ဒီးမော့ဆိုတွင် ဆေးခန်းမရှိ၍ ကျန်းမာရေးအသိပညာပေးရန် လူထုတောင်းဆို

ဒီးမော့ဆိုတွင် ဆေးခန်းမရှိ၍ ကျန်းမာရေးအသိပညာပေးရန် လူထုတောင်းဆို

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါတမကြီးအုပ်စုအတွင်းရှိ ကျေးရွာတစ်ရွာတွင် ဆေးပေးခန်း မရှိသဖြင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးမှုများ ပိုမိုပြုလုပ်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

ဆေးပေးခန်းမရှိသည့် အဆိုပါကျေးရွာတွင် ဆေးဝါးရရှိရန်လည်း အခက်အခဲရှိနေပြီး၊ ကျန်းမာရေး အသိပညာ ပေး မျှဝေခြင်းက ဒေသခံများအတွက် များစွာအထောက်အကူဖြစ်စေကြောင်း ကျန်းမာရေးစေတနာ့ဝန်ထမ်း တစ်ဦးက ပြောသည်။

“လူထုတွေရဲ့ ကျန်းမာရေးအပိုင်း ပြောရရင် ဆေးဝါးက နေရာတိုင်း လိုအပ်ကြတာသိတော့ တစ်ခု တောင်းဆို ချင်တာက အသိပညာ မျှဝေတာတွေပေါ့နော်။ ကျန်းမာရေးဆိုင်ရာတွေပေါ့ များများ လာပို့ချစေချင်တယ်။ ဒါမှလည်း ဆေးခန်းမှာ ဆေးဝါး မရှိရင်တောင် သူတို့အတွက်တော့ တစ်နည်းတစ်ဖုံတော့ အထောက်အကူ ဖြစ်စေမလားပေါ့နော်” ဟု ကျန်းမာရေး စေတနာ့ဝန်ထမ်းတစ်ဦးက ပြောသည်။

အဆိုပါကျေးရွာတွင် ဖျားနာသူများနှင့် အရေးပေါ်လူနာများရှိပါက အခြားနီးစပ်ရာကျေးရွာများသို့သွားရောက်၍ ကျန်းမာရေးဝန်ဆောင်မှု ရယူနေကြရသည်။

သို့သော် ရွာခံအများစုတွင် သွားလာရေးအတွက် ကား၊ ဆိုင်ကယ်များ မရှိကြသဖြင့် လမ်းခရီးသွားလာရေးတွင် အခက်အခဲကြီးစွာ ကြုံတွေ့နေရသည်။

ဒေသတွင်း နေရာအများစုတွင် ကျန်းမာရေးအပါအဝင် အခြေခံလိုအပ်ချက်များစွာ လိုအပ်နေဆဲဖြစ်ကြောင်း ကျေးရွာတာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

“တကယ်တော့ ကျနော်တို့လိုအပ်ချက်က တအားများနေတော့ တခါတလေ တောင်းဆိုချင်ရင်တောင် ဘယ်တခု ကို အရင်တောင်းဆိုရမှန်း အရင် ရှိဖို့လိုအပ်မှန်း ပြောရခက်တဲ့အခြေအနေ။ အခု ကျန်းမာရေးဆိုလည်း ဆေးလည်းမရှိဘူး။ ဝန်ထမ်းလည်းမရှိဘူး။ ဆိုတော့ ပြောသလို ပဲ အသိပညာပေးအစီစဥ်လည်း ဒါလည်း လိုအပ်နေတာပါပဲ။”

အဆိုပါကျေးရွာသည် စစ်တပ်၏ မြေပြင်စစ်ကြောင်းထိုးမှုများကြောင့် ရွာလုံးကျွတ် စစ်ဘေးတိမ်းရှောင်ခဲ့ ရဖူးပြီး၊ လက်ရှိတွင် ကျေးရွာအတွင်း ယာယီပြန်လည်ဝင်ရောက် နေထိုင်ကြသည့် အိမ်ခြေ ၂၀၀ ကျော် ရှိနေခြင်း ဖြစ်သည်။

July 2, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်းက လွိုင်နန်းဖရေထိန်းတမံကို...
July 1, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အနောက်ဘက်ခြမ်းက ဖွံ့ဘော်ခွတ်မြို့နယ်မှာ မိုးတွင်းကာလ...
June 30, 2026
၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ ကယားဘာသာစကားဖြင့် မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံပညာရေး (MTB-MLE)ကို...
June 29, 2026
ကရင်နီပြည်၊ လွိုင်ကော်မြို့မှာ ၂၀၂၅-၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ ကျောင်းသား၊...