ရခိုင်တောင်ပိုင်း စစ်ဘေးရှောင်များအတွက် အခြေခံ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ

ရခိုင်တောင်ပိုင်း စစ်ဘေးရှောင်များအတွက် အခြေခံ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ
ကျောက်ဖြူခရိုင်အတွင်းက စစ်ဘေးရှောင် ပြည်သူအချို့ / ဇင်ချောင်း လူငယ်ပရဟိတအသင်း
ကျောက်ဖြူခရိုင်အတွင်းက စစ်ဘေးရှောင် ပြည်သူအချို့ / ဇင်ချောင်း လူငယ်ပရဟိတအသင်း

ရခိုင်ပြည် တောင်ပိုင်း၊ ကျောက်ဖြူခရိုင်အတွင်းက စစ်ဘေးရှောင် ပြည်သူများအတွက် အခြေခံ စားနပ်ရိက္ခာနှင့် အသုံးအဆောင်များ အရေးပေါ် အကူအညီ လိုအပ်နေကြောင်း ‘ဇင်ချောင်း လူငယ်ပရဟိတအသင်း’ တာဝန်ရှိသူက ပြောသည်။

ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်တို့တွင် စုစုပေါင်း စစ်ဘေးရှောင် ဦးရေ ၃ သောင်းကျော် ရောက်ရှိ ခိုလှုံ လျက်ရှိရာ ၎င်းတို့အနက် အရေးပေါ် ကူညီစောင့်ရှောက်ရန် လိုအပ်နေသည့် စစ်ဘေးရှောင် ဦးရေ ၅,၁၀၀ အတွက် အခြေခံ စားနပ်ရိက္ခာများ ပိုမို အခက်အခဲ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ဇင်ချောင်း လူငယ်ပရဟိတအသင်း တာဝန်ရှိသူတစ်ဦးက “လိုအပ်တာက အစုံပါ ဒါပေမဲ့ စားနပ်ရိက္ခာက နေ့ တိုင်းစားနေရတာ ဆိုတော့လေ လိုအပ်တာက ဆေးဝါး၊ အသုံးအဆောင်၊ စားနပ်ရိက္ခာ အစုံပါ။ ပညာရေး အတွက် ကျောင်းသုံးပစ္စည်း စစ်ရှောင်က တခြားမြို့နယ်ထဲမှာလည်း ရှိပါတယ်။ ကျောက်ဖြူထဲ သုံးသောင်း ကျော်ပါ” ဟု ပြောသည်။

အဆိုပါ စစ်ဘေးရှောင် ဦးရေ ၅,၁၀၀ အတွက် ၁ လစာ ဆန်တောင်းရေ ၁၀,၂၀၀ အရေးပေါ် လိုအပ်လျက်ရှိရာ ဒေသတွင်း လက်ရှိ ပေါက်ဈေး ဆန် ၁ တောင်းလျှင် ငွေကျပ် ၁၆,၀၀၀ နှုန်းဖြင့် တွက်ချက်ပါက ၁ လစာ ဆန်ဖိုး ကုန်ကျစရိတ်မှာ ငွေကျပ် ၁,၆၃၂ သိန်း (ကျပ် ၁၆၃,၂၀၀,၀၀၀) အထိ ရှိနေသည်။

လက်ရှိတွင် ကျောက်ဖြူ-စနဲ-ရမ်းဗြဲ လမ်းပိုင်း၌ စစ်အုပ်စုတပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲ များ ဆက်လက်ဖြစ်ပွားနေပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲခြင်းကြောင့် ရိက္ခာများ ပြတ်တောက်လျက်ရှိ သည်။

တိုက်ပွဲများနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု အန္တရာယ်များကြောင့် ကျောက်ဖြူခရိုင်ရှိ ကျေးရွာများမှ စွန့်ခွာ ကာ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများ၊ တောတောင်များနှင့် ယာယီစစ်ဘေးရှောင် စခန်းများတွင် ခိုလှုံနေကြ ရခြင်း ဖြစ်သည်။

ကုန်းလမ်း၊ ရေလမ်း သွားလာခွင့်များနှင့် ကုန်စည်ကူးသန်းမှုများ ပိတ်ဆို့ခံထားရသဖြင့် ဆန်၊ ဆီ အပါအဝင် အခြေခံ စားသောက်ကုန်များ ဈေးနှုန်း အဆမတန် မြင့်တက်နေပြီး စားနပ်ရိက္ခာ ပြတ်လပ်မှုနှင့် ရင်ဆိုင်နေရ သည်။

ထို့ပြင် ဆေးဝါးများ တင်သွင်းရန် ခက်ခဲခြင်းနှင့် ကျန်းမာရေးဝန်ထမ်း နည်းပါးခြင်းတို့ကြောင့် ကလေးသူငယ် များ၊ သက်ကြီးရွယ်အိုများနှင့် မီးဖွားခါနီး မိခင်များ ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိဘဲ အခက် အခဲ ဖြစ်နေကြရသည်။

ဒေသတွင်း လူမှုကူညီရေး အသင်းအဖွဲ့များက တတ်နိုင်သမျှ ကူညီထောက်ပံ့ပေးနေသော်လည်း လမ်းကြောင်း ပိတ်ဆို့မှုများနှင့် ကန့်သတ်ချက်များကြောင့် ထောက်ပံ့မှုမှာ လိုအပ်ချက်ထက် များစွာ လျော့နည်းနေသဖြင့် အမျိုးသားရေး စာနာထောက်ထားမှုဖြင့် ဝိုင်းဝန်း လှူဒါန်းပေးကြရန် ဇင်ချောင်း လူငယ်ပရဟိတအသင်းက မေတ္တာရပ်ခံ တောင်းဆိုထားသည်။

Most read this week

ညောင်ဦးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်က စစ်အုပ်စုတပ် စစ်ကြောင်းဝင်ရောက် မီးရှို့မှု ကြောင့် နေအိမ် ၂၀၀ ခန့် မီးလောင်ပျက်စီးခဲ့စဉ်။ / ပုံဟောင်း
September 15, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကြောင်းထိုးလာသည့်...
လေကြောင်းဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးမှုများ / AA
September 15, 2026
ရခိုင်ပြည်အတွင်း စစ်ရေးပစ်မှတ် မဟုတ်သည့် အရပ်သားပြည်သူများ နေထိုင်ရာ မြို့၊ ကျေးရွာများနှင့်...
September 14, 2026
အရပ်သား အုပ်ချုပ်ရေးနှင့် စီးပွားရေး လုပ်ငန်းများတွင် ပါဝင်ပတ်သက်မည် မဟုတ်ဘဲ လူထုကို အကာအကွယ်...
September 14, 2026
ကချင်ပြည်၊ ရွှေကူနှင့် ဗန်းမော်မြို့နယ်အတွင်း သို့ စစ်တပ်က စစ်အင်အားဖြည့်တင်းမှုများနှင့်...