မင်္ဂလာဒုံရှိ အမှိုက်ပုံတွင် အမျိုးသမီးရုပ်အလောင်း ဒဏ်ရာများနှင့် တွေ့ရှိ

မင်္ဂလာဒုံရှိ အမှိုက်ပုံတွင် အမျိုးသမီးရုပ်အလောင်း ဒဏ်ရာများနှင့် တွေ့ရှိ
ဓာတ်ပုံ - HtinLin Aung FB
ဓာတ်ပုံ - HtinLin Aung FB

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အမှိုက်ပုံတစ်ခုတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည့် အမျိုးသမီး ရုပ်အလောင်း တစ်လောင်း လာရောက်စွန့်ပစ်ခံထားရကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

မင်္ဂလာဒုံမြို့နယ်၊ ပုလဲအိမ်ရာဝင်းအတွင်းရှိ အမှိုက်ပုံတစ်ခုတွင် ဇူလိုင်လ ၆ ရက် နံနက် ၈ နာရီခွဲအချိန်ခန့်က သေဆုံးနေသည့် အမျိုးသမီးရုပ်အလောင်းကို မြို့ခံများက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ပုလဲအရန်မီးသတ်တာဝန်ရှိသူ ကိုထင်လင်းအောင်က “ပုလဲအိမ်ရာဝင်းအတွင်းမှာ အမှိုက်တွေ စည်းမဲ့ကမ်းမဲ့ စွန့်ပစ်ထားတဲ့ နေရာတွေရှိတယ်။ အဲဒီမှာ အမျိုးသမီးရဲ့ အလောင်းကို ရေသန့်ဘူးတွေ ပလပ်စတစ်တွေ အဲလို မျိုး လိုက်ကောက်တဲ့ လူတယောက်ကနေစပြီး တွေ့ရှိတာ။ ကောင်မလေးက ငယ်သေးတယ်။ အသားဖြူဖြူလေး” ဟု ၎င်း၏ လူမှုကွန်ရက်တွင် ပြောဆိုထားသည်။

သေဆုံးသူမှာ အသက် ၃၀ ခန့်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး၊ အနက်ရောင် မန်ယူအားကစားဝတ်စုံကို ဝတ်ဆင်ထားကာ နှုတ်ခမ်းတွင် အမာရွတ်တစ်ခုရှိပြီး လက်မောင်းညာဘက်နှင့် ဂုတ်တွင် တက်တူးများ ရေးထိုးထားသည်ဟု ဆိုသည်။

တွေ့ရှိရသည့် ရုပ်အလောင်း၏ လည်ပင်းတွင် ကြိုးဖြင့် စည်းထားပြီး မျက်နှာနှင့် မျက်လုံးတို့တွင် ညိုမည်း ဒဏ်ရာများ ရရှိထားသည်ကို တွေ့ရကြောင်း ကိုထင်လင်းအောင်က ဆိုသည်။

“လည်ပင်းကို ကြိုးနဲ့စည်းထားတယ်။ ရုတ်တရက်ကြည့်ရင် ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေ သလိုလို ဘာလိုလို ပုံသဏ္ဍာန် ဖမ်းထားတာပေါ့။ မနေ့က တရားခံကို လိုက်နေတာဖြစ်တဲ့အတွက် ကျနော်တို့ post မတင် သေးတာ။ ဒီနေ့ကတော့ တရားခံလိုက်တာ ၅၀ ရာခိုင်နှုန်း၊ ၆၀ ရာခိုင်နှုန်းလောက် အခြေအနေကောင်းတယ်လို့ သိရပါတယ်။”

အဆိုပါ ရုပ်အလောင်းကို ပုလဲအရန်မီးသတ်တပ်ဖွဲ့က မြောက်ဥက္ကလာပမြို့နယ်ရှိ မေဓာဝီဆေးရုံသို့ ပို့ဆောင်ထားသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်မေးမြန်းနိုင်ရန် မင်္ဂလာဒုံမြို့မရဲစခန်းသို့ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း လက်ခံဖြေကြားခြင်း မရှိပေ။

လက်ရှိအချိန်အထိ သေဆုံးသူအမျိုးသမီးနှင့် ပတ်သက်သည့် မိသားစုဝင်များ လာရောက်ဆက်သွယ်မှု မရှိသေး ကြောင်း ကိုထင်လင်းအောင်က အသိပေးထားသည်။

လက်ရှိအုပ်ချုပ်ရေး စနစ်အောက်ရှိ ရန်ကုန်မြို့တွင် ပြည်သူများ၏ ဘဝလုံခြုံမှု ကင်းမဲ့နေပြီး ပစ္စည်းခိုးယူမှု၊ လူပျောက်ဆုံးမှုနှင့် လူသတ်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

Most read this week

စစ်အုပ်စုတပ်က ပြုလုပ်သည့် စစ်သင်တန်းဆင်းပွဲ တစ်ခု။ / Crd
September 8, 2026
မန္တလေးတိုင်း၊ မြင်းခြံမြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် တစ်ဦးနှုန်းဖြင့် စစ်မှုထမ်းရန်...
ရွာသစ်တောကျောင်းကို စက်တင်ဘာလ ၆ ရက်က ဒရုန်းဖြင့် ဗုံးကြဲမှုကြောင့် ပျံလွန်တော်မူသည့် သံဃာတော် / CJ
September 8, 2026
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်တွင် စစ်အုပ်စုတပ်၏ ဒရုန်းဖြင့် ဗုံးကြဲချမှုကြောင့်...
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် / Crd
September 7, 2026
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ‘FREE HER’ လှုပ်ရှားမှုကို စတင်လိုက်ပြီ...
ဓာတ်ပုံ - ကလေးမြို့တွင် စက်တင်ဘာလ ၆ ရက်နေ့က ရေစီးနှင့်အတူ မျောပါသွားသူ လူငယ်တစ်ဦးကို ဒေသခံများက ဝိုင်းဝန်းရှာဖွေနေစဉ်။
September 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ...