ကချင်ပြန် ရခိုင်များ နေစရာမရှိ၍ အခက်ကြံု

ကချင်ပြန် ရခိုင်များ နေစရာမရှိ၍ အခက်ကြံု
by -
နိရဥ္စရာ
နေစရာ အိမ်မရှိသဖြင့် ကချင်ပြည်နယ်မှ ပြန်လာကြသော ရခိုင်မိသားစုများမှာ  အခက်အခဲများနှင့် ရင်ဆိုင်နေရသည်ဟု ပြန်လာ သူတစ်ဦးက ပြောသည်။

“ပြန်လာခါစတုန်းက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်းက ၃၅ သိန်းတန် အိမ်ဆောက်ပေး မယ်လို့ ပြောခဲ့ပါတယ်။ ခုအချိန်အထိ ငွေကျပ် တစ်သိန်းနဲ့ ဆိတ်တစ်အိတ်ကလွဲပြီး ဘာအကူအညီမှ မရကြသေးပါဘူး။ ရေဘေးကိစ္စကြံုလာတော့ ကျွန်တော်တို့ကိစ္စကို မေ့သွားကြပြီထင်ပါတယ်”ဟု ကချင်မှ ရခိုင်သို့ ပြန်လာသူ ကိုစိုးအောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ကချင်ပြည်နယ်အခြေစိုက် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့နှင့် ရခိုင်ပြည်နယ်အစိုးရတို့က ပူးပေါင်း စီစဉ်မှုဖြင့် ရခိုင်ပြည်နယ်သို့ ပြန်ရောက်လျှင် အလုပ်ရမည်၊ အိမ်ဆောက်ပေးမည်ဟု ပြောဆို၍ သူတို့ ပြန်လာခြင်းဖြစ်သည်ဟု သူက ဆိုသည်။

“ကျွန်တော် ပုဏ္ဏားကျွန်းမြို့ပေါ်မှာ နေပါတယ်။ အဖေအမေတွေလည်း မရှိတော့ဘူး။ အခုက အလုပ် လက်မဲ့ဖြစ်နေပြီး နေစရာနေရာမရှိဖြစ်နေပါတယ်။ ဟိုလူ့အိမ်မှာ ၄ ရက်၊ ဒီလူ့အိမ်မှာ ၃ ရက် အဲသလိုမျိုး လှည့်ပတ်ပြီး နေနေရပါတယ်။ ဘုန်းကြီးကျောင်းမှာ တောင်းနေရင်လည်း ဘုန်းကြီးက ပေးမနေပါဘူး။ အခက်အခဲ တော်တော်ရောက်နေပါတယ်”ဟု က မိန်းမနှင့်ကလေးနှစ်ယောက်ရှိပြီး အလုပ်လက်မဲ့ဖြစ်နေကာ နေစရာမရှိဖြစ်နေသော ကိုစိုးအောင်က ပြောသည်။

မင်းပြားမြို့နယ် မညှင်းပြင်၊ အုတ္တရာ၊ အိုင်ဝမ်းနှင့် လဟာကျယ် ကျေးရွာများတွင်လည်း ကချင်မှ ပြန်လာသူ ၆၀ ကျော်လောက်ရှိပြီး ရခိုင်ပြည်နယ်အစိုးရထံမှ အလုပ်အကိုင်ရှာပေးမှု၊ အိမ်ဆောက်ပေး မှု မရှိသေးသဖြင့် နေရာထိုင်ခင်းနှင့် စားရေးသောက်ရေးအခက်အခဲနှင့်ရင်ဆိုင်နေကြရသည်ဟု ရခိုင်အမျိုးသားပါတီ မင်းပြားမြို့နယ်မှ ပြန်ကြားရေးတာဝန်ခံ ဦးသိန်းစံက အတည်ပြုပြောကြားသည်။

ကချင်မှပြန်လာသူများကို ရခိုင်ပြည်နယ်အစိုးရအစီအစဉ်ဖြင့် ၎င်းတို့နေထိုင်ရာ သက်ဆိုင်ရာမြို့နယ် ကျေးရွာများသို့ ပြန်ပြီးနေ ထိုင်ခဲ့သည်ဟု သိရှိရသည်။

သို့သော် ပေးခဲ့သည့် ကတိအတိုင်း အိမ်ဆောက်ပေးခြင်း၊ အလုပ်အကိုင်ရှာဖွေပေးခြင်းတို့ မပြုလုပ်ပေးနိုင်သေးသဖြင့် ဘဝရှင်သန် ရပ်တည်ရန် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်ဟု လေ့လာသိရှိရသည်။

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...