မွန်မှာ ရက် ၁၀၀ စီမံချက်အတွင်း လဝက ဝန်ထမ်းတွေ ငွေတောင်းမပြတ်

မွန်မှာ ရက် ၁၀၀ စီမံချက်အတွင်း လဝက ဝန်ထမ်းတွေ ငွေတောင်းမပြတ်

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်အစိုးရက ရက် ၁၀၀ လမင်းစီမံချက်အဖြစ် နိုင်ငံသားစိစစ်ရေးကတ်နဲ့ Unique ID နံပါတ် ထုတ်ပေးမှုအတွင်း လဝက ဝန်ထမ်းတွေ ငွေကြေးတောင်းယူမှုတွေ ဆက်လုပ်နေတယ်လို့ ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အာဏာသိမ်း စစ်အစိုးရဟာ ရက် ၁၀၀ ကာလအဖြစ် ဧပြီ ၂၀ ရက်နေ့ကနေ ဇူလိုင်လကုန်အထိ နိုင်ငံသားစိစစ်ရေးကတ်နဲ့ Unique ID ထုတ်ပေးရေးလုပ်ငန်းစဉ်ကို လမင်းစီမံချက်နဲ့ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

စစ်အစိုးရဘက်ကတော့ ရက် ၁၀၀ စီမံချက်အတွင်း ပြည်သူတွေ လွယ်ကူစွာ ဆောင်ရွက်နိုင်ဖို့ သက်ဆိုင်ရာရုံးတွေမှာ စနစ်တကျ ပြင်ဆင်ထားဖို့နဲ့ ငွေကြေးတောင်းယူတာတွေ မလုပ်ဖို့ ညွှန်ကြားထားတာပါ။

ဒါပေမယ့် မြေပြင်မှာတော့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန လဝက ဝန်ထမ်းတွေဟာ ပြည်သူဆီကနေ အကြောင်းပြချက် အမျိုးမျိုးနဲ့ ငွေကြေးတောင်းယူမှုတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ကိုယ်တိုင်ကြုံခဲ့ရတဲ့ ဒေသခံပြည်သူ နှစ်ဦးက မှတ်ပုံတင်နဲ့ Unique ID နံပါတ် သွားလုပ်ရာမှာ ဝန်ထမ်းတွေက စာရွက်စာတမ်း မပြည့်စုံဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ အကြိမ်ကြိမ် ပြန်ယူခိုင်းတာ၊ ဆူပူကြိမ်းမောင်းတာ၊ ရုံးအပြင်မှာ တစ်နေ့ကုန် စောင့်ခိုင်းတာတွေ လုပ်တာကြောင့် ငွေပေးပြီး ပွဲစားလက်ထဲအပ်မှ ချက်ချင်း လုပ်ပေးတယ်လို့ ပြောပါတယ်။

ရက် ၁၀၀ လမင်းစီမံချက်အတွင်း မှတ်ပုံတင်နဲ့ Unique ID နံပါတ်ပြုလုပ်ရာမှာ တစ်ဦးလျှင် အနည်းဆုံး ကျပ် သုံးသောင်းကနေ သိန်းနဲ့ချီ ပေးဆောင်နေရပြီး ဘာသာခြားတွေဆိုရင် ငွေပိုပေးရမယ်လို့ ဆိုပါတယ်။

စစ်အစိုးရဘက်ကတော့ ရက် ၁၀၀ လမင်းစီမံချက်ကာလအတွင်း မြို့နယ်ရုံးတွေရဲ့ အပြင်အဆင်၊ ပြည်သူအတွက် ဧည့်ကြိုဝန်ထမ်းထားရှိရေး၊ ပြည်သူနားနေဆောင်ထားရှိရေး၊ လုပ်ငန်းတွေ ဆောင်ရွက်ရာမှာလည်း မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်ကြဖို့ ညွှန်ကြားထားတာပါ။

မွန်ပြည်နယ် လဝက ဦးစီးမှူးရုံးကတော့ ပြည်နယ်အတွင်းရှိ လဝက ဝန်ထမ်းတွေ ငွေကြေးတောင်းခံရင် တိုင်ကြားနိုင်တယ်လို့ ကြေညာထားပြီး ငွေကြေးတောင်းခံတဲ့ လဝက ဝန်ထမ်းတွေကို လက်ရှိအချိန်ထိ အရေးယူတာ မတွေ့ရသေးပါဘူး။

ဓါတ်ပုံ – NUG
September 10, 2026
မဏ္ဍိုင်သုံးခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်...
September 9, 2026
ပြည်သူ့စစ်မှုထမ်း အပတ်စဉ်သင်တန်းအတွက် လိုအပ်သည့် တပ်သားများ ရရှိရေး ပေါ်တာဆွဲမှုများ မြင့်တက်...
ဒေသတွင်း သယ်ယူပို့ဆောင်နေသည့် ကုန်တင်မော်တော်ယာဉ်အချို့ / Social Media
September 8, 2026
မွန်ပြည်၊ ကျိုက်မရောမြို့နယ်တွင် ထိုင်းကုန်ပစ္စည်းများ တင်ဆောင်လာသည့် မော်တော်ယာဉ် အစီး ၆၀...
ဓာတ်ပုံ - MOI
September 7, 2026
တပ်ရင်းတပ်ဖွဲ့များကို ဦးဆောင်ရသည့် စစ်အရာရှိများအနေဖြင့် ကိုယ်ကျင့်တရား ဖောက်ဖျက်မှုများ...