ဖရူဆို အနောက်ဘက်ခြမ်းမှာ ၁ လအတွင်း ငှက်ဖျားဖြစ်သူ ၁၀၀ နီးပါးရှိ

ဖရူဆို အနောက်ဘက်ခြမ်းမှာ ၁ လအတွင်း ငှက်ဖျားဖြစ်သူ ၁၀၀ နီးပါးရှိ

ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းက ကျေးရွာခံနဲ့ စစ်ဘေးရှောင်တွေ နေထိုင်တဲ့နေရာတွေမှာ ပြီးခဲ့တဲ့ မေလကစတင်လို့ ဇွန်လ ၁၂ ရက်နေ့အထိ ကလေး ၊ လူကြီးအပါဝင် ငှက်ဖျားဖြစ်ပွားသူ ၁၀၀ နီးပါးရှိတယ်လို့ ကျန်းမာရေးကူညီစောင့်ရှောက်မှုပေးနေတဲ့ ဆရာမတဦးက ပြောပါတယ်။

"ငှက်ဖျားဖြစ်တာကတော့ လတိုင်းလိုလိုပါပဲ၊ မေလကနေ ဇွန်လ ၁၂ ရက်နေ့အထိကတော့ အရမ်းများလာတာပေါ့နော"လို့ ကျန်းမာရေး ဆရာမတဦးက ဆိုပါတယ်။

အခုလို ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားမှု များလာပြီး သက်ဆိုင်ရာ အဖွဲ့အစည်းကနေ ဆေးဝါးတချို့ ကူညီဆောင်ရွက်ထားတာရှိပေမယ့် လုံလောက်မှုမရှိသလို ငှက်ဖျားရောဂါ ကာကွယ်နိုင်ဖို့ ခြင်ထောင်(ဆေးစိမ်) နဲ့ ဆေးဝါးအကူအညီ လိုအပ်နေတယ်လို့ အဆိုပါ ကျန်းမာရေးဆရာမတဦးက ဆက်ပြောပါတယ်။

"အခြားဆေးဝါးတော့ အများကြီး လိုအပ်တာပေါ့၊ ငှက်ဖျားဒေသမှာ နေကြတယ်ဆိုတော့ နေ့ခင်းဘက်လည်း ခြင်လိမ်းဆေးပါလိုတာပေါ့နော၊ အရွယ်စုံဖြစ်လာပြီဆိုတော့ စိုးရိမ်ရတာပေါ့"လို့ သူက ဆိုပါတယ်။

မိုးတွင်းကာလမှာ နှစ်စဉ် ငှက်ဖျား ကူးစက်ဖြစ်ပွားလေ့ရှိပြီး ၅ နှစ်အောက် ကလေးငယ်တွေလည်း ကူးစက်ဖြစ်ပွားနေကြတယ်လို့ ပြောပါတယ်။

အဆိုပါ ဒေသခံနဲ့ စစ်ဘေးရှောင်တွေ ငှက်ဖျားဖြစ်ပွားတဲ့ နေရာဒေသမှာ လူဦးရေ ၃၀၀ ၀န်းကျင် ရှိတယ်လို့ သိရပါတယ်။

စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...
September 7, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်း အာဏာသိမ်း စစ်အုပ်စုတပ်က ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြု၍...
September 4, 2026
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်အုပ်စုတပ်၏ တိုက်ခိုက်မှုများကြောင့်...
September 3, 2026
ကရင်နီပြည်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ဒေသတို့တွင် လာမည့် စက်တင်ဘာလ ၆ ရက်နှင့် ၇...