လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် ဖရူဆိုအနောက်ခြမ်းတွင် ကုန်ဈေးနှုန်းမြင့်တက်

လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် ဖရူဆိုအနောက်ခြမ်းတွင် ကုန်ဈေးနှုန်းမြင့်တက်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းတွင် မိုးရာသီကာလ လမ်းပန်းဆက်သွယ်ရေး ပိုမိုဆိုးရွားလာပြီး ကုန်စည်သယ်ယူပို့ဆောင်ရေး အခက်အခဲရှိနေသဖြင့် ကုန်စည်ဈေးနှုန်းများ အဆမတန် မြင့်တက်လာကြောင်း ဒေသခံများက ပြောသည်။

ဇွန်လ ဒုတိယပတ်မှစတင်၍ ယခင်သွားလာနေသည့် လမ်းမကို အသုံးပြု၍မရတော့သဖြင့် ကုန်ပစ္စည်းများကို လူဖြင့်ဖြစ်စေ၊ ထွန်စက်ဖြင့်ဖြစ်စေ သယ်ယူပို့ဆောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လမ်းပန်းဆက်သွယ်ရေးကတော့ ခါတိုင်းနှစ်ထက်စာရင် အများကြီးပိုဆိုးတယ်။ ကုန်ကားတွေက ၆ လပိုင်း လဝက်ကစပြီး ဝင်တာမရှိတော့ဘူး။ လမ်းခရီးအခြေအနေအရ ကုန်ကားဆို မရတော့ဘူး။ လောဆယ်တော့ ထွန်စက်တွေနဲ့ သွားသွားလာလာ ရှိတယ်။ အဓိက လူနဲ့ပဲ သယ်တာများတယ်၊ ကုန်စည်အတွက် နည်းနည်း ပါးပါးပေါ့။”

ယခင်က ဆန်တစ်အိတ်လျှင် မြန်မာကျပ်ငွေ ၁ သိန်းခွဲဝန်းကျင်သာရှိရာမှ လက်ရှိတွင် ၂ သိန်းကျပ်မှ ၂ သိန်းခွဲ အထိ ဖြစ်လာပြီး ဝယ်ယူရခက်ခဲလျက်ရှိသည်။

ထို့ပြင် ဓာတ်ဆီတစ်လီတာလျှင် ၁၅,၀၀၀ ကျပ်အထိ ပေးဝယ်ရသည့်အပြင် အခြား အခြေခံ စားသောက်ကုန် ဈေးနှုန်းများလည်း မြင့်တက်သွားသည်။

ကုန်စည်ပြတ်လပ်မှုမရှိစေရန်အတွက် ကား၊ ဆိုင်ကယ်သွားလာရခက်ခဲသည့်နေရာများတွင် ဒေသခံများက ကုန်ပစ္စည်းများကို ကိုယ်တိုင်ထမ်းပိုး သယ်ယူနေရသည်။

“ထွန်စက်နဲ့ပဲ သယ်ခါကျတော့ ကုန်ကနည်းနည်းပဲရတယ်။ ကုန်က ပုံမှန်ထက် ဈေးပိုကြီးသွားတယ် စား သောက်ကုန်တွေက အစ။ လမ်းခရီးက အရင်ကဆို နေ့တစ်ပိုင်းနဲ့ရောက်တဲ့ ခရီးက အခုဆိုရင် အနည်းဆုံး ၂ ရက်ကနေ ၃ ရက်အထိ အချိန်ပေးပြီး သွားလာရတာရှိတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ဒီးမော့ဆိုမြို့နယ်အတွင်းမှ ကုန်စည်များကို သယ်ယူပို့ဆောင်နေရခြင်းဖြစ်ပြီး လမ်းခရီးနှင့် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များကြောင့် ကျေးရွာ ၈ ရွာနှင့် စစ်ရှောင်စခန်း ၃ ခုတို့တွင် ကုန်ဈေးနှုန်းမြင့်တက်မှုကို အဓိက ကြုံ တွေ့နေရသည်။

မိုးတွင်းကာလ ကုန်စည်သယ်ယူပို့ဆောင်ရေးခက်ခဲသလို ကျန်းမာရေး၊ ပညာရေးနှင့် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ လုပ်ငန်းများအတွက် သွားလာရေးအပိုင်းတွင်လည်း အဆင်မပြေမှုများ ဆက်တိုက် ကြုံတွေ့ နေရ သည်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...