တောင်ကုတ်တွင် ကားမှောက်၍ လူ ၃၀ ဒဏ်ရာရ

တောင်ကုတ်တွင် ကားမှောက်၍ လူ ၃၀ ဒဏ်ရာရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နှင့်  မအီမြို့အကြား လုပ်ငန်းခွင်ကားတစ်စီး တိမ်းမှောက်ရာမှ လူပေါင်း ၃၀ ဒဏ်ရ ရရှိသွားကြောင်း သတင်းရရှိသည်။

ယာဉ်မောင်းက ဦးရဲသူရကျော် မောင်းနှင်လာသော ကားနံပါတ် ( ၉တ/၂၆၂၆၂ ) သည် သြဂုတ်လ ၁ရက် နံနက် ရ နာရီ ၃၀ အချိန်တွင် တောင်ကုတ်မြို့နှင့် မအီအကြား မိုင်တိုင်အမှတ် ၃၃မိုင် ၅ဖာ လုံတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ကားပေါ်တွင် ပါလာသူ အမျိုးသား ၁၈ဦး နှင့် အမျိုးသမီး ၁၂ဦး၊ စုစုပေါင်း ပေါင်း ၃၀ဦးမှာ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသဖြင့် တောင်ကုတ်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း တောင်ကုတ်မြို့နေ ကိုရဲမာန်ခိုင်က ပြောသည်။

သံတွဲခရိုင် သတင်းတပ်ဖွဲ့ရုံးသို့ နိရဥ္စရာမှ ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူတစ်ဦးက “မအီမြို့နဲ့  လမူးရွာအကြား ကြက်ဆင်တောင်မှာ ဂီယာမနိုင်ဘဲ တောင်ပေါ်က ပြုတ်ကျတာပါ။ ခရီးသည်တင်ကား မဟုတ်ပါဘူး။  တာဝါတိုင်တွေ လိုက်စိုက်နေတဲ့ အဖွဲ့ကားပါ။ လမူးကနေ မအီကိုသွားနေတုန်း တောင်ပေါ်က ပြုတ်ကျပြီး တိမ်းမှောက်တာ ဖြစ်တယ်။ ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံးသူတော့ မရှိပါဘူး။ ခြေကျိုး လက်ကျိုးနဲ့ ပွန်းပဲ့ဒဏ်ရာ တွေရကြတယ်။ အဲဒီ လူနာတွေကို တောင်ကုတ်ဆေးရုံပို့ ဆောင်ပြီး ကုသမှုခံယူနေကြပါတယ်”ဟု ပြောဆိုသည်။

အဆိုပါယာဉ်တိမ်းမှောက်မှုနှင့် ပါတ်သက်၍ အသေးစိတ် သိရှိနိုင်ရန် တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး၊ တောင်ကုတ်မြို့နယ် ရဲတပ်ဖွဲ့နှင့်  မအီမြို့နယ်ရဲတပ်ဖွဲ့များသို့ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလိုင်းဆက်သွယ်မှု အခက်အခဲကြောင့် ခေါ်ဆိုဆက်သွယ်၍ မရခဲ့ပါ။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...