ပုလောနဲ့လောင်းလုံးမှာ မိုင်းထိလို့ အရပ်သား လေးဦး ဒဏ်ရာရ

ပုလောနဲ့လောင်းလုံးမှာ မိုင်းထိလို့ အရပ်သား လေးဦး ဒဏ်ရာရ

တနင်္သာရီတိုင်း ပုလောမြို့နယ်နဲ့လောင်းလုံးမြို့နယ်တို့မှာ တစ်ရက်တည်း မြေမြှုပ်မိုင်း ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူ လေးဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၄ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ ပုလောမြို့နယ် မှော်မိကျေးရွာနေ အသက် ၃၈ နှစ်အရွယ် ဒေါ်ခိုင်ဇင်နွယ်နဲ့ သားဖြစ်သူ အသက် ၁၂ အရွယ် မောင်စွမ်းထက်အောင်တို့ဟာ ကျေးရွာအနီး တောထဲမှာ ဟင်းရွက်ခူးသွားစဉ် မိုင်းထိသွားတာ ဖြစ်ပါတယ်။

အဲဒီနေ့ ညနေ ၅ နာရီအချိန်ခန့်မှာလည်း လောင်းလုံးမြို့နယ် ပဉ္စသီမော်ကျေးရွာနေ အသက် ၅၇ နှစ်အရွယ် ဒေါ်သက်သက်စန်းနဲ့ သမီးဖြစ်သူ အသက် ၂၈ နှစ်အရွယ် မနွေလှိုင်းဧကရီဦးတို့ဟာ ထားဝယ်ကနေ လောင်းလုံးဘက်ကို ဆိုင်ကယ်နဲ့ပြန်လာချိန် မြေမြှုပ်မိုင်းပေါက်ကွဲမှုနဲ့ ကြုံနေရပါတယ်။

မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် အဲဒီဒေသခံ လေးဦးဟာ ခြေထောက်၊ လက်နဲ့ ခန္ဓကိုယ်တွေမှာ မိုင်းစမှန်ဒဏ်ရာရရှိခဲ့ပြီး ပုလောပြည်သူ့ဆေးရုံနဲ့ထားဝယ်ပြည်သူ့ဆေးရုံတို့မှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကော်မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက တစ်စုံတစ်ရာ အသိပေးထုတ်ပြန်တာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ မတ် ၂၄ ရက်နေ့ကလည်း ပုလောမြို့နယ် မီးလောင်ချောင်းကျေးရွာအနီးမှာ မြေမြှုပ်မိုင်း နင်းမိပေါက်ကွဲမှုကြောင့် အမျိုးသား တစ်ဦး ခြေထောက်တစ်ဖက် ပြတ်တောက်ဒဏ်ရာရရှိခဲ့ပါတယ်။

Most read this week

ဓာတ်ပုံ - Social Media
September 5, 2026
နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်၊ မြဝတီမြို့နယ်၊...
ဓာတ်ပုံ - MOI
September 4, 2026
ပြည်သူ့စစ်မှုထမ်းအဖြစ် သတ်မှတ်ကာလ ၂ နှစ် တာဝန်ထမ်းဆောင်ပြီးသည့်သူများကို အလုပ်အကိုင် ရရှိရေး...
September 3, 2026
မွန်ပြည်၏ မြို့တော် မော်လမြိုင်မြို့တွင် အများပြည်သူ အသုံးပြုနေသည့် လမ်းပိုင်းအများစု...
September 3, 2026
စစ်အုပ်စုခေါင်းဆောင်၊ ကိုယ်တိုင်ခန့် သမ္မတနှင့် တပ်ချုပ်သစ်တို့၏ ထိုင်းခရီးစဉ်အပြီး လက်နက်ခဲယမ်း...