မြစ်ဆုံရေကာတာစီမံကိန်း အလိုမရှိကြောင်း Sticker Campaign ပြုလုပ်

မြစ်ဆုံရေကာတာစီမံကိန်း အလိုမရှိကြောင်း Sticker Campaign ပြုလုပ်

မြစ်ကြီးနားမြို့‌က လူငယ်အချို့ ဦးဆောင်ပြီး မြစ်ဆုံရေကာတာစီမံကိန်း အလိုမရှိကြောင်း Sticker Campaign ကို ဇွန် ၁၃ ရက်နေ့မနက်ပိုင်း ဧရာဝတီမြစ်ကြောင်းတစ်လျှောက် နေရာအချို့မှာ ပြုလုပ်ခဲ့ကြပါတယ်။

ပါဝင်သူတွေဟာ "မြစ်ဆုံရေကာတာ စီမံကိန်း ထာဝရဖျက်သိမ်းရန်၊ မြစ်ဆုံသည် ရောင်းကုန်မဟုတ်၊ မြစ်ဆုံဆည် အလိုမရှိ၊ လွတ်လပ်စွာ စီးဆင်းပါစေ ဧရာဝတီ၊ ဧရာဝတီကို ကာကွယ်ကြပါစို့" စတဲ့ စာသားပါ စာရွက်တွေကို ဧရာဝတီမြစ်ရေစီးကြောင်းအတိုင်း မျှောချကြတာပါ။

အခုလို ရေစီးအတိုင်း မျှောရတာဟာ ဆယ်ယူရရှိသူတွေ၊ တွေ့မိ၊ မြင်မိသူတွေ အားလုံး မြစ်ဆုံစီမံကိန်းကြီးကို ဝိုင်းဝန်းကန့်ကွက်ကြဖို့အပြင် ဧရာဝတီမြစ် ထာဝရဆက်လက်စီးဆင်းဖို့နဲ့ ကာကွယ်ကြဖို့ကို ပြောပြလှုံဆော်တာဖြစ်တယ်လို့ လှုပ်ရှားမှုအတွင်း ပါဝင်ခဲ့သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။ 

"ရည်ရွယ်ချက်ကတော့ လုံးဝ အလိုမရှိကြောင်း ထုတ်ဖော်တာ။ ဒီ sticker ကို တွေ့မြင်သူတိုင်း အားလုံး ဧရာဝတီမြစ်ကို ဝိုင်းဝန်းကာကွယ်ကြဖို့ ပြည်သူလူထုကို ပြောပြခြင်းဖြစ်တယ်။"လို့ ဆိုပါတယ်။ 

လက်ရှိအချိန် စစ်အုပ်စုဟာ မြစ်ဆုံစီမံကိန်း ပြန်လည်အကောင်ထည်ဖော်ရေး လူထုတွေ့ဆုံမှု အကြိမ် ၂၀ ထက်မနည်း ပြုလုပ်ပြီးပြီဖြစ်ပြီး ပြန်လည်တည်ဆောက်ရေး ဟောပြောမှုတွေဟာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တင်မကဘဲ ပူတာအို၊ တနိုင်း၊ မိုးညှင်းမြို့တွေအထိ ရှိနေပါတယ်။ 

စစ်အုပ်စုက ဖွဲ့စည်းပေးထားတဲ့ ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်တွေဖြစ်ကြတဲ့ ဦးထွန်းထွန်းလှိုင်၊ ဦးနော်ထွဲ၊ ဦးမုန်ရိန်နော်၊ ဦးဂျန်ခုန့် (ခ) ဦးနော်ခုန့်တို့ကနေ ရေအားလျှပ်စစ်နဲ့ ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေကို ရှင်းလင်းတယ်ဆိုပြီး ကချင်တစ်ပြည်နယ်လုံးကို လှည့်ပတ်မဲဆွယ်နေတာပါ။ 

တစ်ဖက်မှာလည်း မြစ်ဆုံဆည်စီမံကိန်းကြီး ကန့်ကွက်သူတွေ ရှိနေတဲ့အပြင် ဒီစီမံကိန်းကြီး အလိုမရှိကြောင်း ပုံစံအမျိုးမျိုးနဲ့ ဆန္ဒထုတ်ဖော်သူတွေလည်း ရှိနေပါတယ်။

Most read this week

September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...
August 27, 2026
ကချင်ပြည်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ ကန်အနောက်ကမ်း ကျေးရွာများဘက်တွင် ငှက်ဖျားရောဂါ...