ကချင်ကိုတက်လာတဲ့ စစ်တပ်ယာဉ်တန်း လမ်းတစ်လျှောက် တိုက်ပွဲဖြစ်

ကချင်ကိုတက်လာတဲ့ စစ်တပ်ယာဉ်တန်း လမ်းတစ်လျှောက် တိုက်ပွဲဖြစ်

အမိုး — ကချင်ပြည်နယ်ကို ဒုတိယအကြိမ် တက်လာတဲ့ စစ်တပ်ယာဉ်တန်းဟာ လမ်းတစ်လျှောက် ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မေလ ၂၂ ရက်နေ့လောက်ကစပြီး မန္တလေးမြို့ကနေ စတင်ထွက်ခွာလာတဲ့ စစ်တပ်ရဲ့ ယာဉ်အစီးရေ ၃၀၀ ဝန်းကျင်ပါ ယာဉ်တန်းဟာ မေလ ၃၁ ရက်နေ့မှာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက်လာခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။

ဒါ့အပြင် စစ်တပ်က အင်အားအများအပြား အသုံးပြုပြီး တက်လာတာဖြစ်တယ်လို့ စစ်ကိုင်းနဲ့ ကချင်အစပ်က ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“ကချင်ပြည်နယ်ကို အင်အားပြန်ဖြည့်တာပေါ့လေ။ သံချပ်ကာကား ၂ စီးနဲ့ တက်လာတဲ့လမ်းတစ်လျှောက်လည်း အင်အားတွေ ချထားခဲ့တာပေါ့။ လမ်းတစ်လျှောက် တိုက်ပွဲတွေလည်း ဖြစ်တယ်။ ဒါပေမဲ့ အင်အားအရမ်းများတော့ မလွယ်ဘူး”လို့ သူက ပြောပါတယ်။

စစ်တပ်ဘက်ကတော့ မန္တလေး–မြစ်ကြီးနား လမ်းကြောင်းတစ်လျှောက်ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ပစ္စည်းတွေ တင်ဆောင်လာတဲ့ ယာဉ်တန်းဟာ မေလ ၃၁ ရက်နေ့မှာ မြစ်ကြီးနားမြို့ကို ရောက်ရှိသွားပြီလို့ ထုတ်ပြန်ထားပါတယ်။

အဲဒီယာဉ်တန်းမှာ စားသောက်ကုန်၊ လူသုံးကုန်၊ ဆောက်လုပ်ရေးပစ္စည်း၊ ဆေးဝါး၊ ကျောင်းသုံးစာအုပ်နဲ့ စက်သုံးဆီတွေ ပါဝင်တယ်လို့ ဆိုထားပေမယ့် ဒေသတွင်း သတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ ယာဉ်တန်းတက်လာတဲ့ လမ်းတစ်လျှောက်မှာ တိုက်ပွဲတွေ ဆက်ရှိနေခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ကသာ၊ အင်းတော်၊ မော်လူးနဲ့ နန့်စီးအောင်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေခဲ့ပြီး လမ်းပိုင်းကို အသုံးပြုနိုင်ပေမယ့် လုံခြုံရေးအခြေအနေကတော့ တည်ငြိမ်မှု မရှိသေးဘူးလို့ ဒေသခံတွေနဲ့ ကားသမားတွေက ပြောဆိုထားပါတယ်။

မန္တလေး–မြစ်ကြီးနား လမ်းပိုင်းဟာ မေလအစောပိုင်းကတည်းက တိုက်ပွဲတွေကြောင့် မကြာခဏ ပိတ်ဆို့မှုတွေ ရှိခဲ့ပြီး ထီးချိုင့်–ကသာ လမ်းပိုင်းနဲ့ ကသာမြို့အတွင်းမှာ ခရီးသည် ၁,၀၀၀ ဝန်းကျင်နဲ့ ယာဉ်အစီးရေ ၅၀၀ ဝန်းကျင် ပိတ်မိခဲ့တဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

အဲဒီလမ်းပိုင်းကို မေလ ၆ ရက်နေ့က ပြန်လည်အသုံးပြုခွင့် ရခဲ့ပေမယ့် ကသာ၊ အင်းတော်၊ မော်လူးနဲ့ နန့်စီးအောင်ဝန်းကျင်မှာ တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတာကြောင့် ခရီးသွားတွေအခက်တွေ့ခဲ့ကြရတာပါ။

“မဖြစ်မနေကတော့ သွားချင်ရင် သွားလို့ရပါတယ်။ ခရီးသွားတာက အပန်းဖြေဖို့ဘာတို့ဆိုရင်တော့ ဒီလမ်းတွေကို မသွားသင့်သေးပါဘူး။ အခုလည်း မသွားသင့်ပါဘူး။ အလုပ်ကိစ္စပဲဖြစ်ဖြစ်၊ ကျောင်းကိစ္စပဲဖြစ်ဖြစ် မဖြစ်မနေ ပြန်ရမယ့်သူတွေလောက်ပဲ အဆင်ပြေတာပါ”လို့ ကားသမားတစ်ဦးကလည်း လက်ရှိ လမ်းပိုင်းအခြေအနေကို ပြောပြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ကသာ၊ အင်းတော်၊ မော်လူးနဲ့ နန့်စီးအောင်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေခဲ့ပြီး လမ်းပိုင်းကို အသုံးပြုနိုင်ပေမယ့် လုံခြုံရေးအခြေအနေကတော့ တည်ငြိမ်မှုမရှိသေးဘူးလို့ ဒေသခံတွေနဲ့ ကားသမားတွေက ပြောဆိုထားပါတယ်။

စစ်တပ်ဟာ မန္တလေး – မြစ်ကြီးနားလမ်းပိုင်းအသုံးပြုပြီး ပြီးခဲ့တဲ့ မေလ ၁၂ ရက်နေ့မှာလည်း သံချပ်ကာ ကားအပါ စစ်အင်အား၊ စစ်လက်နက်၊ ရိက္ခာတင်တဲ့ စစ်ကား ၄၀၀ ဝန်းကျင်ပါရှိတဲ့ စစ်ယာဉ်တန်းကို ကချင်ဒေသထဲကို ပို့ဆောင်ခဲ့ပါတယ်။

အလားတူ နောက်ထပ် မေလ ၃၁ ရက်နေ့မှာလည်း စစ်ယာဉ်တန်း တစ်ရာနီးပါးကို မြစ်ကြီးနားထဲ ဒုတိယအကြိမ်  ပို့ဆောင်ထားတယ်လို့ စစ်တပ်ပိုင်သတင်းဌာနတွေကထုတ်ပြန်ထားပါတယ်။

Most read this week

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...