ဖားကန့် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့စုပေါင်း၍ ရခိုင်ရေဘေးအတွက် ကျပ်သိန်း ၈၀၀ ကျော်လှူဒါန်း

ဖားကန့် ရခိုင်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့စုပေါင်း၍ ရခိုင်ရေဘေးအတွက် ကျပ်သိန်း ၈၀၀ ကျော်လှူဒါန်း
by -
နိရဥ္စရာ
ဖားကန့်ရောက် ရခိုင်စာပေနှင့် ယဉ်ကျေးမှု စုပေါင်း အဖွဲ့မှ ရခိုင် ရေဘေးသင့်ပြည်သူများအတွက် ကျပ် (၈၀၀) သိန်းရှစ်ရာကျော်ဖိုးရှိ ရေဘေးအကူအညီများကို ရခိုင်ပြည်နယ်သို့ သွားရောက်လှူဒါန်းခဲ့ သည်ဟု သတင်းရရှိသည်။

ဖားကန့်ရောက် ရခိုင်စာပေနှင့် ယဉ်ကျေးမှု  စုပေါင်း အဖွဲ့မှ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်မှ ကျေးရွာပေါင်း၂၀၊ မြောက်ဦးမြို့နယ်ကျေး ရွာပေါင်း၂၈ ရွာ၊   ကျောက်တော်မြို့နယ် ကျေးရွာပေါင်း ၁၄ ရွာ၊ ပုဏ္ဍားကျွန်းမြို့နယ် ကျေးရွာပေါင်း ၁၂၊ စုစုပေါင်း ကျေးရွာပေါင်း ရ၄ ရွာ ကို အဖွဲ့ သုံးဖွဲ့ ခွဲပြီး သွားရောက်လှူဒါန်းခဲ့ကြောင်း ဖားကန့်ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့၊ အတွင်းရေမှူး ကိုပေါက်စက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“ရေဘေးသင့် နယ်မြေတွေကို အမြန်ရောက်စေချင်တဲ့ဆန္ဒနဲ့ ကျွန်တော်တို့အဖွဲ့သုံးဖွဲ့ခွဲပြီးသွားရောက် လှူဒါန်းခဲ့ပါတယ်။ ရေနစ်မြုပ်ခဲ့တဲ့ နေရာတွေထဲမှာ ကျွန်တော်တို့ရခိုင်ပြည်နယ်ဟာ လူသေမှုအများ ဆုံးနဲ့ ပျက်စီးဆုံးရှုံးမှု အများဆုံး ဒေသဖြစ်တယ်။  ဒီလို ဒုက္ခရောက်နေတဲ့ အဖရခိုင်ပြည်သူတွေနဲ့ ကျွန်တော်တို့ ထပ်တူထပ်မျှ ခံစားရတဲ့အတွက်ကြောင့် ခုလို လာရောက်ကူညီလှူဒါန်းရခြင်း ဖြစ်ပါတယ်”ဟု ကိုပေါက်စက ပြောသည်။

ဖားကန့်ရောက်ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့မှ စုစုပေါင်း ဆန်အိတ် ၂၀၀၅ အိတ်၊ ဆားအိတ် ၃၂၀ အိတ်၊ စာအုပ် ဒါဇင် ၁၀,၀၀၀ နှင့် စားနပ် ရိက္ခာများ လက်ရှိတန်ဖိုး  စုစုပေါင်း ကျပ်သိန်း ၈၆,၈၆၆,၀၀၀ (ရှစ်ရာ ခြောက်ဆယ် ရှစ်သိန်း ၆သောင်း ၆ထောင်ကျပ်တိတိ) ကို ရခိုင်ပြည်နယ်ရေ ဘေးသင့်နေရာများသို့ သွားရောက်လှူဒါန်းခဲ့သည်ဟု ဆိုသည်။

ရခိုင်ပြည် ရေဘေးသင့်ဒေသများသို့ သွားရောက်ခဲ့ပြီး ရေဘေးသင့်ပြည်သူများကို မြင်တွေ့ခဲ့ရပုံနှင့် ပတ်သက်ပြီးလည်း ကိုပေါက်စက ယခုလိုပြောသည်။

“တော်တော်ဆိုးဆိုးဝါးဝါးပါပဲခင်ဗျာ့။ တစ်ချို့ နေရာတွေဆိုရင် စက်လှေတွေနဲ့တောင်သွားလို့မရဘူး။ ကားလမ်း မပြောနဲ့ လူသွားလမ်းတောင် ကောင်းကောင်း မရှိဘူး။ တချို့ ရွာတွေဆိုရင် ကယ်ဆယ်ရေး အဖွဲ့တွေ တစ်ဖွဲ့နှစ်ဖွဲ့ပဲ ရောက်တယ်။ တစ်အိမ်ထောင်ကို ဆန် ၈ လုံး (ဗူး)၊ ၉ လုံး (ဗူး) လောက်ပဲ ရတာရှိတယ်။ ဆန်နဲ့အစား အသောက်တွေက ကျွန်တော်တို့ထင်ထားတာထက် အများကြီး လိုအပ်နေပါတယ်”ဟု ပြောသည်။

ယခုသွားရောက်ကူညီခဲ့သော ဖားကန့်ရောက် ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ စုပေါင်းတွင် အဖွဲ့ဝင် ရ ဦး ပါဝင်ပြီး  ရခိုင်ပြည်နယ်ရေဘေးသင့် ဒေသများသို့ သုံးည လေးရက်ခရီး သွားရောက်ကူညီးခဲ့ခြင်း ဖြစ်ပြီး သြဂုတ် ၂၁ရက်နေ့က စစ်တွေမြို့သို ့ပြန်လည်ရောက်ရှိခဲ့ကြောင်း သိရသည်

ဖားကန့်ရခိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့ကို ၂၀၀ဝခုနှစ်တွင်  စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...