ရခိုင်ရေဘေးသင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းရှင် ဒေါ်ပိုးဖြူ မိသားစုမှ ကျပ်သိန်းပေါင်း တစ်ထောင်လှူဒါန်း

ရခိုင်ရေဘေးသင့်ပြည်သူများအတွက် စီးပွားရေးလုပ်ငန်းရှင် ဒေါ်ပိုးဖြူ မိသားစုမှ ကျပ်သိန်းပေါင်း တစ်ထောင်လှူဒါန်း
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်ရှိ ရေဘေးသင့် ပြည်သူများအတွက် ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင် ဒေါ်ပိုးဖြူ မိသားစု မှ ကျပ်သိန်းပေါင်း ၁၀၀၀ (တစ်ထောင်) လှူဒါန်းခဲ့သည်။

ယင်းလှူဒါန်းသည့် အခမ်းအနားအား ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်၊ ရွှေတိဂုံစေတီတော် အရှေ့ဖက် မုခ်အနီးရှိ  ရခိုင်ပြည်နယ်ဓမ္မာရုံ၌ သြဂုတ် ၁၅ရက်၊ နေ့လယ် ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့  ဒေါ်ပိုးဖြူ မိသားစုနှင့် လုပ်ဖော်ကိုင်ဘက်များ၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးစံရွှေအောင်၊ ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်၊ ရခိုင်သမိုင်းပညာရှင် ဆရာ ဒေါက်တာ အေးချမ်း၊ ၊မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်း၊ လေးဝတီ ရခိုင်တေးဂီတအဖွဲ့မှ  ရခိုင်မင်္ဂလာစည်တော် အဖွဲ့များ ၊ ဖိတ်ကြားထားသူ လူပေါင်း ၃၀၀ ကျော် တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် ဒေါ်ပိုးဖြူက  ရခိုင်ရေဘေးသင့်ပြည်သူများအား ကျပ်ငွေ သိန်းပေါင်း တစ်ထောင်လှူဒါန်း ရခြင်းနှင့် ပတ်သက်ပြီး ယခုလို ပြောကြားသည်။

“မြန်မာနိုင်ငံရဲ့ အနောက်ဖက် တံခါးကို ကာကွယ်စောင့်ရှောက်နေတဲ့ ရခိုင်လူမျိုးတွေရဲ့ စိတ်ဓာတ်ကို အသိအမှတ်ပြုတာ ရယ်။ နောက်တစ်ခုက အခုလို ရခိုင်လူမျိုးတွေရဲ့ အမျိုးဘာသာ သာသနာကို စောင့်ရှောက်တာဟာ ကျွန်မတို့အတွက် အထူးမြတ်နိုး လေးစားဖွယ်ရာ ဖြစ်တဲ့အတွက် ဒီအလှူကို ပြုလုပ်ရတာ ဖြစ်ပါတယ်”ဟု  အလှူရှင် ဒေါ်ပိုးဖြူက အခမ်းအနားတွင် ပြောကြားသည်။

နယ်စပ်ရေးရာ ဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးစံရွှေအောင်မှလည်း “ကျွန်တော်တို့ ရခိုင်လူမျိုးတွေကို စာနာထောက်ထား စိတ်နဲ့ ခုလို လှူဒါန်းတဲ့အတွက် အထူးဝမ်းသာပါတယ်။  ရခိုင်လူမျိုးတွေကို လေးစားတန်ဖိုးထားပြီး  ကူညီလှူဒါန်းတဲ့အတွက် ဒေါ်ပိုးဖြူနဲ့ မိသားစုကို ရခိုင်လူမျိုးများ ကိုယ်စား ကျေးဇူး အများကြီးတင်ပါတယ်”ဟု ပြောဆိုသည်။

ဒေါ်ပိုးဖြူ၊ သမီး မပိုးဝတ်ရည်အောင်ကြီးနှင့် ကိုမိုးကျော်ရွှင် တို့မှ လှူဒါန်းသည့်  ကျပ်သိန်း ၁၀၀၀ အား  အမြဲတမ်း အတွင်းဝန် ဦးစံရွှေအောင်က လက်ခံရယူပြီး ၎င်းအလှူငွေ ချက်လက်မှတ်အား  မြောက်ဦးမြို့ နန်းဦးကျောင်းတိုက်ဆရာတော်  ဦးပညာဝံသ နှင့် မင်းပြားမြို့ ဓမ္မိကာရုံ ဆရာတော်တို့အား အခမ်းအနားတွင် လွဲပြောင်းပေးအပ်ခဲ့သည်။

ဒေါ်ပိုးဖြူနှင့် မိသားစုမှာ ဦးစံရွှေအောင်နှင့် ဇနီး ဒေါ်အေးအေးသန်းတို့နှင့် အထူးရင်းနှီးသူများ ဖြစ်ကြပြီး ရခိုင်လူမျိုးများ အပေါ် အထူးလေးစားသော မိသားစုတစ်ခုဖြစ်ကြောင်း သိရှိရသည်။

ဒေါ်ပိုးဖြူသည် ရခိုင်ရေဘေးဖြစ်ပွားပြီး ရက်အနည်း အတွင်းကလည်း  လေးကျွန်းသူအဖွဲ့ကို ဦးဆောင်ပြီး ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ကာ ကျပ်သိန်းပေါင်း ၃၆၀ လှူဒါန်းခဲ့သည်ဟု သိရသည်။ ယခု လှူဒါန်းမှုသည် ဒုတိယ အကြိမ် ဖြစ်ကြောင်း သိရသည်။

May 19, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ တောင်မော်ဦး၊ရေတပ်စခန်း...
May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...