ပို၍ ဆိုးသည်မှာ ကျောင်းသား ကျောင်းသူများ၏ ကျောင်းသုံးစာအုပ်များနှင့် စာရေးကရိယာများလည်း ရေစို ပျက်စီးသွားခဲ့ရပြီး ကျောင်းစာသင်ကြားရန် အခက်အခဲများနှင့် ကြုံတွေ့နေကြရပါသည်။
မြောက်ဦးမြို့နယ် မြောင်းဘွေ အထက်တန်းကျောင်းအုပ်ဆရာကြီးမှ ကလေးငယ်များတွင် ကျောင်းသုံး စာအုပ်များ ရေနစ်မြှုပ်စဉ် ပျက်စီးသွားခဲ့ကြောင်း ပြောကြားခဲ့သလို မြောက်ဦးမြို့နယ် ညောင်ပင်လှ ကျေးရွာ အလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးမှ လည်း ကျောင်းသား ကျောင်းသူများ၏ ကျောင်းသုံးစာအုပ်များ ရေနစ် ပျက်စီးသွားသဖြင့် စာသင်ကြားရန် အခက်အခဲများ ရှိနေကြောင်း ပြောပြကြပါသည်။
ရေနစ်မြုပ်ခဲ့ရာ ကျေးရွာများ အားလုံးတွင် ကျောင်းသား ကျောင်းသူများ၏ ကျောင်းသုံးစာအုပ်များမှာ ပျက်စီးသွားခဲ့သည်ကို မြင်တွေ့ ခဲ့ရပါသည်။
ထမင်းစားရန် ဆန်မရှိ၊ နေစရာ အိမ်မရှိ၍ အခက်ကြုံနေရသော ယခုလို အခြေအနေမျိုးတွင် သူတို့၏ သားသမီးများ အတွက် ကျောင်းသုံးစာအုပ်များ ပြန်ရရှိရေးအတွက် မစဉ်းစားနိုင်ဟု ဆိုလာသော မိသားစု များကိုလည်း တွေ့ခဲ့ရပါသည်။
သို့အတွက် နိရဥ္စရာ သတင်းဌာနမှ ကြီးမှူးပြီး ရခိုင်ပြည်နယ်ရှိ ကျောင်းသူ ကျောင်းသားများ၏ ရေနစ်၍ ပျက်စီးဆုံးရှုံးသွားသော စာအုပ်စာတန်းများကို ပြန်လည် ပံ့ပိုးကူညီသွားရန် စီစဉ်နေပါသည်။
ရခိုင်ရှိ ကလေးငယ်များအတွက် စာအုပ်စာတန်းများ၊ စာရေးကရိယာများ၊ ကျောင်းဝတ်စုံများ လှူဒါန်း လိုသူများသည် ကိုခိုင်မြတ်ကျော် ( ၀၉၂၅၀၁၄၂၅၁၈) နှင့် ကိုတင့်ဆွေမောင် ( ၀၉၂၅၀၁၃၈၂၆၀) သို့ ဆက်သွယ်ကူညီ လှူဒါန်းနိုင်သလို နိရဥ္စရာရုံး တည်ရှိရာ ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ မင်းလမ်း၊ အမှတ် ၁၄ ဘီ၊ ၅ လွှာ ( 5 b) သို့လာရောက် လှူဒါန်းနိုင်ပါသည်။
ယင်းပြင် ရခိုင်ပြည်နယ်ရှိ ကူညီလှူဒါန်းလိုသူများ အနေဖြင့် ၀၉၂၅၃၇၂၇၁၉၇ သို့ ဆက်သွယ်ပြီး နိရဥ္စရာ ရုံးရှိရာ စစ်တွေမြို့ ၊ ဘောက်သီးစုရပ်ကွက်၊ ရွာကြီးလမ်း၊ အမှတ် ရ၉ သို့ လာရောက် လှူဒါန်းနိုင်ပါသည်။
ကျောင်းသုံးစာအုပ်တစ်စုံ၊ ဗလာစာအုပ် တစ်ဒါဇင်က အစ လက်ခံသွားမည် ဖြစ်ပြီး ကူညီသူများ၏ အမည်၊ နေရပ်လိပ်စာများကို နိရဥ္စရာဂျာနယ်၊ ဝက်ဆိုက် ( www.narinjara.com/burmese) နှင့် Facebook တို့မှ ဖော်ပြပေးသွားမည် ဖြစ်ပါသည်။







