စစ်အုပ်စုနဲ့ သတင်ပေး သတင်းယူ၊ သူလျှို(ဒလန်) မပြုလုပ်ဖို့ KIA သတိပေး

စစ်အုပ်စုနဲ့ သတင်ပေး သတင်းယူ၊ သူလျှို(ဒလန်) မပြုလုပ်ဖို့ KIA သတိပေး

အာဏာသိမ်းစစ်တပ်နဲ့ သတင်းပေးတာ၊ သတင်းယူတာအပြင် သူလျှို(ဒလန်)တွေ မပြုလုပ်ကြဖို့ ရွှေကူခရိုင်အခြေစိုက်၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ တပ်မဟာ ၁၁၊ တပ်ရင်း အမှတ် (၁၂) က သတင်းထုတ်ပြန်ထားပါတယ်။

ရွှေကူခရိုင်နယ်မြေအတွင်း နေထိုင်နေကြတဲ့ မိဘပြည်သူတွေနဲ့ ရွှေတူးလုပ်ငန်း၊ သတ္တုတူးလုပ်ငန်း လုပ်ကိုင်နေကြသူတွေအားလုံး စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်ခြင်း မပြုကြဖို့ ဇွန်လ ၂၃ ရက်နေ့မှာ အသိပေးစာထုတ်ပြန်ထားတာပါ။

အရင်က စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေသူတွေအနေနဲ့လည်း အခုသတိပေးစာထုတ်ပြန်ပြီးနောက်ပိုင်း ပတ်သက်ဆက်နွယ်တာတွေ လုံးဝ(လုံးဝ) မပြုလုပ်ကြဖို့ ဖော်ပြပါရှိပါတယ်။

လိုက်နမှုမရှိဘဲ စစ်တပ်နဲ့ ဆက်လက်ပူးပေါင်း ပတ်သက်ဆက်နွယ်နေရင် ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားမယ်လို့လည်း အသိပေးဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့မှာလည်း ရွှေကူမြို့နယ်အတွင်း စစ်ရေးလှုပ်ရှားနေတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်သားတွေဟာ မြို့အဝင်၊ အထွက်တွေမှာ KIA/K-PDF ဝတ်စုံတွေဝတ်ဆင်ပြီး သတင်းရယူတာ၊ ပုံမှားရိုက်တာတွေကို ပြုလုပ်နေကြောင်း ရွှေကူ K-PDF တပ်ရင်းက အသိပေးနှိုးဆော်စာ ထုတ်ထားပါတယ်။

အဲဒါကြောင့် ပြည်သူတွေအနေနဲ့ အသိနဲ့သတိ ဆင်ခြင်ပြီး သွားလာနေထိုင်ကြဖို့၊ စစ်တပ်နဲ့ ဝေးဝေးကနေ ရှောင်ရှားနေထိုင်ကြဖို့ အသိပေးဖော်ပြထားပါတယ်။

ရွှေကူမြို့နယ်အတွင်း လွန်ခဲ့တဲ့ မေလဆန်းကတည်းက စစ်တပ်တွေ စစ်ကြောင်းထိုးဝင်ရောက်လာတဲ့အတွက် KIA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ နေ့စဉ်ဆိုသလို တိုက်ပွဲဖြစ်ပွားနေတာ ဖြစ်ပါတယ်။

စစ်တပ်ဘက်က လေကြောင်းကနေတဆင့် ဗုံးကြဲတိုက်ခိုက်တဲ့အပြင် ဒရုန်းတွေနဲ့လည်း ဗုံးကြဲတိုက်ခိုက်တာတွေလည်း နေ့စဉ်လုပ်ဆောင်နေတာလို့ ကြားသိရပါတယ်။

အဲဒါကြောင့် လွန်ခဲ့တဲ့ ဇွန်လ ၈ ရက်နေ့ကလည်း ရွှေကူလမ်းမကြီးအပါ တိုက်ပွဲဖြစ်ပွားနေတဲ့အခြားလမ်းကြောင်းတွေကို သွားလာခွင့်ပိတ်လိုက်ကြောင်းနဲ့ ရွှေကူမြို့တွင်းရှိ ပြည်သူတွေအမြန်ဆုံးမြို့ကထွက်ခွာဖို့ကိုလည်း KIA က အသိပေးစာထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

လိုက်နာမှုမရှိရင် နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ပြဿနာတွေကို KIO/KIA အနေနဲ့ လုံးဝ(လုံးဝ) တာဝန်ယူဖြေရှင်းမှာ မဟုတ်ကြောင်းလည်း အသိပေးချက်မှာ ပါရှိပါတယ်။

ဇွန်လ ၂၃ ရက်နေ့မှာလည်း Social Punishment Shwegu လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ စာတွေကို မလိုအပ်ဘဲမထုတ်ကြောင်း၊ တိုက်ပွဲဖြစ်နိုင်တဲ့ ဧရိယာထဲရှိနေတာကြောင့် ကြိုတင်ပြင်ဆင်နိုင်ကြဖို့ စာထုတ်ထားတာဖြစ်ကြောင်း ရေးသားဖော်ပြထားပါတယ်။

June 24, 2026
ကချင်လွတ်လပ်ရေးအဖွဲ့အစည်း(KIO) ထိန်းချုပ်ရာ မိုင်ဂျာယန်မြို့မှာ ဖွင့်လှစ်သင်ကြားနေတဲ့...
Photo Credit- Original Owner
June 23, 2026
ဖားကန့်ကျောက်စိမ်းတွင်ဒေသမှာ ရေကြီးရေလျှံမှုဒဏ်နဲ့ ကြုံတွေ့နေရပြီး ရေဘေးသင့်ပြည်သူတွေအပြင်...
June 22, 2026
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ မိုးအဆက်မပြတ် ရွာသွန်းတာတွေကြောင့် ဖားကန့်မြို့ပေါ်က...
June 20, 2026
ကချင်ပြည်နယ်၊ မိုးကောင်းမြို့ထဲက နန့်ရင်းချောင်းနဲ့ နန့်ကောင်းချောင်း ရေတက်လာတဲ့အတွက်...