မြောက်ဦးဆေးရုံကြီးအား မြန်မာစစ်တပ်လေကြောင်းတိုက်ခိုက်မှု ယူအန်အစီရင်ခံစာတွင် ဖော်ပြ (၎င်းဖြစ်စဉ်သည် စစ်တပ်အာဏာသိမ်းပြီးနောက်ဆေရုံအားတိုက်ခိုက်သည့် အသေအပျောက် အများဆုံး ဖြစ်ရပ်ဟုဆို)

မြောက်ဦးဆေးရုံကြီးအား မြန်မာစစ်တပ်လေကြောင်းတိုက်ခိုက်မှု ယူအန်အစီရင်ခံစာတွင် ဖော်ပြ (၎င်းဖြစ်စဉ်သည် စစ်တပ်အာဏာသိမ်းပြီးနောက်ဆေရုံအားတိုက်ခိုက်သည့် အသေအပျောက် အများဆုံး ဖြစ်ရပ်ဟုဆို)

အမျိုးသမီး ၁၇ ဦးနှင့် ၃ လသား အရွယ်ကလေးတစ်ဦးအပါအဝင် အရပ်သား ၃၃ ဦး သေဆုံးခဲ့ရသည့် ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ ခုတင် ၃၀၀ ဆံ့ဆေးရုံအား တိုက်ခိုက်မှုအား ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဇွန် ၁၅ ရက်မှ ဇူလိုင် ၁၀ ရက် ၂၀၂၆  နေ့ထိ ပြုလုပ်နေသည့် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ (၆၂) ကြိမ်မြောက်အစည်းအဝေးသို့  ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီး၏ တင်သွင်းသော အစီရင်ခံစာတွင် ထိုသို့ ဖော်ပြထားခြင်းဖြစ်သည်။

အစီရင်ခံစာထဲတွင် “ ဤအခြေအနေကို ပိုမို ထင်ရှားစေသည့် ဖြစ်ရပ်အား ဖော်ပြရမည် ဆိုလျှင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ၊ ၁၀ ရက်၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့၊ ည ၉ နာရီ ဝန်းကျင်တွင် မြန်မာ စစ်တပ်သည် ရခိုင် ပြည်နယ်၊ မြောက်ဦးမြို့ရှိ၊ ခုတင် ၃၀၀ ဆံ့ ဆေးရုံ တစ်ရုံကို တိုက်ခိုက် ဖျက်ဆီးခဲ့ရာ အမျိုးသမီး ၁၇ ဦးနှင့် သုံးလသား အရွယ် ကလေးငယ် တစ်ဦး အပါအဝင် အရပ်သား ၃၃ ဦး သေဆုံးခဲ့ပြီး ဒါဇင်နှင့် ချီသော အရပ်သားများ ဒဏ်ရာရရှိခဲ့သည်”ဟု ဖော်ပြထားသည်။

စစ်လေယာဉ်သည် ဗုံး နှစ်လုံး ကြဲချခဲ့ပြီး ဗုံးတစ်လုံးမှာ လူနာဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကာ ကျန်ဗုံးတစ်လုံးမှာ ဆေးရုံ၏ လုံခြုံရေး ကင်းတဲ အနီးသို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် စေတနာ့ ဝန်ထမ်း လေးဦး သေဆုံးကာ ဆေးရုံ အဆောက်အအုံနှင့် အသုံးအဆောင် ပစ္စည်းများ ပျက်ဆီးဆုံးရှုံးခဲ့သည်”ဟု  အင်တာဗျူး ဖြေဆိုသူများ၏ ပြောကြားချက်ကိုကိုးကားဖော်ပြသည်။

သေဆုံး၊ ဒဏ်ရာ ရရှိသူ အများစုမှာ လူနာများနှင့် လူနာ လာကြည့်သော မိသားစုဝင်များ ဖြစ်ကာ ၎င်းတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၊ ရခိုင် တိုင်းရင်းသား အရပ်သားအမြောက်အများနှင့် မွတ်စလင် အမျိုးသား တစ်ဦးနှင့် ကလေးငယ် တစ်ဦး ပါဝင်သည်။

၎င်းဖြစ်စဉ်သည် စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ကျန်းမာရေး စောင့်ရှောက်မှု ပေးသည့် အဆောက်အအုံကို တိုက်ခိုက်သည့် ဖြစ်ရပ်များ အနက် အသေအပျောက် အများဆုံး ဖြစ်ရပ် ဖြစ်သည်ဟုဆိုသည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ ရက်နေ့ အထိ ရရှိသော စာရင်းများ အရ ဖြစ်ရပ်ပေါင်း ၁,၈၇၃ ခု ရှိသည့် အနက်မှာ ဖြစ်ရပ် တစ်ခု ဖြစ်သည်ဟုဖော်ပြသည်။

ထိုဆေးရုံအားလက်နက်ကိုင် အဖွဲ့ လေးဖွဲ့က အခြေစိုက် စခန်း အဖြစ် အသုံးပြုနေကြောင်း မြန်မာ စစ်တပ်က ထုတ်ပြန် ပြောဆိုခဲ့သော်လည်း ၎င်းထုတ်ပြန်ချက် အပေါ် သီးခြားလွတ်လပ်သော အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးဟုဆက်လက်ဖော်ပြထားသည်။

June 25, 2026
နှင်းနွယ်နီ — အာဏာသိမ်းစစ်တပ်ထိန်းချုပ်ထားသည့် ရခိုင်ပြည်မြို့တော် စစ်တွေမြို့တွင်...
June 24, 2026
ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်တွင်စခန်းကုန်းတစ်ခု သိမ်းပိုက်ပြီး စစ်ဘက်ဆိုင်ရာ...
June 22, 2026
မောင်စာဂ — ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ကွမ်းအုံချောင်းကျေးရွာမှ ရွှေ ၁ဝ ကျပ်ကျော်...