မြစ်ကြီးနားမြို့သို့ စစ်ဘေးရှောင်ဝင်ရောက်မှုရှိ

မြစ်ကြီးနားမြို့သို့ စစ်ဘေးရှောင်ဝင်ရောက်မှုရှိ

ရွှေကူမြို့နဲ့ဆက်သွယ်ထားတဲ့ လမ်းပိုင်းတွေကို KIA က ရက်အကန့်အသတ်မရှိ ပိတ်ပင်ပြီး ဒေသခံများ ထွက်ခွာဖို့ သတိပေးစာထုတ်ပြန်ခဲ့ပြီးနောက် မြစ်ကြီးနားမြို့သို့ စစ်ဘေးတိမ်းရှောင်လာသူများ ရှိနေကြောင်း ဒေသခံတွေဆီကနေ သိရပါတယ်။

“ရွှေကူက အသံတွေကြားနေတယ်။ လောလောဆယ်အိမ်ထောင်စုတစ်ဦးတော့ရောက်ခဲ့ပြီ မိသားစုလေးယောက်ရောက်ခဲ့တယ်။ သူတို့အသံကြားတာနဲ့ လန့်လို့ပြေးလာကြတာ ဒီနေ့ရောက်ခဲ့တာ” လို့ မြစ်ကြီးနားမြို့က စစ်ရှောင်စခန်းမှာနေထိုင်သူ တစ်ဦးကပြောပါတယ်။

လမ်းပိုင်းပိတ်တဲ့ ထုတ်ပြန်ချက်ကို ဇွန် (၈ )ရက်နေ့မှာထုတ်ခဲ့တာဖြစ်ပြီး တော်လှန်-လမ်းကူး-စီသာ-မိုးကင့်- စီဖွား စတဲ့လမ်းပိုင်းတွေကိုသာအသုံးပြုကြဖို့နဲ့ ပိတ်ထားတဲ့လမ်းပိုင်းကိုသုံးပါက နောက်ဆက်တွဲဖြစ်ပေါ်လာမဲ့ ပြဿနာများကို သူတို့ဘက်က လုံးဝ တာဝန်ယူမှာမဟုတ်ဘူးလို့ သတိပေးကြောင်း စာထဲပါရှိပါတယ်။

အလားတူ ရွှေကူမြို့အတွင်းမှ ထွက်ခွာတိမ်းရှောင်ခြင်းမရှိဘဲ မြို့အတွင်းမှာနေထိုင်နေတဲ့ ဒေသခံများကိုလည်း နောက်ဆက်တွဲဖြစ်ပေါ်လာမယ့်ပြဿနာများကို လုံးဝ တာဝန်ယူမှာမဟုတ်ကြောင်းလည်း ပြောထားပါတယ်။

အခုလိုမြို့ထဲကနေ ထွက်ခွာဖို့ သတိပေးစာနဲ့ပတ်သက်ပြီး ဒေသခံတွေအကြား မြို့ပျက်စီးမယ့်အရေး ဝေဖန်မှုတွေမြင့်တက်နေသလို စိိုးရိမ်မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း ၊ မဘိမ်းမြို့နယ်ထဲက ငါးအိုးရွာကနေ ကချင်ပြည်နယ်၊ ရွှေကူမြို့ကို ဦးတည်လာတဲ့ စစ်ကြောင်းနဲ့ KIA+PDF ပူးပေါင်းတပ်တို့ ငါးအိုး-ရွှေကူလမ်းမကြီးမှာ အခုရက်ပိုင်း တိုက်ပွဲပြင်းထန်နေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်တပ်က KIA ထိန်းချုပ်ထားတဲ့ ဗန်းမော်ဘက်ခြမ်းကနယ်မြေတွေကို ပြန်သိမ်းနိုင်ဖို့ စစ်အင်အားတွေဖြည့်တင်းပြီး ပြင်ဆင်နေတယ်လို့ ဒေသခံတွေအကြား ပြောဆိုမှုတွေရှိနေတာလည်းဖြစ်ပါတယ်။

စစ်တပ်ဘက်ကနေလည်း ၎င်းတို့ထိန်းချုပ်ထားနိုင်တဲ့ ရွှေကူမြို့ပေါ်နဲ့ အနီးတစ်ဝိုက်ကဒေသတွေကို စစ်အုပ်ချုပ်ရေးအရေးပေါ် အခြေအနေ ကြေညာထားတာလည်းဖြစ်ပါတယ်။

Most read this week

ဓာတ်ပုံ - (တောင်ကြီးမြို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအပြီးတွင် RCSS/SSA မှ စဝ်အောင်မောင်းနှင့် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းတို့ တွေ့ဆုံစဉ်။ / Crd)
August 31, 2026
ရှမ်းပြည် တော်လှန်ရေးအတွင်း ပါဝင်ခဲ့သည့် ရှမ်းနီ တိုင်းရင်းသား အများအပြား ရှိခဲ့ဖူးပြီး...
ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...