ဘေးဒုက္ခကယ်ဆယ်ရေးစုပေါင်းကော်မတီမှ သေဆုံးသူ မိသားစု တစ်ခုကို ကျပ် တစ်သိန်းခွဲစီ ကူညီထောက်ပံ့မည်

ဘေးဒုက္ခကယ်ဆယ်ရေးစုပေါင်းကော်မတီမှ သေဆုံးသူ မိသားစု တစ်ခုကို ကျပ် တစ်သိန်းခွဲစီ ကူညီထောက်ပံ့မည်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ဘေးဒုက္ခကယ်ဆယ်ရေး စုပေါင်းကော်မတီ (ရန်ကုန်)မှ ရခိုင်ရေဘေးအတွင်း သေဆုံးသွားသူများ၏ ကျန်ရစ်သူ မိသားစု တစ်စုကို ကျပ်ငွေ တစ်သိန်းခွဲစီ ကူညီထောက်ပံ့သွား မည်ဟု ယင်းကော်မတီ၏ ဒုဥက္ကဋ္ဌ ဦးဖေသိန်းက ပြောသည်။

စစ်တွေမြို့ သို့ ရခိုင်ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရန် ရောက်ရှိနေသော ဦးဖေသိန်းက နိရဥ္စရာသတင်းဌာန မှ တွေ့ဆုံ မေးမြန်းစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန၊ ရခိုင်ဝန်ကြီး ဦးဇော်အေးမောင်၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ရန်ကုန်ရှိ ရခိုင်အဖွဲ့ပေါင်းစုံဖြင့် ဖွဲ့စည်းထားသော ရခိုင်ပြည်နယ် ဘေးဒုက္ခ ကယ်ဆယ်ရေး ကော်မတီသည် ယခုအခါ ရခိုင်ရေဘေးသင့်ပြည်သူ များအား ဆန်အပါအဝင် စားနပ်ရိက္ခာမျိုးစုံကို ကူညီထောက်ပံ့ပေးလျှက်ရှိသည်။

ယခုအခါ ယင်းအဖွဲ့အစည်း၏ ကူညီထောက်ပံ့ပေးမှုပမာဏမှာ ကျပ်ငွေ သိန်းပေါင်း ၁၅၀၀ ဖိုးခန့်ရှိကြောင်း ဦးဖေသိန်းက ပြောဆိုသည်။

ရခိုင်ပြည်နယ် ရေဘေးတွင် သေဆုံးသူများ၏ မိသားစုများကို ထောက်ပံ့ရာတွင် ရခိုင်အမျိုးသားပါတီမှ ဖွဲ့စည်းထားသော အရေးပေါ်ကူညီထောက်ပံ့ရေးဖော်ဆောင်မှု ကော်မတီ၏ အတည်ပြုချက်ဖြင့် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...