ဖားကန့်မြေစာပုံပြိုကျမှု ရှာဖွေရေးရပ်နား

ဖားကန့်မြေစာပုံပြိုကျမှု ရှာဖွေရေးရပ်နား

ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာအုပ်စု ၊ နမ့်မှော်မှော်ကျေးရွာရှိ မြေစာပုံပြိုကျမှုထဲ ရေမဆေးသမားရုပ်အလောင်း(၅) လောင်းကို ရှာဖွေတွေ့ရှိပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများရပ်နားလိုက်ပြီလို့ ဒေသခံများထံမှ သိရပါတယ်။

ဇွန်(၂၈) မနက် (၁)နာရီဝန်းကျင်အချိန်မှာ ကျောက်စိမ်းမြေစာပုံပြိုကျခဲ့တာဖြစ်ပြီး ရေမဆေးသမားများပိကျထားတဲ့အတွက် ရှာဖွေကယ်ဆယ်ရေးတွေပြုလုပ်ခဲ့ရာ မနေ့က ညနေပိုင်းမှစကာ ရှာဖွေရေးရပ်နားလိုက်ပြီလို့ ဆိုကြပါတယ်။

"ပြောနေကြတာ ပျောက်ဆုံးစာရင်းက (၃၀)ရှိတယ်ဆိုတာက မဟုတ်ပါဘူး။ ကောလဟလတွေပါ။ အခုရှာဖွေရေးတွေလုပ်ခဲ့တာ အလောင်းက အဲလောက်မတွေ့ရဘူး။ မဖြစ်နိုင်လောက်ဘူးအများကြီးက။ ရှာဖွေရေးတွေနားလိုက်ပါပြီ" လို့ ကူညီကယ်ဆယ်နေသူနဲ့နီးစပ်သူတစ်ဦးက အခုလိုပြောပြပါတယ်။

သေဆုံးသူတွေက မောင်မောင်ဆန်း(၄၈)နှစ်၊ စိုးသိန်းအောင်(၂၉)နှစ်၊ မျိုးလင်းဌေး(၂၄)နှစ်၊ ဦးဝင်းဆန်း(၃၅)နှစ်နဲ့ ဦးဇော်နိုင်လင်း (၃၅)နှစ်တို့ ဖြစ်ပါတယ်။

ပျောက်ဆုံးနေသူစာရင်းတွေကို တိတိကျကျသိရှိရခြင်းမရှိနေသလို နှစ်ရက်နီးပါးရှာဖွေခဲ့သော်လည်း အလောင်းများဆက်လက်တွေ့ရှိခြင်းမရှိတော့တာကြောင့် ရပ်နားလိုက်ကြတာဖြစ်တယ်လို့ သိရပါတယ်။

နမ့်မှော်ကျေးရွာအပါအဝင် ဆိပ်မူကျေးရွာအနီးဝန်းကျင်ကကျေးရွာတွေနဲ့ ဖားကန့်မြို့နယ်အတွင်းက နေရာအနှံ့အပြားမှာ မိုးအဆက်မပြတ်ရွာသွန်းနေပြီး ရေနစ်မြှုပ်မှုပေါ်ပေါက်နေကာ မြေပြိုမှုတွေလည်း ဖြစ်ပေါ်နေတာဖြစ်ပါတယ်။

မိုးရာသီမှာ အချို့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ ရပ်နားထားမှုတွေလည်းရှိနေသလို ဆက်လက်လုပ်ကိုင်နေမှုတွေလည်းရှိနေသူများနဲ့ ရေမဆေးသမားများ တစ်နိုင်တစ်ပိုင်ကျောက်တူးဖော်မှုများရှိနေတာဟာ အသက်အန္တရာယ်စိုးရိမ်သင့်ကြောင့် ဒေသအတွင်းနေထိုင်သူများက ပြောဆိုမှုတွေရှိနေပါတယ်။

June 30, 2026
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် တပ်ရင်း(၆)က တပ်ရင်းမှူးဖြစ်တဲ့ ပုလဲမောင်(ခေါ်)ကိုပီတာဟာ...
June 27, 2026
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ ကတူးစစ်ရှောင်များ...
June 26, 2026
စစ်ကိုင်းတိုင်းဒေသထဲက တော်လှန်ရေးတပ်ဖွဲ့များစိုးမိုးထားတဲ့ ကလေးဝ-ယာကြီး-မုံရွာ...
June 25, 2026
မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်းမှာ စစ်တပ်ရဲ့ ထောက်ပို့အသုံးပြုနေတဲ့ Mi-17...