စစ်တွေမြို့ သို့ ရခိုင်ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန် ရောက်ရှိနေသော ဦးဖေသိန်းက နိရဥ္စရာသတင်းဌာန မှ တွေ့ဆုံ မေးမြန်းစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ ရခိုင်ဝန်ကြီး ဦးဇော်အေးမောင်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရန်ကုန်ရှိ ရခိုင်အဖွဲ့ပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ရခိုင်ပြည်နယ် ဘေးဒုက္ခ ကယ်ဆယ်ရေး ကော်မတီသည် ယခုအခါ ရခိုင်ရေဘေးသင့်ပြည်သူ များအား ဆန်အပါအဝင် စားနပ်ရိက္ခာမျိုးစုံကို ကူညီထောက်ပံ့ပေးလျှက်ရှိသည်။
ယခုအခါ ယင်းအဖွဲ့အစည်း၏ ကူညီထောက်ပံ့ပေးမှုပမာဏမှာ ကျပ်ငွေ သိန်းပေါင်း ၁၅၀၀ ဖိုးခန့်ရှိကြောင်း ဦးဖေသိန်းက ပြောဆိုသည်။
ရခိုင်ပြည်နယ် ရေဘေးတွင် သေဆုံးသူများ၏ မိသားစုများကို ထောက်ပံ့ရာတွင် ရခိုင်အမျိုးသားပါတီမှ ဖွဲ့စည်းထားသော အရေးပေါ်ကူညီထောက်ပံ့ရေးဖော်ဆောင်မှု ကော်မတီ၏ အတည်ပြုချက်ဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။







