ချင်းလူမျိုး လင်မယားနှစ်ဦး စစ်ဘေးရှောင်သွားစဉ် စစ်ကောင်စီသတ်ဖြတ်

ချင်းလူမျိုး လင်မယားနှစ်ဦး စစ်ဘေးရှောင်သွားစဉ် စစ်ကောင်စီသတ်ဖြတ်

ကလေးမြို့နယ်၊ ပြည်တော်သာကျေးရွာနေ ချင်းလူမျိုး လင်မယား (၂) ဦးဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က တမူးမြို့ဘက်ကို စစ်ဘေးရှောင်ဖို့သွားစဉ် စစ်ကောင်စီ စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီး သတ်ဖြတ်တာခံလိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒေသခံတစ်ဦးက “သူတို့လင်မယားနှစ်ယောက်လုံးက ပြည်တော်သာကျေးရွာကနေ တမူးဘက်ကို စစ်ဘေးတိမ်းရှောင်ဖို့ သွားရင်း လမ်းခုလတ်မှာ စစ်ကောင်စီစစ်ကြောင်းနဲ့တိုးလို့ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခြင်းခံခဲ့ရတယ်လို့သိရတယ်။ အလောင်းကိုတော့ သက်ဆိုင်ရာ ဘာသာရေးအဖွဲ့အစည်းက ကောက်ယူလိုက်တယ်လို့ပြောပေမယ့် အလောင်းရမရကိုတော့ အတည်ပြုလို့ မရသေးဘူး”လို့ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ရဲ့ ဖမ်းဆီးသတ်ဖြတ်တာကို ခံခဲ့ရသူတွေဟာ ပြည်တော်သားကျေးရွာနေ ဦးခွိုလ်စိန်မောင်နဲ့ ဒေါ်ဇမ်ငိုင်နန် တို့ ဇနီးမောင်နှံဖြစ်တယ်လို့လည်း သိထားရပြီး ၎င်းတို့ ၂ ဦးနဲ့ ပတ်သက်တဲ့ အသေးစိတ်အခြေအနေတွေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

ဇွန်လအစောပိုင်းလောက်ကစလို့ စစ်ကောင်စီတပ်ဖွဲ့ဟာ အိန္ဒိယ - မြန်မာနယ်စပ် ကလေး - ခမ်းပတ် - တမူး လမ်းမတလျှောက်က တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ကြောင်းထိုးခဲ့တာကြောင့် ကျေးရွာပေါင်း ၅၀ ကျော်က ဒေသခံပြည်သူအမြောက်အများဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

Most read this week

ဓါတ်ပုံ - Crd
September 16, 2026
ချင်းပြည် မြောက်ပိုင်းတွင် PDF – Zoland တပ်ဖွဲ့က ထိန်းသိမ်းထားသည့် စစ်အုပ်စုတပ် စစ်သုံ့ပန်း ၈၀...
မလေးရှားနိုင်ငံ၌ တရားမဝင် ရွှေ့ပြောင်းလုပ်သားများကို အာဏာပိုင်များက စစ်ဆေးဖမ်းဆီးထားစဉ်။
September 14, 2026
မလေးရှားနိုင်ငံတွင် အာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းအခြေချ နေထိုင်သူများကို...
September 12, 2026
ချင်းပြည်၊ တီးတိန်မြို့နယ်၊ လိုင်တွီး (Laitui) ကျေးရွာတွင် ဒေသခံများ မြေမြှုပ် မိုင်း...
September 7, 2026
ချင်းပြည်၊ ပလက်ဝမြို့နယ်တွင် အခြေခံပညာရေး သင်ရိုးညွှန်းတမ်းကို ရခိုင်ဘာသာစကားဖြင့် သင်ကြားရန်...