အိန္ဒိယ-မြန်မာနယ်စပ်ရှိ သနန်ရွာရှမ်းနီစစ်ရှောင်များ ဟုမ္မလင်းဘက်သို့ ရွှေ့ပြောင်း

အိန္ဒိယ-မြန်မာနယ်စပ်ရှိ သနန်ရွာရှမ်းနီစစ်ရှောင်များ ဟုမ္မလင်းဘက်သို့ ရွှေ့ပြောင်း
စစ်ဘေးရှောင်များကို ဒေသခံအဖွဲ့များမှ သွားရောက်ကူညီနေကြစဉ်/ ပေးပို့
စစ်ဘေးရှောင်များကို ဒေသခံအဖွဲ့များမှ သွားရောက်ကူညီနေကြစဉ်/ ပေးပို့

အိန္ဒိယနိုင်ငံနယ်စပ်အနီးက အလှော်ကျေးရွာအနီးမှာ  သနန်ကျေးရွာက ဒေသခံတွေဟာ စစ်ဘေးရှောင်နေထိုင်နေရပြီး မီးရှို့ခံရမှုကြောင့် ဟုမ္မလင်းမြို့နယ်ကို စစ်ဘေးထပ်မံရှောင်တိမ်းလာရတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေထံကနေ သိရပါတယ်။ 

စစ်ရှောင်တွေဟာ မေလကုန်ပိုင်းမှာ အိန္ဒိယ နယ်စပ်ကနေ မြန်မာနိုင်ငံ နာဂဒေသဘက်ကို စစ်ရှောင်ပြီး အဲ့ဒီမှတဆင့် ဟုမ္မလင်းမြို့နယ်ဘက်ကို ထပ်မံရွေ့ပြောင်းလာရခြင်းဖြစ်တယ်လို့ စစ်ရှောင်ကူညီနေသူတစ်ဦးက ပြောပါတယ်။ 

“ အလှော်ကျေးရွာအနီးရှိစစ်ရှောင်စခန်း ( PDF နဲ့ ကူးကီးတပ်က မီးရှို့) နေရာကနေ လေရှီး၊ လေရှီးကနေ ဟုမ္မလင်းကိုရောက်လာကြတာ၊ လေရှီးကနေ ဟမလ(ဟုမ္မလင်း)  အထိက ကားခကိုတော့ နာဂစာပေယဉ်ကျေးမှုကနေ အကူအညီပေးခဲ့တာ ဒီရောက်တဲ့အထိ” လို့ သွားရောက်ကူညီပေးသူတစ်ဦးကပြောပါတယ်။ 

ဇွန်လ ၄ ရက်နေ့အထိ ဟုမ္မလင်းမြို့ နောင်မခန်ရွာကို ရောက်ရှိလာတဲ့ မိသားစု ၃ လူဦးရေအရ ၁၀ ဦးရှိပြီး သူတို့တွေကို ဆန် ၊ဆီ နဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေကို  ရှမ်းနီလူငယ်ကွန်ယက်နှင့်မြို့မ စစ်ဘေးရှောင် ကူညီရေးအဖွဲ့တွေက ထောက်ပံ့ကူညီပေးနေတယ်လို့သိရပါတယ်။ 

လတ်တလော ရောက်လာသူအပြီးမှ စစ်ဘေးရှောင်တချို့ထပ်မံရောက်ရှိဖို့လည်း ရှိနေသေးကြောင်း စုံစမ်းသိရှိရပါတယ်။ 

အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်အတွင်းတိုက်ပွဲများကြောင့် မဏိပူရ်ပြည်နယ်အတွင်း ထွက်ပြေးတိမ်းရှောင်သူတွေထဲ ရှမ်းနီတိုင်းရင်းသား တစ်ထောင်ကျော်ရှိတယ်လို့ International Tai Meitei (Kassay) Association ( နိုင်ငံတကာ တိုင်းမီတဲ(ကသည်း) အရပ်အဘက်အဖွဲ့အစည်း_အိန္ဒိယ) က ၂၀၂၃ ခုနှစ်မှာ သတင်းထုတ်ပြန်ထားပါတယ်။ 

စစ်ဘေးရှောင်တွေက အောင်ဇေယျ မှ  ၅၈၁ ဦး၊  သနန်ကျေးရွာ မှ ၂၅၈ ဦး ၊ စိုးသာယာကျေးရွာမှ ၂၂၇ ဦး ရှိပြီး စုစုပေါင်း ၁၀၆၆ ဦးရှိကြောင်း ဆိုပါတယ်။

ရှမ်းနီအသံ (ဟုမ္မလင်းမြို့နယ်၊ နမ့်တောဒေသတွင် ရေကြီးနေသည့်ပုံရိပ်များ)
August 5, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းပြီး...
တကောင်းနီကယ်စက်ရုံ အတွင်းပိုင်းကို တွေ့ရစဉ်။
August 3, 2026
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ထီးချိုင့်မြို့နယ်၊ မောင်းကုန်းကျေးရွာတွင် တည်ရှိသည့်...
July 27, 2026
ကချင်ပြည်၊ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအနီးရှိ တရုတ်နယ်စပ် ကုန်သွယ်စစ်ဆေးရေးစခန်းကို...
July 24, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့ပေါ်သို့ နေရပ်ပြန်လည်ဝင်ရောက် နေထိုင်ကြသည့် ဒေသခံများမှာ...