ခရီးသည် ၆၆ ဦးဆံ့လေယာဉ်ဖြင့် ဝန်ဆောင်မှုပေးခြင်းဖြစ်ပြီး မဲဆောက်လေဆိပ်မှ ဘန်ကောက်ရှိ ဒွန်မောင်းလေဆိပ်သို့ နေ့စဉ် နံနက် ၉း၃၅ တွင် တစ်ကြိမ်၊ နေ့လည် ၁း၄၅ တွင် တစ်ကြိမ်နှင့် ညနေ ၁၈း၄၀ တွင်တကြိမ် ပြေးဆွဲနေခြင်းဖြစ်သည်။
ယခု လေကြောင်းလိုင်းသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများ အနေဖြင့်လည်း တရားဝင် ခရီးသွားလက်မှတ် အထောက်အထားပြည့်စုံပါက လေကြောင်းလိုင်းကို အသုံးပြုနိုင်သည်ဟု မဲဆောက်လေဆိပ်ရှိ လက်မှတ်အရောင်းစာရေးမ တစ်ဦးက ပြောဆိုသည်။
သူမက “မြန်မာအလုပ်သမားတွေအနေနဲ့ တရားဝင်ခရီးသွားအထောက်အထားတွေရှိရမှာဖြစ်ပြီး ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကလည်း ခွင့်ပြုမယ်ဆိုရင် ဒီလေကြောင်းလိုင်းကို အသုံးပြုလို့ ရပါတယ်״ဟု ကေအိုင်စီသို့ ပြောသည်။
မြန်မာအလုပ်သမားတစ်ဦးဖြစ်သူ ကိုအောင်အောင်က “ဒီလေကြောင်းလိုင်းက လေယာဉ်လက်မှတ်ကို အလွယ်တကူ ဝယ်လို့ရရင်တော့ မြန်မာအလုပ်သမားတွေ အားပေးကြမှာပါ။ သူ့နှုန်းက ကားခထက် တောင်စျေးသက်သာတယ်။ မဲဆောက်-ဘန်ကောက်ကိုပြေးတဲ့ VIP ကားက ၆၆၆ ဘတ်ဖြစ်ပြီး အချိန် ၈ နာရီကျော် ကြာတယ်။ လေယာဉ်နဲ့ဆိုရင် ၁ နာရီလောက်ဘဲကြာတယ် ဆိုတော့ စိတ်ဝင်စားဖို့ ကောင်းတယ်״ဟု ဆိုသည်။
လေယာဉ်လက်မှတ်များကို အွန်လိုင်းစနစ်အပါအဝင် မဲဆောက်မြို ့ရှိ လက်မှတ်အရောင်းဌာနများနှင့် မဲဆောက်လေဆိပ်တို့တွင် ကြိုတင်ဝယ်ယူနိုင်သည်ဟုလည်း Kan Air လေကြောင်းလိုင်းက အသိပေးကြေညာထားသည်။
ထို့အပြင် ဘန်ကောက်ဒွန်မောင်းလေဆိပ်မှတဆင့် မဲဆောက်လေဆိပ်သို့လည်း နံနက် ၈ နာရီတွင် တစ်ကြိမ်၊ နေ့လည် ၁၂းဝ၅ တွင်တစ်ကြိမ်၊ ညနေ ၁၇ း ၁၅ တွင်တစ်ကြိမ်နှုန်းဖြင့် နေ့စဉ် ဝန်ဆောင်မှု ပေးကာ သရေစာအပူအအေး အခမဲ့အပြင် ခရီသည်တဦးလျှင် ၁၅ ကီလို အလေးချိန်ရှိ ပစ္စည်များ သယ်ဆောင်ခွင့်ပြုထားသည်။
ထိုင်းနိုင်ငံတွင် တရားဝင်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမား (၁၀) သိန်းကျော်ရှိပြီး အများစုမှာ ခရီးသွားလာကြရာ တွင် မော်တော်ယာဉ်လိုင်းများကိုသာ အသုံးပြုကြလျှက်ရှိသည်။







