ရေးကြီးမှုကို အဓိက ခံခဲ့ရသော မြောက်ဦးဒေသရှိ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များနှင့် ပတ်သက်ပြီး ရခိုင်ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ဥက္ကဋ္ဌ ဒေါ်ခင်သန်းနှင့် အင်တာဗျူး

ရေးကြီးမှုကို အဓိက ခံခဲ့ရသော မြောက်ဦးဒေသရှိ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များနှင့် ပတ်သက်ပြီး ရခိုင်ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေး ဥက္ကဋ္ဌ ဒေါ်ခင်သန်းနှင့် အင်တာဗျူး
by -
နိရဥ္စရာ
မေး-ဆရာမရဲ့ တာဝန်နဲ့လက်ရှိလုပ် ဆောင်နေတဲ့ တာဝန်ကို ရှင်းပြပေးပါ။ဖြေ-ကျွန်မနာမည်က ဒေါ်ခင်သန်းပါ။ လက်ရှိလုပ်ဆောင်နေတဲ့ တာဝန်တွေက တော့ ဒေါက်တာ စောမြအောင်ဖောင် ဒေးရှင်းမှာ ဘဏ္ဍာရေးမှူးပါ။ နောက် တစ်ခါ ရခိုင်ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းရေးမှာတော့ ဥက္ကဋ္ဌ။ ရခိုင်ပြည်နယ် ပြည်သူ့လွှတ်တော်မှာတော့ ဥပဒေအရ အကြံပေး အစရှိသဖြင့် လုပ် ငန်းတွေ လုပ်ဆောင်နေပါ တယ်။

မေး-ဟုတ်ကဲ့ ဆရာမခင်ဗျာ။ မြောက်ဦး ဆိုတာကလေ။ တကယ့်ရှေးဟောင်းအ မွေအနှစ်တွေ တကယ်ပေါများတဲ့နေရာ ပါ။ အဲဒီလိုနေရာမှာ အခုလိုရေကြီးတော့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို ထိခိုက်ပျက်စီးသွားတာမျိုး တွေ့ရပါလား။
ဖြေ-ရှိပါတယ်။ မြောက်ဦးမှာရှိတဲ့ ဘုရားတွေကတော့ တောင်ပေါ်မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ မြောက်ဦးမှာတော့ ပျက်စီးမှုနည်းတယ်လို့ ဆိုရပေမဲ့ လည်းပဲ ဝေသာလီရေလွှမ်းတဲ့နေရာမှာ ဝေသာလီတူးဖော်မှု ကုန်းတွေရှိပါတယ်။ ဓညဝတီမှာလည်းပဲ ဓညဝတီ တူးဖော်မှု ကုန်းတွေရှိပါတယ်။ ဝေသာလီတူးဖော်မှု ကုန်းတွေဟာ ရေမြုပ်သွားပြီးတော့မှ ပျက်စီးမှုအချို့ရှိပါတယ်။ ပြန်လည်ပြင် ဆင်ရမှာဖြစ်ပြီးတော့မှ ဓညဝတီမှာ လည်း ပြန်လည်စစ်ဆေးပြီးတော့မှ တူး ဖော်မှုကုန်းတွေကို ပြန်လည်ပြီးတော့မှ ပြုပြင်ရမယ့်၊ ထိန်းသိမ်းရမယ့် အနေအထားတွေရှိနေပါတယ်။

မေး-ဟုတ်ကဲ့ဆရာမခင်ဗျား။ အခု မြောက်ဦးမြို့မှာ ရေကြီးတဲ့ အတွေ့အ ကြုံ အရင်က ရှိခဲ့ဖူးပါလား။
ဖြေ-မြောက်ဦးမြို့မှာ အရင်ကတော့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ မြင့်တက်မှုဟာ အရင်တုန်းက လေးပေ၊ ငါးပေလောက်ပဲရှိ  ပြီးတော့ အခုကျတော့ ဆယ်ပေကျော်ထိ မြင့်တာကိုတွေ့ရပါတယ်။

မေး-ဟုတ်ကဲ့။ ဒီလိုရေကြီးမှုကြောင့် တ ချို့ရှေးဟောင်းအမွေအနှစ်ပစ္စည်းတချို့ ပျက်စီးသွားတာ ရှိတယ်။ အဲဒီမှာ ရေတွေဝင်တဲ့အတွက် ထိခိုက်မှုတွေ လည်း ရှိတယ်ဆိုတော့  အဲဒါတွေကိုပြန်လည် ပြုပြင်ဖို့အတွက် ဘယ်လိုလုပ်ရင်ရနိုင်မလဲလို့ ဆရာမ ထင်မြင်ပါလဲ။
ဖြေ-ကျွန်မတို့က အဲဒီတူးဖော်မှုအပေါ် မှာ နစ်သွားတဲ့နွံတွေကိုဖယ်ရှားပြီးတော့  မှ ကွန်ဆာဗေးရှင်း ( Conservation) ဝင်ရမယ့် အနေအ ထားရှိပါတယ်။

မေး-မြောက်ဦး မြို့ပေါ်မှာရော အထိ အခိုက်ရှိပါလား။
ဖြေ-မြောက်ဦးမြို့ပေါ်မှာတော့ ထိခိုက် မှုရှိပေမဲ့လည်း နည်းတယ်။

မေး-ဟုတ်ကဲ့။ ဆရာမအနေနဲ့ ရှေး ဟောင်းယဉ်ကျေးမှု အမွေအနှစ်နဲ့ပတ် သက်ပြီးတော့ ရေကြီးတဲ့နောက်ပိုင်းမှာ ပေါ့လေ။ ဆရာမအမြင်၊ လုပ်ဆောင်လို့ ရမယ့်နည်းလမ်းကို ရှင်းပြပေးပါ။
ဖြေ-ကျွန်မတို့ မြောက်ဦးမြို့မှာ နဂိုတုန်းက ကျုံးတွေ၊ မြောင်းတွေ၊ ချောင်းတွေ၊ ရေစီးရေလာ ကောင်းမွန်အောင် လုပ်ထားတယ်။ ရှေးက ဘုရင်တွေလုပ်ခဲ့ကြတဲ့ သာဓကတွေ အများကြီးရှိပါတယ်။ အဲဒါတွေကို ပြန်လည်ပြီးတော့မှ ဖော် ထုတ်ရင် ရှေးဟောင်း ယဉ်ကျေးမှုအမွေ အနှစ်တွေကို ဖော်ထုတ်ရာလည်း ရောက်သလို ပြည်သူလူထုတွေရဲ့ ခု ရှိနေတဲ့ ခံစားနေရတဲ့ ရေစီးရေလာခက်ခဲတဲ့ အတွက်ကြောင့် ရေနစ်မြုပ်မှုတွေကလည်း  ကင်းဝေးပြီးတော့မှ သက်သာမှုတော့ ရှိပါမယ်။ အခု ရေကြီးမှုကတော့ ဒီ ကျုံး တွေပိတ်ဆို့နေတယ်လို့တော့မဟုတ်ဘူး။ အခုကတော့ သဘာဝဘေး အန္တရာယ်ကြောင့် ဖြစ်ပါတယ်။ ဒါပေမဲ့ မကြာခဏ သဘာဝဘေးအန္တရာယ်ကြောင့်ပဲဖြစ်ဖြစ် ရေစီး ရေလာမကောင်းလို့ဘဲ ဖြစ်ဖြစ်၊ ရေနစ်မြုပ်မှုကတော့ မြောက်ဦးမြို့မှာ အမြဲတမ်းရှိနေတဲ့အတွက် ဒီနဂိုတုန်းက ရှိနေတဲ့ ကျုံးတွေ၊ မြောင်းတွေ၊ ချောင်းတွေ၊ ရေစီးရေလာ ကောင်းမွန်အောင် လုပ်ထားဖို့ လိုပါတယ်။

မေး-ဟုတ်ကဲ့။ အခု မြောက်ဦးဒေသခံ တွေက ပြောပါတယ်။ မြောင်းတွေ၊ ကျုံး တွေပေါ့လေ။ တအား ကျဉ်းသွားတယ်လို့ ပြောပါတယ်။ အဲဒီချောင်းတွေမြောင်း တွေက ရေထွက်တာလည်း ပိတ်နေတယ်လို့ ပြောပါတယ်။ အဲဒီတော့ ဒီဟာတွေ ကို ရှေးဟောင်းယဉ်ကျေးမှု သုတေသန ပညာရှင်တစ်ယောက် အနေနဲ့ ဒီကျုံးတွေကို ပြန်လည်တူးဖော်ဖို့ လိုအပ်/ မအပ်။  ပြန်လည်ပြီးတော့ ပြုပြင်ဖို့ လိုအပ်/ မလိုအပ်ဆိုတဲ့ အပေါ်မှာ ဆရာမ ဘယ်လိုမြင်ပါလဲ။
ဖြေ-ကျွန်မတို့ ကမ္ဘာ့ယဉ်ကျေးမှုအမွေ အနှစ်ကိုဝင်ပြီးတော့ မြောက်ဦးမြို့ကို အကောင်းဆုံး ခံတပ်မြို့ အဖြစ်နဲ့ ပြမယ်ဆိုရင်တော့ ဒီကျုံးတွေကိုပြန်လည်တူး ဖော်ပြီးတော့မှ ပြလို့ရှိရင် ကမ္ဘာမှာ ရခိုင်ရဲ့ လက်ရာတွေဟာ၊ ရခိုင့်ရဲ့ နည်းပညာ၊ နည်းစနစ်တွေဟာ ဘယ်လောက်ထိ တိုးတက်ကောင်းမွန်ခဲ့ တယ်ဆိုတာကို ကမ္ဘာသူ၊ ကမ္ဘာသားတွေ လေ့လာလို့ရမယ်လို့ ထင်ပါတယ်။

January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...
January 22, 2026
ရခိုင်ပြည်တွင် ရခိုင်ရိုးရာရက္ကန်းထည်ရက်လုပ်ရာ၌ ကုန်ချောထုတ်လုပ်ရန်လိုအပ်သည့်...