ရခိုင်ရေဘေးသေဆုံးသူ ၁၈ ဦးရှိပြီ

ရခိုင်ရေဘေးသေဆုံးသူ ၁၈ ဦးရှိပြီ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ရေဘေးတွင် သေဆုံးသူ ၁၈ ဦးရှိသွားပြီဖြစ်ကြောင်း ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက အတည်ပြုပြောကြားသည်။

မြောက်ဦးမြို့နယ် ၄ ဦး၊ ကျောက်တော်မြို့နယ်တွင် ၁ ဦး၊ ပုဏ္ဍားကျွန်း မြို့နယ်တွင် ၁ ဦး၊ မောင်တောမြို့နယ်တွင် ၃ ဦးနှင့် နောက်ထပ် ဝင်လာသော သတင်းအရ မင်းပြားမြို့နယ်တွင် ၉ ဦး စုစုပေါင်း ၁၈ ဦး ဖြစ်ကြောင်း သူက ပြောဆိုသည်။

သြဂုတ် ၁ရက်နေ့က နောက်ဆုံးရရှိသော စာရင်းအရ လူပေါင်း ၃၃,၈၄၈ ဒုက္ခသည်အဖြစ်ဖြင့် တိမ်းရှောင်ခိုလှုံနေကြရပြီး အရေအတွက်မှာ ထိုထက်ပိုများနိုင်ကြောင်း အထွေထွေ အုပ်ချုပ်ရေးမှူက ပြောဆိုသည်။

ယခုအခါ ကယ်ဆယ်ရေးစခန်း ၅၃ ခု ဖွင့်လှစ်ထားပြီး မြို့နယ် ၉ ခုတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။

ဘူးသီးတောင်မြို့နယ်တွင်လည်း သေဆုံးသူ အရေအတွက်မှာ တစ်ဆယ်ကျော်ရှိကြောင်း ဦးကိုအောင်က နိရဥ္စရာသို့ ဆက်သွယ် ပြောကြားသည်။ သက်ဆိုင်ရာမှ အတည်ပြုချက်ရရှိနိုင်ရေး အတွက် နိရဥ္စရာမှ ကြိုးစားနေပါသည်။

May 18, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်တွင် အသက်မပြည့်သေးသည့် ညီအစ်မနှစ်ဦးသည်...
ဓာတ်ပုံ - ဦးခင်မောင်ဆန်း
May 16, 2026
မောင်စာဂ — ရခိုင်ပြည်အတွင်း ပညာဆက်လက်သင်ယူရန် နွမ်းပါးပြီး အခက်အခဲဖြစ်နေသည့် Grade-11 ကျောင်းသူ...
May 15, 2026
"အမြောက်တပ်နှင့်လက်နက်ကြီး လက်တစ်ကမ်းအကွာသို့ ရောက်ရှိလာသဖြင့်...
May 14, 2026
ရခိုင်ပြည်-မကွေးတိုင်းနှင့်ချင်းပြည်နယ်သို့ ဆက်သွယ်ထားသည့် အဓိကကုန်သွယ်ရေးလမ်းပိုင်းပေါ်ရှိ...