နေပါတယ်”ဟု မောင်တော ဒေသခံတစ်ဦးက ပြောသည်။

ကားလမ်းပျက်နေသော နေရာမှာ မောင်တောဘက်ခြမ်း ရ မိုင်နှင့် ၈ မိုင်အကြားတွင် ဖြစ်ပြီ ကိုက် ၅၀၀ ကျော် ပျက်စီးနေသည်ဟု ဆိုသည်။

“ကုန်တင်ကားကြီးတွေက သွားလို့ မရဘူး။ ကားအသေးမှာတောင်မှ ဖိုးဝီးလ်တို့လို့ ကားတွေသွားမှ ရတယ်။ ပျက်နေတဲ့ နေရာကို လူတွေက ဆင်းလျှောက်ပြီး ဟိုဘက်နဲ့ ဒီဘက်ကား ပြောင်းပြီး စီးနေရတယ်။ ခရီးသွားတဲ့ လူတွေ အထူးဒုက္ခရောက်နေကြပါတယ်”ဟု ဆိုသည်။

ယခုကဲ့သို့ ကားလမ်း အခြေအနေကြောင့် သယ်ယူပို့ဆောင်ရေး စရိတ်တိုးမြင့်ရာမှ မောင်တောတွင် ကုန်ပစ္စည်း များလည်း စျေးမြင့် တက်နေသည်ဟု သိရသည်။

မောင်တော- ဘူးသီးတောင်ကားလမ်းသည် ဘင်္ဂလာဒေ့ရှ်နှင့် ကုန်သွယ်ရာတွင် အဓိက အရေးပါသော ကုန်သွယ်လမ်းမဖြစ်ပြီး ၁၆ မိုင်ခရီးသာရှိပြီး ကားလမ်းပေါ်တွင် တောင်ကိုဖြတ်ဖေါက်ထားသော တောင်ခေါင်း (ဥမင်လိုဏ်ခေါင်း)  ၂ ခု ရှိကြောင်း သိရသည်။ မောင်းတော- ဘူးသီးတောင် ကားလမ်း နှင့်အတူ ရထားလမ်း တစ်ခုကိုလည်း ဗြိတိသျှတို့ မြန်မာနိုင်ငံကို အုပ်စိုးစဉ်  ဖောက်လုပ်ခဲ့သည်။  မြန်မာနိုင်ငံ လွတ်လပ်ရေး ရလာပြီးနောက် ယင်းရထားလမ်းကို အသုံးမပြုတော့ကြောင်း သိရသည်။

မောင်တော- ဘူးသီးတောင်ကားလမ်းကို နှစ်စဉ် ပြုပြင်မွန်းမံသော်လည်း မိုးရာသီရောက်တိုင်း မြေပြို၍ ပျက်စီးလေ့ရှိကြောင်း သိရသည်။ ယခုနှစ်တွင် လမ်းပျက်စီးနေသော်လည်း မပြုပြင်နိုင်ခြင်းမှာ ဘတ်ဂျက်မရှိ၍ ဖြစ်ကြောင်း လမ်းအင်ဂျင်နီယာတစ်ဦးက ပြော သည်ဟု မောင်တောဒေသခံက ပြောဆိုသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...