နိုင်ငံတစ်ဝှမ်း စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄၄ ဦး သေဆုံး

နိုင်ငံတစ်ဝှမ်း စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၄၄ ဦး သေဆုံး

ပြီးခဲ့တဲ့ ဧပြီတစ်လတာအတွင်း နိုင်ငံတဝှမ်းမှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုကြောင့် အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၈ ဦးအပါ အမျိုးသမီး ၄၄ ဦး သေဆုံးခဲ့ရတယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ မှတ်တမ်းအရသိရပါတယ်။ 

မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ မှတ်တမ်းအရ ၂ဝ၂၆ ခုနှစ်၊  ဧပြီလ ၁ ရက်နေ့ကနေ  ၃ဝ ရက်နေ့ အတွင်း နိုင်ငံတဝှမ်းက အမျိုးသမီး ၄၄ ဦး သေဆုံးခဲ့ရသလို ၅၇ ဦး ထိခိုက် ဒဏ်ရာရှိခဲ့တယ်လို့ဆိုပါတယ်။ 

သေဆုံးသူတွေထဲ အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၈ ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးပါဝင်သလို ထိခိုက်ဒဏ်ရာရှိသူတွေထဲမှာလည်း မသန်စွမ်းအမျိုးသမီးတစ်ဦး ပါဝင်ပါတယ်။ 

စစ်အုပ်စုရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၃၆ ဦး၊ မတရား သတ်ဖြတ်ခံရမှုကြောင့် ၄  ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၂ ဦးနဲ့ ကျည်ထိမှန်မှုကြောင့် ၂ ဦး တို့ဖြစ်ပြီး ဒီအကြောင်းရင်းတွေကြောင့် သေဆုံးခဲ့ရတာလို့ဆိုပါတယ်။  

ဒါ့အပြင်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အကြောင်းအရင်းဟာလည်း စစ်အုပ်စုရဲ့ လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ၄၅ ဦး၊ လက်နက်ကြီး ပစ်ခတ်ခံရမှုကြောင့် ၆ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၅ ဦးနဲ့ ကျည်ထိမှန်မှုကြောင့် ၁ ဦး တို့ ဖြစ်တယ်လို့သိရပါတယ်။ 

အမျိုးသမီးသေဆုံးမှု အရေအတွက်ကို တိုင်းနဲ့ပြည်နယ်အလိုက်ကြည့်မယ်ဆိုရင် မန္တလေးတိုင်း ဟာ  ၁၁ ဦးနဲ့ သေဆုံးသူအများဆုံးဖြစ်ပြီး  စစ်ကိုင်တိုင်းမှာ ၈ ဦး၊ ကရင်ပြည်နယ်မှာ ၆ ဦး၊ ပဲခူးတိုင်းနဲ့ ရခိုင်ပြည်နယ်မှာ ၄ ဦးစီ ၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ၃ ဦးစီ၊ မကွေးတိုင်းနဲ့ ကရင်နီပြည်နယ်မှာ ၂ ဦးစီ၊  တနင်္သာရီတိုင်းမှာ ၁ ဦးတို့ဖြစ်ကြောင်း သိရပါတယ်။ 

ဒီအချက်အလက်တွေဟာ တိကျခိုင်လုံတဲ့ သတင်းမီဒီယာတွေရဲ့ သတင်းအချက်အလက်တွေကို စောင့်ကြည့်တာအပြင် မြေပြင်က အချက်အလက် ကောက်ယူထားမှုတွေကို ပြန်လည် စုစည်းတင်ပြထားတာဖြစ်ပြီး တစ်ဖက်မှာလည်း မြေပြင်ခြေအနေတွေကို လက်လှမ်းမှီဖို့ အခက်ခဲများစွာရှိတာကြောင့် ကိန်းဂဏန်းတွေဟာ ပိုများနိုင်တယ်လို့လည်း ပြောဆိုထားပါတယ်။ 

စစ်အုပ်စုဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်သော ရာဇဝတ်မှုတွေ အပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နည်းမျိုးစုံ ဆက်လက် ကျူး လွန်နေပြီး အမျိုးသမီးတွေရဲ့နေ့စဉ်ဘဝမှာ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေး ချိုးဖောက်မှု ပုံစံတွေကြောင့် အသက်ဆုံးရှုံးနေရတယ်လို့ BWU က ပြောဆိုထားပါတယ်။

စက်တင်ဘာလ ၂ ရက်က စစ်အုပ်စု၏ စစ်သင်္ဘောပေါ်မှ ပါရှိသူများ လက်နက်ချနေစဉ်
September 9, 2026
ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုတပ်၏ စစ်သင်္ဘောပေါ်မှ ဖမ်းဆီးရမိ...
September 2, 2026
ယနေ့ စက်တင်ဘာလ ၂ ရက် နံနက် ၆ နာရီဝန်းကျင်မှ နေ့လယ်ပိုင်းအထိ ရွှေကူနှင့် ဗန်းမော်မြို့နယ်ကြား...
ဓာတ်ပုံ - (Banmaw Scout Team)
September 1, 2026
ကချင်ပြည်၊ ရွှေကူအထက် မြစ်ကျဉ်းမရောက်မီ ဇင်းဘုံကျေးရွာအနီး စစ်အုပ်စုတပ် လုံခြုံရေးယူ စခန်းချနေ...
ဓာတ်ပုံ - WFP
August 28, 2026
မြန်မာနိုင်ငံမှ လူများအတွက်မူ အသင့်စား ခေါက်ဆွဲခြောက်သည် အာသာပြေ စားရန် သို့မဟုတ် ထမင်းဟင်း...